ရေတံခွန်မှာ ဓာတ်ပုံရိုက်ရင်း ခြေချော်ပြုတ်ကျမှု နှစ်ဦးလုံး သေဆုံးသွားရှာပြီ.. ရုပ်သံထွက်ပေါ်လာ
တောနော်ရေတံခွန် အထက်ပိုင်း အမြင့်ပေ(200)ခန့် မှပြုတ်ကျ၍ အသက်(19)နှစ်အရွယ် မိန်းခလေး (2)ဦး သေဆုံးခြင်း သတင်းအပြည့်အစုံ ထိုင်း.မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးအနီးမှ ကော့ကရိတ်မြို့ဘက်ခြမ်းရှိ တောနော်ရေတံခွန်တွင် ယနေ့(27-1-2019)ရက်နေ့ နံနက် (11:30)အချိန်ခန့်က အသက်(၁၉)နှစ် အရွယ် မိန်းခလေး(2) ဦး တောနော်ရေတံခွန်အထက်ပိုင်း အမြင့်ပေ (200)ခန့် မှ အောက်သို့ ပြုတ်ကျရာ (1)ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ကျန် (1)ဦးကို မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ…2019 ဇန်နဝါရီ 27ရက်နေ့ နံနက်(11:10) အချိန်ခန့်က မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ပရိုဘောက်ယာဉ် အမှတ်.GG××××အဖြူရောင်ယာဉ်ဖြင့် တောနော်ရေတံခွန်တွင် ရေကူးရန်ထွက်လာသော မစုမြတ်ဝေ(19)နှစ် ဖလူးကျေးရွာ မြဝတီမြို့နယ်နေသူ နှင့် မမျိုးနန္ဒာကျော်(19)နှစ်ရွာမကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းဒေသကြီး နေသူတို့သည် သူငယ်ချင်း(8)ဦးတို့နှင့်အတူ...