Category: ပြည်တွင်းသတင်း

ရန်ကုန်တိုင်း မြို့နယ် ၄၄ မြို့နယ်နေ ပြည်သူများအား ခရီးသွားလာခွင့် တားမြစ်

ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို တိုင်းပြင်ပ ခရီးသွားလာခွင့်တားမြစ်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရန်ကုန်တစ်တိုင်းလုံးမှာ Stay Home ကြေညာထားတဲ့မြို့နယ် (၂၈)မြို့နယ်အထိရှိလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၂၁) ခုကို Stay at Home မြို့နယ်တွေအဖြစ်သတ်မှတ်ကြေညာလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လေးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆ ဦး သေဆုံး၊ ရောဂါအခံမရှိသူတစ်ဦးပါဝင်

ဒီကနေ့မနက် ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ် အတည်ပြုလူနာ နှစ်ဦးထပ်မံသေဆုံးတယ်လို့ သိရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်လူနာများ သေဆုံးမှုမြင့်တက်နေရာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၄ရက်အတွင်းမှာ လူနာ ၆ ဦး သေဆုံးခဲ့တာ တွေ့ရပါတယ်

ရခိုင်ကနေပြန်လာပြီး မဆက်သွယ်သူတွေကို စက်တင်ဘာ ၁၁ ရက်နောက်ပိုင်းမှာ စတင် အရေးယူမည်

ရခိုင်ပြည်နယ်ကနေ ပြန်လာပြီး သတင်းလည်းမပို့ ၊ ဆက်သွယ်ခြင်းလည်း မရှိတဲ့သူတွေကို စက်တင်ဘာ (၁၁) ရက်နောက်ပိုင်းကစပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

သမ္မတရုံးအရာရှိ ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

သမ္မတအိမ်တော် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ သမ္မတရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာမြတ်ဝဏ္ဏစိုးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အစီအစဉ်မရှိသေးဟု ကော်မရှင်ပြော

ကိုဗစ်-၁၉ လူနာတွေ တနေ့ထက်တနေ့ ပိုများပြားလာပေမယ့် ရွေးကောက်ပွဲကိုတော့ ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်ဟု ဦးဇော်ဌေး ပြော

သမ္မတရုံးက လက်ထောက်ညွှန်ကြားရေးမှူး အရာရှိတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့တာကြောင့် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့ ဆက်စပ်သူအားလုံးကို မနေ့ကနဲ့ ဒီနေ့ စစ်ဆေးတာမှာ အားလုံး Negative ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာမှတဆင့် မဲဆွယ်ဟောပြောမည်မဟုတ်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပြော

မဲဆွယ်ဟောပြောခွင့်အတွက်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်လို့ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေတဆင့် ဟောပြောမဲဆွယ်တာ မလုပ်တော့ဘူးလို့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP) က ပြောပါတယ်။

ကိုဗစ်-၁၉ လူနာ ၂ ဦး သေဆုံး၊ လူနာသစ် အယောက် ၁၂၀ ထပ်မံတွေ့ရှိ

ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရောဂါအခံရှိသူ ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ပိုးတွေ့လူနာသစ် အယောက် ၁၂၀ ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၉ ဦးအနက် ရန်ကုန်က ထက်ဝက်ကျော်ပါဝင်

မြန်မာနိုင်ငံမှာ သြဂုတ် ၁၆ ရက်ကစလို့ ကိုဗစ်-၁၉ ကပ်ရောဂါဒုတိယလှိုင်း ပြန်လည်စတင်လာပြီးနောက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရောဂါကူးစက်ခံ လူနာရှိတဲ့ မြို့နယ်တွေ ထပ်တိုးလာပါတယ်။