နှလုံးရောဂါမဖြစ်ခင် ၁လအလိုမှာ သင့်ခန္ဒာကိုယ်က အချက်ပြလေ့ရှိတဲ့ လက္ခဏာ ၈မျိုး
ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတာ ကြားဖူးကြပါတယ်။ယခုအခါမှာ လူတွေကိုခြောက်လှန့်နေတဲ့ရောဂါများမှာ အပါအ၀င်ဖြစ်တဲ့ နှလုံးရောဂါမဖြစ်ပေါ်မီ ကြိုတင်ပြသတတ်တဲ့ လက္ခဏာများကို သိရှိပြီး ကာကွယ်ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။(1)နွမ်းနယ်ခြင်း၊နုံးချိခြင်း အမျိုးသမီးများမှာ ပိုမိုဖြစ်လေ့ရှိပြီး ၇၀ရာနှုန်းလောက်တွေ့ရတတ်ပါတယ်။ သာမာန် ကိုယ်ခန္ဒာနွမ်းနယ်ခြင်းတို့ဟာ ညအိပ်ရာဝင်လို့ အနားယူသောအခါ ပြေပျောက်ပေမယ့် နှလုံးရောဂါကြောင့် နွမ်းနယ်ခြင်းကတော့ ညအိပ်ရာဝင်လေပိုဆိုးလေ ဖြစ်ပါတယ်။ သာမန် အိမ်မှုကိစ္စများ ပြုလုပ်လျှင်တောင်မှ မောပန်းနွမ်းနယ်နေတယ်ဆိုပါက ဆေးကုသမှုခံယူသင့်ပါတယ်။(2)ဗိုက်နာခြင်း50ရာနှုန်းသော နှလုံးရောဂါများမှာ တွေ့ရပါတယ်။ ဗိုက်မအီမသာဖြစ်ခြင်း,အစာမကြေခြင်း,ဗိုက်ပြည့်နေတယ်ခံစားရခြင်းစတာတွေအပြင် ပျို့အန်ခြင်းကိုပါခံစားရတတ်ပါတယ်။ ဗိုက်နာခြင်းဟာ ကိုယ်လက်လှူပ်ရှားမှုပြုလုပ်သောအခါ ပိုဆိုးတတ်ပါတယ်။(3)ညအိပ်မပျော်ခြင်း ၅၀ရာနှုန်းမှာ တွေ့ရပါတယ်။ညအိပ်မပျော်ခြင်းဆိုရာတွင် အိပ်ဖို့အစပျိုးမှုခက်ခဲခြင်း,မကြာခဏနိုးခြင်း,အစောကြီးနိုးခြင်းတို့အပြင် စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့ပါဝင်ပါတယ်။(4)အသက်ရှူမ၀ခြင်း မောခြင်း၊အသက်ရှုမ၀ခြင်းတို့ဟာ နှလူံးရောဂါမတိုင်မီ ၆လအလိုကတည်းက ဖြစ်ပေါ်တတ်ပါတယ်။ အဓိက ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ အသက်ရှူမ၀ခြင်း,မူးဝေခြင်း,မောခြင်းစသည်တို့ ခံစားရပါက ချက်ချင်းဆရာဝန်ထံပြသသင့်ပါတယ်။(5)ဆံပင်ကျွတ်ခြင်း အသက်၅၀အထက်အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းဟာ ကော်တီဇော်လ် ဟိုမုန်းများခြင်းနှင့်ဆက်စပ်နေပါတယ်။သင်ဟာယခင်ကထက် ပိုထိပ်ပြောင်လာပါက သတိထားသင့်ပါတယ်။(6)ရင်တလှပ်လှပ်တုန်ခြင်း ရင်တုန်ခြင်း,စိုးရိမ်မှုလွန်ကဲခြင်း,အလန့်တကြားဖြစ်ခြင်းစတာတွေ မကြာခဏဖြစ်နေမယ်ဆိုပါက မပေါ့ဆပဲ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ရင်တုန်နေစဉ်...