Category: ပြည်တွင်းသတင်း

ကျန်းမာရေးကြောင့် ကိုယ်တိုင်မဲမပေးနိုင်တဲ့ အသက် (၆၀) ကျော် သက်ကြီးရွယ်အိုများ နေအိမ်တွင်ကြိုတင်မဲပေးနိုင်ရန် UEC စီစဉ်

ရွေးကောက်ပွဲနေ့မှာ မဲရုံကို ကိုယ်တိုင်လာရောက်မဲမပေးနိုင်တဲ့ အသပ် (၆၀)ကျော်ာ သက်ကြီးရွယ်အိုတွေအတွက် ကြိုတင်မဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စီစဉ်ပေးမယ်လို့ UEC က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ရေး အဆင့် (A) ရတဲ့ CMP စက်ရုံများနဲ့ SME လုပ်ငန်းများ မနက်ဖြန် ပြန်ဖွင့်ခွင့်ရမည်

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အဆင့် (A) ရအောင် ပြင်ဆင်ထားတဲ့ (CMP) စက်ရုံ၊ အလုပ်ရုံတွေ၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို အောက်တိုဘာ (၁၂) ရက်နေ့ကစပြီး ပြန်လည်လုပ်ကိုင်နိုင်ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အိန္ဒိယကမှာယူနေတဲ့ ကိုဗစ်ဆေးကို ဘတ်ဂျတ်အကန့်အသတ်မရှိ ဆက်လက်ဝယ်ယူမည်

မြန်မာနိုင်ငံအတွင်းက ပြင်းထန်ကိုဗစ်လူနာတွေအတွက် အသုံးပြုနေတဲ့ ကိုဗစ်ဆေးကို ထပ်မံဝယ်ယူဖို့ အစိုးရအနေနဲ့ ဘတ်ဂျက်အကန့်အသတ်မရှိအသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ လူနာသစ် ၁၄၆၁ ဦးတွင် ရန်ကုန်တိုင်းက ၁၂၀၇ ဦးပါဝင်

မနေ့က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၄၆၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၂၀၇ ယောက်ပါပြီး မြောက်ဥက္ကလာပမြို့နယ်က ၁၅၅ ယောက်တွေ့လို့ အများဆုံးဖြစ်ပါတယ်။

နွားထိုးကြီးမြို့တွင် NLD ပါတီဝန်းရံပြည်သူတစ်သိန်းခန့် ကား၊ဆိုင်ကယ်များဖြင့် လှည့်လည်အင်အားပြ

မန္တလေးတိုင်းဒေသကြီး ၊ နွားထိုးကြီးမြို့နယ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအောင်နိုင်ရေးအတွက် မြို့ပေါ်နှင့်ကျေးရွာများရှိပြည်သူတစ်သိန်းခန့်ကကား၊ဆိုင်ကယ်များဖြင့်ယနေ့နံနက်ပိုင်းတွင်မြို့တွင်းနှင့်လမ်းမကြီးတစ်လျှောက်လှည့်လည်ခဲ့ကြကြောင်းဒေသခံဝန်းရံပြည်သူတစ်ဦးကပြည်မြန်မာကိုပြောသည်။

အမေရိကန်သမ္မတအတွက် အသုံးပြုနေသည့်ဆေးကို ပြည်သူများအတွက်အသုံးပြုနေဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

အမေရိကန်သမ္မတအတွက် အသုံးပြုနေသည့် ဆေးကိုပင် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အသုံးပြုနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာလ ၉ ရက် ည ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွှန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝူဟန်မြို့တွင် ယာယီဆေးရုံအဖြစ်အသုံးပြုခဲ့သည့်အားကစားရုံကြီးကို ပြန်လည်ဖွင့်လှစ်

ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါဒဏ်ကိုခံစားနေရဆဲဖြစ်ပေမယ့် တရုတ်ကွန်မြူနစ်ပါတီအာဏာပိုင်တွေကတော့ ပုံမှန်အတိုင်းပြန်ဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် အောင်ပွဲခံနေကြပြီဖြစ်ပါတယ်။

အိမ်တွင်နေရန် သတ်မှတ်ထားသည့် မြို့နယ်များမှ အသက် (၆၀) ကျော် မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်ချ မှတ်ထားသည့် မြို့နယ်များမှ အ သက် (၆၀) ကျော်မဲပေးခွင့်ရှိသူ များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်လုပ် ဆောင်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် ပြောသည်။

မိသားစုဝင်များတွင် သွေးနှောမပါဟုပြော၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမဲဆွယ်

မိသားစုဝင်များ မှာ စီးပွားရေးသောင်းကျန်းပြီး အ ခွင့်အရေးများကို မတရားယူထား သူများ ဟုတ်၊မဟုတ်နှင့် နိုင်ငံခြား သွေးနှောမပါသည်ကို အာမခံ၍ မေးမြန်းစုံစမ်းနိုင်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အောက်တိုဘာ ၉ရက်က မဲဆွယ် စည်းရုံးစဉ်ပြောကြားသည်။

ကိုဗစ်လူနာတွေအတွက် ဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်သွားမည်

ဆေးရုံတိုင်းမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်လူနာတွေထဲက ရောဂါပြင်းထန်တဲ့သူတွေရှိနေတာကြောင့် ဆေးရုံတွေမှာ အောက်ဆီဂျင် ပိုက်လိုင်းတွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။