Bသွေးပိုင်ရှင်ကပြောသော Bသွေးများအကြောင်း

Unicodeဖြင့်ဖတ်ရန်
Bသွေးပိုင်ရှင်ဆိုတာ..
အမိန့်ပေးတဲ့ လေသံနဲ့ပြောရင် သိပ်မုန်းတာ ပြန်မပြောလို့သာ နေရင်နေမယ် ပြန်ချေမယ့်ဆိုတဲ့လူမျိုးတွေ…
အနေဝေးရင် သွေးအေးတယ်ဆိုတာ သူရာဇဝင်မှာမရှိဘူး ဒါပေမယ့် သူအမုန်းဆုံးက သူအပေါ် သစ္စာမဲ့ရင်သူနဲ့ ဆက်ဆံရေးကသူစိမ်းဆန်ဆန် ဖြစ်သွားတတ်တယ်။
ရှေ့တင်မှာသာ ခပ်တင်းတင်းနဲ့ ဟန်ဆောင်နေတာ…နောက်ကွယ်ကျရင် တိတ်တဆိတ် မျက်ရည်ကျချင်ကျနေတဲ့ သူမျိုးတွေ…
Bသွေးတွေက ဘယ်လောက်ချစ်ချစ် ဘဝနှစ်ခုလက်တွဲမယ်ဆို နှလုံးသားသက်သက်နဲ့ မစဉ်းစားပဲနဲ့ လက်တွေ့ကျကျ စဉ်းစားတတ်ကျလို့ သူတို့ အချစ်ရေးက အများအားဖြင့် ဝမ်းနည်းမှုနဲ့ နိဂုံးချုပ်ကျတာပါပဲ။
ပျှမ်းမျှ ၂၂လောက်ရောက်မှ တကယ်လက်တွဲမယ့် ကြင်ဖော်ကို တွေ့ရှိတတ်ကျတယ်။
အချစ်ရေးမှာ ဆရာကြီးတော့မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေရဲ့ တိုင်ပင်မှုကိုတော့ ခဏခဏခံရတတ်တယ်။
သူတို့က ကလေးဆန်ဆန် ဆိုးတတ်ကျတယ် တစ်ခါတစ်လေကျရင် သူက ဘယ်လိုလူပါဆိုပြီး ပြောပြတတ်တဲ့ သူဟာ သူမြတ်နိုးတန်ဖိုးထားပြီး ဆုံးရှုံးမခံနိုင်တဲ့သူမို့ပါတဲ့…
အစွဲအလမ်း အရမ်းကြီးလွန်းတဲ့ သူတို့စိတ်ထဲမှာ စိတ်ဒဏ်ရာတစ်ခုဖြစ်သွားရင် တော်တော်နဲ့မမေ့တတ်ကျဘူး။
အရမ်းဆိုးသလောက် ကြင်နာဂရုစိုက်တတ်တဲ့ သူတို့ကို အဆက်ဟောင်းတွေက မေ့မရကျဘူး။ ဒါပေမယ့် သူမှာ နောက်တစ်ယောက် မရှိသေးသရွေ့တော့ မျှော်လင့်လို့ရပါသေးတယ်။ ထပ်ရှိပြီးနေရင်တော့ သူစိမ်းဆန်ဆန် ဖြစ်သွားပါလိမ့်မယ်။
ချစ်ပြီဆို အနာဂတ်အထိ သူပါတယ် သူတို့က နုလုံးသားနဲ့ချစ်တယ် ဘဝတည်ဆောက်ရင် လက်တွေ့ကျကျ တည်ဆောက်တတ်လို့ သူကို ပိုင်ဆိုင်ချင်ရင် ချစ်သူသက်တမ်းအရမ်းကြာမှ ဖြစ်နိုင်လိမ့်မယ်။
သူတိုက တစ်ခါတစ်လေ နားလည်ရခက်တယ်အိမ်တွင်းရေး မိးသားစုရေး စီးပွားရေး အဆင်မပြေရင် သူအရင်းနှီးဆုံး သူငယ်ချင်းကိုပဲ ရင်ဖွင့်လေ့ရှိတယ်။
အရမ်းချစ်တဲ့ ချစ်သူဆိုရင်တောင် သိပ်ဖွင့်ပြောလေ့မရှိဘူး ဒါကို မသိထားရင် သူနဲ့ ဆက်ဆံရေးမှာ အဖုအထစ်လေးတွေဖြစ်လာတာပါပဲ။
သူက ဖွင့်မပြောတာအကြောင်းရှိပါတယ်။ အကောင်းဆုံးကိုပဲ အချစ်ဆုံးနဲ့ တူတူဖြတ်သန်းမယ် အပူတွေ စိတ်ညစ်စေမယ့် အရာတွေကို မမျှဝေပဲ မြိုသိပ်ထားတတ်တဲ့သူမျိုး။
တစ်ဦးကမေတ္တာထားလို့ တစ်ဦးက အကြင်နာထားရင် လောကကြီးက အေးချမ်းနေမှာပါ။
Credit:TLV
Zawgyiဖြင့်ဖတ်ရန်
Bသွေးပိုင်ရှင်ဆိုတာ..
Credit:TLV