Category: ပြည်တွင်းသတင်း

ရန်ကုန်တွင် Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ရန် စာရင်းကောက်နေ

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ရောဂါအဖြစ်များတဲ့ ရပ်ကွက်တွေမှာသာ ကွက်ပြီး Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ စာရင်းကောက်ယူမှုတွေလုပ်နေတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

Stay at home အစီအစဉ်နဲ့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို ဒီဇင်ဘာ ၁၅ ရက်အထိ တိုးမြှင့်

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သတ်မှတ်ထားတဲ့ကိုဗစ်စည်းကမ်းချက်တွေထဲက ဖြေလျော့ပေးထားတဲ့ကိစ္စရပ်တွေကလွဲပြီး ကျန်စည်းကမ်းသတ်မှတ်ချက်တွေကို ဒီဇင်ဘာလ (၁၅)ရက်နေ့ထိထပ်မံတိုးမြှင့်လိုက်ကြောင်း ဒီကနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရွှေတိဂုံဘုရားပြန်ဖွင့်ချိန်မှာ အချိန်ကန့်သတ်ပြီး လာရောက်သူတွေကို မှတ်တမ်းရယူရန် စီစဉ်နေ

ကန့်သတ်မှုတွေဖြေလျှော့ချိန်မှာ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်ခွင့်ပြုရင်လည်း အရင်လို ဘုရားပေါ်မှာ တစ်နေကုန်နေခွင့်ရရှိမှာမဟုတ်ဘဲ လူအကန့်အသတ်နဲ့ ဖူးမြော်ခွင့်ပေးမှာဖြစ်လို့ နောက်လူတွေ ရင်ပြင်ပေါ်ကို တက်ရောက်နိုင်ဖို့အတွက် အချိန်အကန့်အသတ်နဲ့သာခွင့်ပြုမယ်လို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။

ရန်ကုန်တိုင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၁၀၀ ခန့် ပြန်ဖွင့်ခွင့်ရ

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပိတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေထဲက ၂၁၀၀ လောက် ဒီနေ့ ပြန်ဖွင့်ခွင့်ရပါတယ်။

ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးဌာနတစ်ခု သုဝဏ္ဏ အားကစားကွင်း၌ ဖွင့်လှစ်မည်

ရန်ကုန်မြို့ရှိ ပြည်သူလူထုတွေ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းစတဲ့ ကိုဗစ်-၁၉ လက္ခဏာတွေ ခံစားရပါကလာရောက်ပြသဖို့နဲ့ COVID-19 Rapid Diagnostic Test(RDT)နဲ့ စစ်ဆေးပေးနိုင်ဖို့ Testing Centre တစ်ခုကို သုဝဏ္ဏအားကစားကွင်းမှာ ဖွင့်လှစ်မယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက ကြေညာပါတယ်။

ကိုဗစ်-၁၉ လူနာအသစ်များတွင် အနံ့မရရှိသူ ၃၂၈ ဦးပါဝင်

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်တွေထဲမှာ အနံ့မရရှိသူ ၃၂၈ ဦးပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ လူနာ ၁၈ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၃၄၄ ဦး ထပ်တိုးလာ

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၃၄၄ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၁၈ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖျာပုံမြို့နယ်ရှိ နာရေးတစ်ခုသို့ သွားရောက်ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာအုပ်စု၊ ကုလားပဲကျေးရွာရှိ နာရေးတစ်ခုသို့ သွားရောက်ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဖျာပုံမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးကော်မတီမှ အောက်တိုဘာလ ၁၂ ရက်တွင်သိရသည်။

ဖောင်ကြီး ကုသရေးစင်တာသို့ အားဖြည့်ကူညီရန်အတွက် မန္တလေး မှ ဆရာဝန် ၂၈ ဦး အဖွဲ့ သွားရောက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ အားဖြည့်ကူညီဆောင်ရွက်ရန်အ တွက် ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာဝန် ၂၈ ဦး အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်

စက်ရုံ၊ အလုပ်ရုံမှ ကြီးကြပ်သူနှင့် ဝန်ထမ်းများ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် သတိပေး

စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ် သမားများသည် ရောဂါကာကွယ် ရေးစည်းကမ်းများကို အတိအကျလိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက တိုက်တွန်းသည်။