သင်ဟာ”အိုသွေး” ပိုင်ရှင်တစ်ယောက်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်

Zawgyiျဖင့္ဖတ္ရန္

 

ေသြးအမ်ိဳးအစားအလိုက္ က်န္းမာေရးလိုအပ္ခ်က္ေတြ မတူၾကသလို၊ ကိုယ္ရည္ကိုယ္ေသြးနဲ႕ အက်င့္ဗီဇေတြလည္း ကြဲျပားၾကပါတယ္။ အေျခခံေသြးအုပ္စု (၄)မ်ိဳးရွိတဲ့အထဲမွာ သင္က အိုေသြးပိုင္ရွင္ဆိုရင္ ဒီအခ်က္ေလးေတြကို မျဖစ္မေနသိထားဖို႕လိုပါတယ္။

အိုေသြးတို႕ရဲ႕က်န္းမာေရး

တျခားေသြးအမ်ိဳးအစားေတြနဲ႕ယွဉ္ရင္ အိုေသြးေတြက ႏွလံုး၊ေသြးေၾကာဆိုင္ရာေရာဂါေတြ ျဖစ္နိုင္ေခ်နည္းပါတယ္

TB ေရာဂါနဲ႕ အစာအိမ္အနာျဖစ္နိုင္ေခ်မ်ားပါတယ္။

အိုေသြးက က်န္တဲ့သူေတြအားလံုးကို ေသြးလွဴလို႕ရေပမယ့္ ၊ အိုေသြးသမားေတြ ေသြးလိုေနရင္ေတာ့ က်န္တဲ့ေသြးအမ်ိဳးအစားေတြသြင္းလို႕မရပါဘူး။ အိုေသြးတစ္မ်ိဳးတည္းကိိုသာသြင္းလို႕ရပါတယ္။

အိုေသြးတို႕ရဲ႕ကိုယ္ရည္ကိုယ္ေသြး

အျပိဳင္အဆိုင္စိတ္နည္းျပီး ကိုယ့္လမ္းကိုယ္ေလွ်ာက္တတ္တဲ့သူေတြျဖစ္တာေၾကာင့္ တျခားသူေတြအေပၚစိတ္ဝင္စားမႈလည္းနည္းပါတယ္။

ကိုယ္လုပ္မယ္လို႕ေတြးထားတဲ့အရာတစ္ခုကိို လုပ္ဖို႕ေျပာလိုက္ရင္ မလုပ္ခ်င္ေတာ့တဲ့အက်င့္ဆိုးကိုပိုင္ဆိုင္ထားပါတယ္။ ေခါင္းမာတဲ့သူေတြပါ။

တစ္ေယာက္တည္းလည္း အဆင္ေျပတယ္၊ အသင္းအဖြဲ႕နဲ႕လည္းအဆင္ေျပတယ္၊ အဓိက က စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ တိုက္ခိုက္တာ၊ စကားလံုးေတြနဲ႕ ရန္စတာမ်ိဳးမလုပ္ရင္ျပီးတာပဲ။

လြတ္လြတ္လပ္လပ္ေနခ်င္ျပီး သူတို႕အေပၚ ခ်ဳပ္ကိုင္တာမ်ိဳးကုိအရမ္းမုန္းၾကတယ္။

ျပန္မေျပာနားမေထာင္၊ သူတို႕မလုပ္ခ်င္ေတာ့ဘူးဆိုရင္ ဘာမွမသိတဲ့ပံုစံမ်ိဳး၊ နားမလည္တဲ့ပံုစံမ်ိဳး လုပ္ေနတတ္ၾကပါတယ္။

ဘယ္သူ႕ကိုမွ ဂရုမစိုက္ဘဲေနတတ္ျပီး စိတ္ထဲမွာ ဝမ္းနည္းအားငယ္ေနရင္ေတာင္မွ ဘာမွမျဖစ္သလို ေအးေအးေဆးေဆးပါပဲ။

နည္းနည္းပါးပါးမေက်နပ္တာမ်ိဳးဆို မေျပာေတာ့ဘဲေနလိုက္ေပမယ့္ အရမ္းမ်ားလာျပီ၊ စိတ္တိုလာျပီဆိုရင္ေတာ့ တစ္ဖက္သားအထိ နာေအာင္ေျပာပစ္တတ္ၾကပါတယ္။

အိုေသြးတို႕စားသင့္တဲ့အစားအစာ

အိုေသြးပိုင္ရွင္အမ်ားစုက အသီးအရြက္မ်ားမ်ား စားတတ္ၾကတာေၾကာင့္ အသားနဲ႕အသီးအရြက္ကို မွ်တေအာင္ စားဖို႕လိုပါတယ္။

အစာအိိမ္အနာျဖစ္နိုင္ေခ် မ်ားတဲ့သူေတြျဖစ္တာေၾကာင့္ နို႕နဲ႕နို႕ထြက္ပစၥည္းေတြကို တတ္နိုင္သေလာက္ေလွ်ာ့စားသင့္ပါတယ္။

အိုေသြးတို႕ရဲ႕အခ်စ္ေရး

ကိုယ့္ကိုဦးစားေပးသူ၊ အေလးထားသူ၊ အလိိုလိုက္တတ္သူမ်ိဳးကို သံေယာဇဉ္တြယ္တတ္ၾကျပီး ခ်စ္သူအေပၚ မသိမသာေလးအနိုင္ယူတတ္ေပမယ့္ စိတ္ဒဏ္ရာရေအာင္ေတာ့ မလုပ္တတ္ၾကပါဘူး။

လြယ္လြယ္နဲ႕ မခ်စ္တတ္ဘဲ ခ်စ္မိသြားရင္ေတာ့ တစ္ေယာက္ဆိုတစ္ေယာက္ ခ်စ္ေနတတ္ပါတယ္။

မ်ားေသာအားျဖင့္ တစ္ဖက္္သတ္ ခ်စ္ေနတာမ်ားျပီး ကိုယ္ခ်စ္တဲ့သူေရွ႕ေရာက္ရင္ စိတ္ေတြ အရမ္းလႈပ္ရွားတတ္တာေၾကာင့္ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္တတ္ပါတယ္။

ကိုယ္ခ်စ္တဲ့သူနဲ႕ကိုယ့္ကို ခ်စ္တဲ့သူ တစ္ထပ္တည္းမက်ျဖစ္တတ္တာ အိုေသြးေတြပါ။

MAY THAZINHTOO

Credit:Aunty May

 

Unicodeဖြင့်ဖတ်ရန်

 

သင်ဟာ”အိုသွေး” ပိုင်ရှင်တစ်ယောက်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်

 

သွေးအမျိုးအစားအလိုက် ကျန်းမာရေးလိုအပ်ချက်တွေ မတူကြသလို၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်ဗီဇတွေလည်း ကွဲပြားကြပါတယ်။ အခြေခံသွေးအုပ်စု (၄)မျိုးရှိတဲ့အထဲမှာ သင်က အိုသွေးပိုင်ရှင်ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေသိထားဖို့လိုပါတယ်။

အိုသွေးတို့ရဲ့ကျန်းမာရေး

တခြားသွေးအမျိုးအစားတွေနဲ့ယှဉ်ရင် အိုသွေးတွေက နှလုံး၊သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ချေနည်းပါတယ်။

TB ရောဂါနဲ့ အစာအိမ်အနာဖြစ်နိုင်ချေများပါတယ်။

အိုသွေးက ကျန်တဲ့သူတွေအားလုံးကို သွေးလှူလို့ရပေမယ့် ၊ အိုသွေးသမားတွေ သွေးလိုနေရင်တော့ ကျန်တဲ့သွေးအမျိုးအစားတွေသွင်းလို့မရပါဘူး။ အိုသွေးတစ်မျိုးတည်းကိုသာသွင်းလို့ရပါတယ်။

အိုသွေးတို့ရဲ့ကိုယ်ရည်ကိုယ်သွေး

အပြိုင်အဆိုင်စိတ်နည်းပြီး ကိုယ့်လမ်းကိုယ်လျှောက်တတ်တဲ့သူတွေဖြစ်တာကြောင့် တခြားသူတွေအပေါ်စိတ်ဝင်စားမှုလည်းနည်းပါတယ်။

ကိုယ်လုပ်မယ်လို့တွေးထားတဲ့အရာတစ်ခုကို လုပ်ဖို့ပြောလိုက်ရင် မလုပ်ချင်တော့တဲ့အကျင့်ဆိုးကိုပိုင်ဆိုင်ထားပါတယ်။ ခေါင်းမာတဲ့သူတွေပါ။

တစ်ယောက်တည်းလည်း အဆင်ပြေတယ်၊ အသင်းအဖွဲ့နဲ့လည်းအဆင်ပြေတယ်၊ အဓိက က စိတ်အနှောက်အယှက်ဖြစ်အောင် တိုက်ခိုက်တာ၊ စကားလုံးတွေနဲ့ ရန်စတာမျိုးမလုပ်ရင်ပြီးတာပဲ။

လွတ်လွတ်လပ်လပ်နေချင်ပြီး သူတို့အပေါ် ချုပ်ကိုင်တာမျိုးကိုအရမ်းမုန်းကြတယ်။

ပြန်မပြောနားမထောင်၊ သူတို့မလုပ်ချင်တော့ဘူးဆိုရင် ဘာမှမသိတဲ့ပုံစံမျိုး၊ နားမလည်တဲ့ပုံစံမျိုး လုပ်နေတတ်ကြပါတယ်။

ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲနေတတ်ပြီး စိတ်ထဲမှာ ဝမ်းနည်းအားငယ်နေရင်တောင်မှ ဘာမှမဖြစ်သလို အေးအေးဆေးဆေးပါပဲ။

နည်းနည်းပါးပါးမကျေနပ်တာမျိုးဆို မပြောတော့ဘဲနေလိုက်ပေမယ့် အရမ်းများလာပြီ၊ စိတ်တိုလာပြီဆိုရင်တော့ တစ်ဖက်သားအထိ နာအောင်ပြောပစ်တတ်ကြပါတယ်။

အိုသွေးတို့စားသင့်တဲ့အစားအစာ

အိုသွေးပိုင်ရှင်အများစုက အသီးအရွက်များများ စားတတ်ကြတာကြောင့် အသားနဲ့အသီးအရွက်ကို မျှတအောင် စားဖို့လိုပါတယ်။

အစာအိမ်အနာဖြစ်နိုင်ချေ များတဲ့သူတွေဖြစ်တာကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို တတ်နိုင်သလောက်လျှော့စားသင့်ပါတယ်။

အိုသွေးတို့ရဲ့အချစ်ရေး

ကိုယ့်ကိုဦးစားပေးသူ၊ အလေးထားသူ၊ အလိုလိုက်တတ်သူမျိုးကို သံယောဇဉ်တွယ်တတ်ကြပြီး ချစ်သူအပေါ် မသိမသာလေးအနိုင်ယူတတ်ပေမယ့် စိတ်ဒဏ်ရာရအောင်တော့ မလုပ်တတ်ကြပါဘူး။

လွယ်လွယ်နဲ့ မချစ်တတ်ဘဲ ချစ်မိသွားရင်တော့ တစ်ယောက်ဆိုတစ်ယောက် ချစ်နေတတ်ပါတယ်။

များသောအားဖြင့် တစ်ဖက်သတ် ချစ်နေတာများပြီး ကိုယ်ချစ်တဲ့သူရှေ့ရောက်ရင် စိတ်တွေ အရမ်းလှုပ်ရှားတတ်တာကြောင့် အလွဲလွဲအချော်ချော်တွေဖြစ်တတ်ပါတယ်။

ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်ကို ချစ်တဲ့သူ တစ်ထပ်တည်းမကျဖြစ်တတ်တာ အိုသွေးတွေပါ။

MAY THAZINHTOO

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.