စနေသားသမီးများရဲ့ (၂၀၂၀)ခုနှစ်အတွက် (၁)နှစ်လုံးစာ ကံကြမ္မာဟောကိန်း

Unicodeဖြင့်ဖတ်ရန်

 

ဒီလိုနှစ်မျိုးဟာ ကြိုးစားမှုအပေါ်မူတည်ပြီး အကျိုးအမြတ်လဲများပါလိမ့်မယ်။ ရေရှည်စီမံကိန်းတွေကို ချမှတ်လို့ကောင်းပါတယ်။ အနှစ်နှစ်အလလက စိတ်ကူးရည်မှန်းထားတာတွေကို ဒီနှစ်မှာပုံဖော်လို့ အလွန်ကောင်းပါတယ်။ ရာထူးတိုးပြီး နေရာပြောင်းရတာမျိုးတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းသစ်များဖြစ်စေ၊ ဆိုင်ခွဲများဖြစ်စေ ထူထောင်ခွင့်တွေ ရလာတတ်ပါတယ်။ အိမ်နီးနားချင်းများနဲ့ဖြစ်စေ၊ မိတ်ဆွေရင်းခြားများနဲ့ဖြစ်စေ သဘောထားကွဲလွဲမှု၊ ပြဿနာ တတ်မှုတွေ ဖြစ်ရတတ်ပါတယ်။ မဟုတ်မမှန်ပြောဆိုချက်များနှင့် စွပ်စွဲပုတ်ခတ်ခြင်းကို ခံရတတ်ပါတယ်။ ဒီနှစ်ဟာ လူမှုရေးအားနည်းတဲ့ နှစ်လို့ပဲပြောရပါလိမ့်မယ်။

သြဇာကြီးမားသောပုဂ္ဂိုလ်တို့မှ ကူညီစောင့်ရှောက်ခြင်းကို ခံရတတ်ပါတယ်။ တပည့်လက်သားတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။ အများကောင်းကျိုးအတွက် ဆောင်ရွက်သူများ လူအများအပေါ်လွှမ်းမိုးသြဇာညောင်းပါလိမ့်မယ်။ဒီနှစ်ဟာကံကြမ္မာက ဖြေးဖြေးမှန်မှန်နဲ့ပဲ တိုးတတ်အောင်လုပ်ပေးတတ်ပါတယ်။ အလိုလောဘကြီးလို့ မရပါဘူး။ တစ်နေ့ရွှေဥတစ်လုံးဥပေးတဲ့ငန်းကို နည်းတယ်ထင်ပြီး ဗိုက်ခွဲကြည့်တဲ့ ပုံစံမျိုးလုပ်မိရင်တော့ ဒုက္ခပင်လယ်ဝေသွားပါလိမ့်မယ်။ ဒီနှစ်ဟာ တာဝေးပြေးရမဲ့ နှစ်ပါပဲ။ ဒါကိုနားလည်အောင်ပြောရရင် တာဝေးပြေးရမဲ့သူက စပြေးကတည်းက စွတ်ပြေးလို့မရပါဘူး။ အမောမဖောက်အောင် နည်းနည်းချင်းပြေးရပါတယ်။ ကံကလဲ ဒီနှစ်ကရေရှည်ကိုကြည့်ပြီး ရေတိုမှာ ရရစားစားသဘောမျိုး ကံကိုပေးပါတယ်။ ဖြေးဖြေးမှန်မှန်ပဲလုပ်ပြီး ရေရှည်အကျိုးရအောင် ဆောင်ရွက်လိုက်ပါ။

ဒီနှစ်ဟာလုပ်ငန်းလုပ်ဖို့အတွက် စက်ပစ္စည်းတွေဝယ်တာပဲဖြစ်ဖြစ်၊ လက်ရှိသုံးနေတဲ့စက်ပစ္စည်းတွေဟောင်းနွမ်းနေလို့ အသစ်လဲတာမျိုးပဲဖြစ်ဖြစ် ဆောင်ရွက်မယ်ဆို အလွန်ကောင်းပါတယ်။ ကားအလဲအထပ်လုပ်ခြင်းများ ဒီ နှစ်မှာဆောင်ရွက်လု့ိ ကောင်းပါတယ်။ ဝေးကွာနေတဲ့ သူငယ်ချင်းမိတ်ဆွေများနဲ့ ပြန်ဆုံခွင့်တွေရလာတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ ဖောက်သည်သစ်တွေနဲ့ ဆက်ဆံရတတ်ပါတယ်။ အမြဲတမ်းဖောက်သည်ဖြစ် အောင် ကြိုးစားစေချင်ပါတယ်။ ဆွေမျိုးသားချင်းများနှင့် ညီအကိုမောင်နှမများက မိမိလုပ်ငန်းကိုဝင်ရောက်စွက်ဖက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အားမနာပါနဲ့။ စကားပြတ်ပြတ်ပြောပါ။ အလုပ်ထဲမှာဆွေမျိုးမရှိဘူးဆိုတဲ့ ခံယူချက် မျိုးထားသင့်တဲ့နှစ်ပါပဲ။

မိမိပိုင်တဲ့ပစ္စည်းတွေ ငှားရမ်းတာမျိုးတွေ သတိထားပါ။ ကား၊ ဆိုင်ကယ်လာငှားတယ်၊ တစ်နေရာရာမှာပေါင်ပြီး ငွေယူသွားတာမျိုးတွေ ဖြစ်တတ်လို့ပါပဲ။ ငွေအရမ်းလိုနေတဲ့သူတွေကို ပစ္စည်းငှားတာမျိုးသတိထားပါဗျ။ လောင်း ကစားသမားတွေနဲ့ ပေါင်းသင်းတာမျိုးတွေ ဒီနှစ်လျှော့ပါ။ မိမိကိုယ်တိုင်လဲ လောင်းကစားမလုပ်ပါနဲ့။ မိမိကလက်ကြီးတဲ့အတွက် ရှုံးရင်အိမ်တိုင်ချွတ်ရောင်းရပါလိမ့်မယ်။ ဘုရားဖူးခရီးများ၊ အပန်းဖြေခရီးများသွားလာမှုများမဲ့နှစ်ပါပဲ။ ဒါနဲ့ ထပ်တူသွားလာလှုပ်ရှားပြီး လုပ်ကိုင်ရတဲ့အလုပ်တွေ၊ ကုန်သွယ်စီးပွားရေး တိုးတတ်နိုင်တာကိုလဲ တွေ့ရပါတယ်။

ချစ်သူနဲ့ဝေးနေတဲ့သူများ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ ရည်းစားဟောင်း၊ ချစ်သူဟောင်းတွေနဲ့လဲ ပြန်ဆုံရတတ်ပါတယ်။ ချစ်သူမရှိသေးသူများ အွန်လိုင်းကဖြစ်စေ၊ အောင်သွယ်ကောင်းမှုကြောင့်ဖြစ်စေ ချစ်သူရတတ်ပါတယ်။လက်ထပ်ဖို့ရည်ရွယ်ထားသူများကတော့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာအခမ်းအနားတွေကို ဆင်ယင်ကျင်းပခွင့်တွေ ရလာတတ်ပါတယ်။ စေ့စပ်ထားခြင်းများ၊ နားဖောက်ထားခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။

ဒီနှစ်မှာ အိမ်ထောင်ရေးတွေကလဲ အထူးသာယာနိုင်ပါတယ်။ ကွဲနေတဲ့အိမ်ထောင်ဘက်တွေနဲ့ ပြန်အဆင်ပြေတတ်ပါတယ်။ တစ်ခုပဲသတိထားပါ။ အိမ်ထောင်ဘက်ကို ဘာကိစ္စဖြစ်ဖြစ် မဖုံးကွယ်ဖို့ပြောပါ။ မိမိကလဲအိမ် ထောင်ဘက်အပေါ် ပွင့်လင်းမြင်သာမှုတွေ ရှိကြပါစေ။ ဒါဆိုအိမ်ထောင်ရေး သာယာပါလိမ့်မယ်။ အိမ်ထောင်ဘက် မသိအောင်လုပ်တဲ့ကိစ္စတွေက အိမ်ထောင်ဘက်သိပြီး ပြဿနာဖြစ်တတ်တဲ့ လင်မယားနှစ်ယောက်စလုံး အခက်အ ခဲတွေကို အတူရင်ဆိုင်ဖြေရှင်းပါ။

ဒီနှစ်မှာ အားရစရာကောင်းတာကတော့ ပညာရေးပါပဲ။ ပညာရှာလို့ အလွန်ကောင်းပါတယ်။ မိမိတတ်ချင်နေတဲ့သင်တန်းတွေ၊ မိမိသင်ချင်နေတဲ့ပညာတွေကို အချိန်မရမကဆွဲထုတ်ပြီး သင်ယူဖို့တိုက်တွန်းလိုပါတယ်။ ဒီနှစ်သင်လိုက်တဲ့ပညာတွေက လက်တွေမှာ နှစ်ပေါင်းများစွာ အသုံးတည့်ပါလိမ့်မယ်။ အထက်တန်း ကျောင်းသားကျောင်းသူများ စာကြိုးစားပါ။ ပညာရေးကံနှင့် ဉာဏ်စွမ်းအားထက်မြက်နေတဲ့အတွက် ဝီရိယသာထည့်လိုက်ပါက ဂုဏ်ထူးများစွာနဲ့ အောင်မြင်မှုတွေကို ရသွားနိုင်ပါတယ်။

ကျန်းမာရေးကတော့ ဒီ(၂၀၂၀)မှာ ရောဂါဟောင်းများ ပြန်ပေါ်လာတတ်ပါတယ်။ ဒူးနာ၊ ခါးနာ၊ ခြေထောက်နာ ဖြစ်တတ်ပါတယ်။ နာတာရှည်ရောဂါများ ဝင်လာတတ်ပါတယ်။ ဇက်ကြောတတ်တာမျိုးတွေ၊ ကျီးပေါင်းဖြစ်တာမျိုး တွေသတိထားပါ။ အရက်သေစာလျှော့သောက်ပါ။ ဝမ်းဗိုက်နှင့်ပက်သက်သောရောဂါများ၊ သွေးနဲ့ပက်သက်သောရောဂါများ ဖြစ်လွယ်ပါတယ်။

ဒီနှစ်မှာ စာပေအနုပညာလုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။ ခံစားချက်ကို ဦးစားပေးရတဲ့အလုပ်တွေ အထူးတိုးတတ်ပါလိမ့်မယ်။ အနုပညာအလုပ်တွေ တိုးတတ်အောင်လုပ်ပါ။ မတ်လ၊ မေလ၊ စက်တင်ဘာလတွေမှာ ကံအားကောင်းနေတတ်ပြီးတော့ ဧပရယ်လ၊ ဇူလိုင်လနဲ့ ဒီဇင်ဘာလတွေမှာ ကံအားနည်းချက်တွေ များနေတတ်ပါတယ်။ ဒီနှစ်မှာ သောကြာ၊ အင်္ဂါနှင့်ကြာသပတေးသားသမီးတွေက မိမိကိုကောင်းကျိုးပေးမယ့် နေ့သားသမီးတွေဖြစ်လာတတ်ပြီးတော့ တနင်္ဂနွေ၊ ရာဟုနှင့် စနေသားသမီးတွေက မိမိနဲ့မအပ်စပ်တဲ့ နေ့သားသမီးတွေ ဖြစ်လာတတ်ပါတယ်။

စနေနေ့ဖွားတွေဟာ အခုနှစ်(၂၀၂၀)မှာ အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅နှစ်စသော အသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒီအသက်အပိုင်းအခြား ရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာ မေးမြန်းပြီး အသေးစိပ်အကြံဉာဏ်ယူစေချင်ပါတယ်။

ဒီနှစ်မှာ သားသမီးတွေရဲ့ကျန်းမာရေး၊ ပညာရေးနဲ့ပက်သက်လို့ ပူပန်ရတတ်ပါတယ်။ ထီဝါသနာပါသူများ ကားနဲ့လှည့်ရောင်းတဲ့ထီသည်ဆီကနေ ထီထိုးလိုက်ပါ။ 3/6/9/5ဂဏန်းများများပါတဲ့ ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။ ဒီနှစ်မှာနှစ်ဖက်ဆွေမျိုးတွေ ဒုက္ခပေးတတ်တဲ့အတွက် ပါးနပ်လိမ္မာစွာ ရှောင်တတ်တိမ်းတတ်ဖို့ အထူးလိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ စနေသားသမီးတွေအနေနဲ့ ဒီနှစ်မှာ ရေရှည်စီမံကိန်းတွေ ချမှတ်လုပ်ကိုင်ပါ။ ပေါ်ပင်ကိစ္စမျိုးတွေ အထူးရှောင်လိုက်ပါ။ ဆွေမျိုးတွေ ဒုက္ခပေးတတ်ပါတယ်။ တန်ဖိုးကြီးတဲ့ပစ္စည်းတွေဝယ်ဖြစ်တာ ဒီနှစ်ငွေအထွက်များနေတတ်ပါတယ်။ ပညာရေးအား ကောင်းနိုင်ပါတယ်။ လက်ထပ်ပွဲတွေအဆင်ပြေပြေနဲ့ ပြီးမြောက်တတ်ပါတယ်။

တစ်နှစ်စာအထူးယတြာ

– မွေးနေ့နံနက်မှာ သနပ်ခါးရောင်ဝတ်ဆင်ပြီးတော့ နီးစပ်ရာဘုရားစေတီသွားပါ။ ကြာသပတေးထောင့်မှာ မေမြို့ပန်း ၅ပွင့်နှင့်မြေပဲကြော်တစ်ပန်းကန် ကပ်လှူဆုတောင်းခြင်းများ မကြာခ
ဏပြုလုပ်ပေးပါ။

– အိမ်ကဘုရားစေတီမှာ စံပယ်ပန်းလေးတွေ ပန်းမွေ့ယာခင်းပြီးလှူပေးပါ

– ထုံးစေတီတွေကို လိုအပ်ရင် ထုံးသင်္ကန်းကပ်လှူပေးပါ။ (ရေညှိတတ်ပြီး အရောင်လွင့်နေတဲ့ထုံးစေတီတွေကို ပြန်လည်ထုံးသင်္ကန်းကပ်မွမ်းမံခိုင်းတာပါ)

– မကြာခဏတရားစခန်းဝင်ပါ။ တရားစာအုပ်တွေကို ဓမ္မဒါနလုပ်ပေးပါ။

Credit: ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

 

Zawgyiျဖင့္ဖတ္ရန္

 

စေနသားသမီးမ်ားရဲ႕ (၂၀၂၀)ခုႏွစ္အတြက္ (၁)ႏွစ္လုံးစာ ကံၾကမၼာေဟာကိန္း

 

ဒီလိုႏွစ္မ်ိဳးဟာ ႀကိဳးစားမႈအေပၚမူတည္ၿပီး အက်ိဳးအျမတ္လဲမ်ားပါလိမ့္မယ္။ ေရရွည္စီမံကိန္းေတြကို ခ်မွတ္လို႔ေကာင္းပါတယ္။ အႏွစ္ႏွစ္အလလက စိတ္ကူးရည္မွန္းထားတာေတြကို ဒီႏွစ္မွာပုံေဖာ္လို႔ အလြန္ေကာင္းပါတယ္။ ရာထူးတိုးၿပီး ေနရာေျပာင္းရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ လုပ္ငန္းသစ္မ်ားျဖစ္ေစ၊ ဆိုင္ခြဲမ်ားျဖစ္ေစ ထူေထာင္ခြင့္ေတြ ရလာတတ္ပါတယ္။ အိမ္နီးနားခ်င္းမ်ားနဲ႔ျဖစ္ေစ၊ မိတ္ေဆြရင္းျခားမ်ားနဲ႔ျဖစ္ေစ သေဘာထားကြဲလြဲမႈ၊ ျပႆနာ တတ္မႈေတြ ျဖစ္ရတတ္ပါတယ္။ မဟုတ္မမွန္ေျပာဆိုခ်က္မ်ားႏွင့္ စြပ္စြဲပုတ္ခတ္ျခင္းကို ခံရတတ္ပါတယ္။ ဒီႏွစ္ဟာ လူမႈေရးအားနည္းတဲ့ ႏွစ္လို႔ပဲေျပာရပါလိမ့္မယ္။

ၾသဇာႀကီးမားေသာပုဂၢိဳလ္တို႔မွ ကူညီေစာင့္ေရွာက္ျခင္းကို ခံရတတ္ပါတယ္။ တပည့္လက္သားေတြရဲ႕ အကူအညီေတြ ရလာတတ္ပါတယ္။ အမ်ားေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္သူမ်ား လူအမ်ားအေပၚလႊမ္းမိုးၾသဇာေညာင္းပါလိမ့္မယ္။ဒီႏွစ္ဟာကံၾကမၼာက ေျဖးေျဖးမွန္မွန္နဲ႔ပဲ တိုးတတ္ေအာင္လုပ္ေပးတတ္ပါတယ္။ အလိုေလာဘႀကီးလို႔ မရပါဘူး။ တစ္ေန႔ေ႐ႊဥတစ္လုံးဥေပးတဲ့ငန္းကို နည္းတယ္ထင္ၿပီး ဗိုက္ခြဲၾကည့္တဲ့ ပုံစံမ်ိဳးလုပ္မိရင္ေတာ့ ဒုကၡပင္လယ္ေဝသြားပါလိမ့္မယ္။ ဒီႏွစ္ဟာ တာေဝးေျပးရမဲ့ ႏွစ္ပါပဲ။ ဒါကိုနားလည္ေအာင္ေျပာရရင္ တာေဝးေျပးရမဲ့သူက စေျပးကတည္းက စြတ္ေျပးလို႔မရပါဘူး။ အေမာမေဖာက္ေအာင္ နည္းနည္းခ်င္းေျပးရပါတယ္။ ကံကလဲ ဒီႏွစ္ကေရရွည္ကိုၾကည့္ၿပီး ေရတိုမွာ ရရစားစားသေဘာမ်ိဳး ကံကိုေပးပါတယ္။ ေျဖးေျဖးမွန္မွန္ပဲလုပ္ၿပီး ေရရွည္အက်ိဳးရေအာင္ ေဆာင္႐ြက္လိုက္ပါ။

ဒီႏွစ္ဟာလုပ္ငန္းလုပ္ဖို႔အတြက္ စက္ပစၥည္းေတြဝယ္တာပဲျဖစ္ျဖစ္၊ လက္ရွိသုံးေနတဲ့စက္ပစၥည္းေတြေဟာင္းႏြမ္းေနလို႔ အသစ္လဲတာမ်ိဳးပဲျဖစ္ျဖစ္ ေဆာင္႐ြက္မယ္ဆို အလြန္ေကာင္းပါတယ္။ ကားအလဲအထပ္လုပ္ျခင္းမ်ား ဒီ ႏွစ္မွာေဆာင္႐ြက္လု႔ိ ေကာင္းပါတယ္။ ေဝးကြာေနတဲ့ သူငယ္ခ်င္းမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံခြင့္ေတြရလာတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္သူမ်ား ေဖာက္သည္သစ္ေတြနဲ႔ ဆက္ဆံရတတ္ပါတယ္။ အၿမဲတမ္းေဖာက္သည္ျဖစ္ ေအာင္ ႀကိဳးစားေစခ်င္ပါတယ္။ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ညီအကိုေမာင္ႏွမမ်ားက မိမိလုပ္ငန္းကိုဝင္ေရာက္စြက္ဖက္တာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ အားမနာပါနဲ႔။ စကားျပတ္ျပတ္ေျပာပါ။ အလုပ္ထဲမွာေဆြမ်ိဳးမရွိဘူးဆိုတဲ့ ခံယူခ်က္ မ်ိဳးထားသင့္တဲ့ႏွစ္ပါပဲ။

မိမိပိုင္တဲ့ပစၥည္းေတြ ငွားရမ္းတာမ်ိဳးေတြ သတိထားပါ။ ကား၊ ဆိုင္ကယ္လာငွားတယ္၊ တစ္ေနရာရာမွာေပါင္ၿပီး ေငြယူသြားတာမ်ိဳးေတြ ျဖစ္တတ္လို႔ပါပဲ။ ေငြအရမ္းလိုေနတဲ့သူေတြကို ပစၥည္းငွားတာမ်ိဳးသတိထားပါဗ်။ ေလာင္း ကစားသမားေတြနဲ႔ ေပါင္းသင္းတာမ်ိဳးေတြ ဒီႏွစ္ေလွ်ာ့ပါ။ မိမိကိုယ္တိုင္လဲ ေလာင္းကစားမလုပ္ပါနဲ႔။ မိမိကလက္ႀကီးတဲ့အတြက္ ရႈံးရင္အိမ္တိုင္ခြၽတ္ေရာင္းရပါလိမ့္မယ္။ ဘုရားဖူးခရီးမ်ား၊ အပန္းေျဖခရီးမ်ားသြားလာမႈမ်ားမဲ့ႏွစ္ပါပဲ။ ဒါနဲ႔ ထပ္တူသြားလာလႈပ္ရွားၿပီး လုပ္ကိုင္ရတဲ့အလုပ္ေတြ၊ ကုန္သြယ္စီးပြားေရး တိုးတတ္ႏိုင္တာကိုလဲ ေတြ႕ရပါတယ္။

ခ်စ္သူနဲ႔ေဝးေနတဲ့သူမ်ား ျပန္လည္ဆုံဆည္းရတတ္ပါတယ္။ ရည္းစားေဟာင္း၊ ခ်စ္သူေဟာင္းေတြနဲ႔လဲ ျပန္ဆုံရတတ္ပါတယ္။ ခ်စ္သူမရွိေသးသူမ်ား အြန္လိုင္းကျဖစ္ေစ၊ ေအာင္သြယ္ေကာင္းမႈေၾကာင့္ျဖစ္ေစ ခ်စ္သူရတတ္ပါတယ္။လက္ထပ္ဖို႔ရည္႐ြယ္ထားသူမ်ားကေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ မဂၤလာအခမ္းအနားေတြကို ဆင္ယင္က်င္းပခြင့္ေတြ ရလာတတ္ပါတယ္။ ေစ့စပ္ထားျခင္းမ်ား၊ နားေဖာက္ထားျခင္းမ်ားလဲ ေဆာင္႐ြက္ႏိုင္ပါတယ္။

ဒီႏွစ္မွာ အိမ္ေထာင္ေရးေတြကလဲ အထူးသာယာႏိုင္ပါတယ္။ ကြဲေနတဲ့အိမ္ေထာင္ဘက္ေတြနဲ႔ ျပန္အဆင္ေျပတတ္ပါတယ္။ တစ္ခုပဲသတိထားပါ။ အိမ္ေထာင္ဘက္ကို ဘာကိစၥျဖစ္ျဖစ္ မဖုံးကြယ္ဖို႔ေျပာပါ။ မိမိကလဲအိမ္ ေထာင္ဘက္အေပၚ ပြင့္လင္းျမင္သာမႈေတြ ရွိၾကပါေစ။ ဒါဆိုအိမ္ေထာင္ေရး သာယာပါလိမ့္မယ္။ အိမ္ေထာင္ဘက္ မသိေအာင္လုပ္တဲ့ကိစၥေတြက အိမ္ေထာင္ဘက္သိၿပီး ျပႆနာျဖစ္တတ္တဲ့ လင္မယားႏွစ္ေယာက္စလုံး အခက္အ ခဲေတြကို အတူရင္ဆိုင္ေျဖရွင္းပါ။

ဒီႏွစ္မွာ အားရစရာေကာင္းတာကေတာ့ ပညာေရးပါပဲ။ ပညာရွာလို႔ အလြန္ေကာင္းပါတယ္။ မိမိတတ္ခ်င္ေနတဲ့သင္တန္းေတြ၊ မိမိသင္ခ်င္ေနတဲ့ပညာေတြကို အခ်ိန္မရမကဆြဲထုတ္ၿပီး သင္ယူဖို႔တိုက္တြန္းလိုပါတယ္။ ဒီႏွစ္သင္လိုက္တဲ့ပညာေတြက လက္ေတြမွာ ႏွစ္ေပါင္းမ်ားစြာ အသုံးတည့္ပါလိမ့္မယ္။ အထက္တန္း ေက်ာင္းသားေက်ာင္းသူမ်ား စာႀကိဳးစားပါ။ ပညာေရးကံႏွင့္ ဉာဏ္စြမ္းအားထက္ျမက္ေနတဲ့အတြက္ ဝီရိယသာထည့္လိုက္ပါက ဂုဏ္ထူးမ်ားစြာနဲ႔ ေအာင္ျမင္မႈေတြကို ရသြားႏိုင္ပါတယ္။

က်န္းမာေရးကေတာ့ ဒီ(၂၀၂၀)မွာ ေရာဂါေဟာင္းမ်ား ျပန္ေပၚလာတတ္ပါတယ္။ ဒူးနာ၊ ခါးနာ၊ ေျခေထာက္နာ ျဖစ္တတ္ပါတယ္။ နာတာရွည္ေရာဂါမ်ား ဝင္လာတတ္ပါတယ္။ ဇက္ေၾကာတတ္တာမ်ိဳးေတြ၊ က်ီးေပါင္းျဖစ္တာမ်ိဳး ေတြသတိထားပါ။ အရက္ေသစာေလွ်ာ့ေသာက္ပါ။ ဝမ္းဗိုက္ႏွင့္ပက္သက္ေသာေရာဂါမ်ား၊ ေသြးနဲ႔ပက္သက္ေသာေရာဂါမ်ား ျဖစ္လြယ္ပါတယ္။

ဒီႏွစ္မွာ စာေပအႏုပညာလုပ္ငန္းမ်ား အထူးတိုးတတ္ပါလိမ့္မယ္။ ခံစားခ်က္ကို ဦးစားေပးရတဲ့အလုပ္ေတြ အထူးတိုးတတ္ပါလိမ့္မယ္။ အႏုပညာအလုပ္ေတြ တိုးတတ္ေအာင္လုပ္ပါ။ မတ္လ၊ ေမလ၊ စက္တင္ဘာလေတြမွာ ကံအားေကာင္းေနတတ္ၿပီးေတာ့ ဧပရယ္လ၊ ဇူလိုင္လနဲ႔ ဒီဇင္ဘာလေတြမွာ ကံအားနည္းခ်က္ေတြ မ်ားေနတတ္ပါတယ္။ ဒီႏွစ္မွာ ေသာၾကာ၊ အဂၤါႏွင့္ၾကာသပေတးသားသမီးေတြက မိမိကိုေကာင္းက်ိဳးေပးမယ့္ ေန႔သားသမီးေတြျဖစ္လာတတ္ၿပီးေတာ့ တနဂၤေႏြ၊ ရာဟုႏွင့္ စေနသားသမီးေတြက မိမိနဲ႔မအပ္စပ္တဲ့ ေန႔သားသမီးေတြ ျဖစ္လာတတ္ပါတယ္။

စေနေန႔ဖြားေတြဟာ အခုႏွစ္(၂၀၂၀)မွာ အသက္အားျဖင့္ ၅ႏွစ္၊ ၁၂ႏွစ္၊ ၁၉ႏွစ္၊ ၂၆ႏွစ္၊ ၃၃ႏွစ္၊ ၄၀ႏွစ္၊ ၄၇ႏွစ္၊ ၅၄ႏွစ္၊ ၆၁ႏွစ္၊ ၆၈ႏွစ္၊ ၇၅ႏွစ္စေသာ အသက္အပိုင္းအျခားေတြမွာ ေရာက္ေနခ်ိန္ဆိုရင္ေတာ့ ကံအညံ့ေတြမ်ားျပားၿပီး ကံဇာတာညႇိဳးႏြမ္းေနတယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ ဒီအသက္အပိုင္းအျခား ေရာက္ေနသူေတြကေတာ့ နီးစပ္တဲ့ဆရာေတြဆီမွာ ေမးျမန္းၿပီး အေသးစိပ္အႀကံဉာဏ္ယူေစခ်င္ပါတယ္။

ဒီႏွစ္မွာ သားသမီးေတြရဲ႕က်န္းမာေရး၊ ပညာေရးနဲ႔ပက္သက္လို႔ ပူပန္ရတတ္ပါတယ္။ ထီဝါသနာပါသူမ်ား ကားနဲ႔လွည့္ေရာင္းတဲ့ထီသည္ဆီကေန ထီထိုးလိုက္ပါ။ 3/6/9/5ဂဏန္းမ်ားမ်ားပါတဲ့ ထီလက္မွတ္ကို ေ႐ြးခ်ယ္ကံစမ္းလိုက္ပါ။ ဒီႏွစ္မွာႏွစ္ဖက္ေဆြမ်ိဳးေတြ ဒုကၡေပးတတ္တဲ့အတြက္ ပါးနပ္လိမၼာစြာ ေရွာင္တတ္တိမ္းတတ္ဖို႔ အထူးလိုအပ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ေတာ့ စေနသားသမီးေတြအေနနဲ႔ ဒီႏွစ္မွာ ေရရွည္စီမံကိန္းေတြ ခ်မွတ္လုပ္ကိုင္ပါ။ ေပၚပင္ကိစၥမ်ိဳးေတြ အထူးေရွာင္လိုက္ပါ။ ေဆြမ်ိဳးေတြ ဒုကၡေပးတတ္ပါတယ္။ တန္ဖိုးႀကီးတဲ့ပစၥည္းေတြဝယ္ျဖစ္တာ ဒီႏွစ္ေငြအထြက္မ်ားေနတတ္ပါတယ္။ ပညာေရးအား ေကာင္းႏိုင္ပါတယ္။ လက္ထပ္ပြဲေတြအဆင္ေျပေျပနဲ႔ ၿပီးေျမာက္တတ္ပါတယ္။

တစ္ႏွစ္စာအထူးယၾတာ

– ေမြးေန႔နံနက္မွာ သနပ္ခါးေရာင္ဝတ္ဆင္ၿပီးေတာ့ နီးစပ္ရာဘုရားေစတီသြားပါ။ ၾကာသပေတးေထာင့္မွာ ေမၿမိဳ႕ပန္း ၅ပြင့္ႏွင့္ေျမပဲေၾကာ္တစ္ပန္းကန္ ကပ္လႉဆုေတာင္းျခင္းမ်ား မၾကာခ
ဏျပဳလုပ္ေပးပါ။

– အိမ္ကဘုရားေစတီမွာ စံပယ္ပန္းေလးေတြ ပန္းေမြ႕ယာခင္းၿပီးလႉေပးပါ

– ထုံးေစတီေတြကို လိုအပ္ရင္ ထုံးသကၤန္းကပ္လႉေပးပါ။ (ေရညႇိတတ္ၿပီး အေရာင္လြင့္ေနတဲ့ထုံးေစတီေတြကို ျပန္လည္ထုံးသကၤန္းကပ္မြမ္းမံခိုင္းတာပါ)

– မၾကာခဏတရားစခန္းဝင္ပါ။ တရားစာအုပ္ေတြကို ဓမၼဒါနလုပ္ေပးပါ။

Credit: ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.