ရေတံခွန်​မှာ ဓာတ်ပုံရိုက်ရင်း ခြေချော်ပြုတ်ကျမှု နှစ်ဦးလုံး သေဆုံးသွားရှာပြီ.. ရုပ်သံထွက်ပေါ်လာ

တောနော်​​ရေတံခွန်​ အထက်ပိုင်း အမြင့်ပေ(200)ခန့် မှပြုတ်ကျ၍ အသက်(19)နှစ်အရွယ် မိန်းခလေး (2)ဦး သေဆုံးခြင်း သတင်းအပြည့်အစုံ

ထိုင်း.မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးအနီးမှ ကော့ကရိတ်မြို့ဘက်ခြမ်းရှိ တောနော်ရေတံခွန်တွင် ​ယနေ့(27-1-2019)ရက်နေ့ နံနက်​ (11:30)အချိန်ခန့်က အသက်(၁၉)နှစ် အရွယ် မိန်းခလေး(2) ဦး တောနော်ရေတံခွန်အထက်ပိုင်း အမြင့်​ပေ (200)ခန့် မှ အောက်သို့ ပြုတ်​ကျရာ (1)ဦးမှာ အခင်းဖြစ်​ပွားရာ နေရာတွင် ​သေဆုံးခဲ့ပြီး ကျန်​ (1)ဦးကို မြဝတီ​ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ​သေဆုံးသွားခဲ့တယ်​လို့ သိရပါတယ်​။

ဖြစ်စဉ်မှာ…2019 ဇန်နဝါရီ 27ရက်နေ့ နံနက်(11:10) အချိန်ခန့်က မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ပရိုဘောက်ယာဉ် အမှတ်.GG××××အဖြူရောင်ယာဉ်ဖြင့် တောနော်ရေတံခွန်တွင် ရေကူးရန်ထွက်လာသော မစုမြတ်ဝေ(19)နှစ် ဖလူးကျေးရွာ မြဝတီမြို့နယ်နေသူ နှင့် မမျိုးနန္ဒာကျော်(19)နှစ်ရွာမကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းဒေသကြီး နေသူတို့သည် သူငယ်ချင်း(8)ဦးတို့နှင့်အတူ ရေတံခွန်တွင် ရေကူးနေရာမှ….တောနော်ရေတံခွန်၏ အပေါ်ဆုံးထိပ်သို့ တက်ရောက်သွားပြီး သူငယ်ချင်းနှစ်ဦး ဓာတ်ပုံရိုက်နေစဉ် မမျိုးနန္ဒာကျော်မှာ ခြေချော်သွားကာ ရေတံခွန်၏အောက်ဘက်ပေ(200)ခန့်ရှိ ရေကန်အတွင်းသို့ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် မစုမြတ်ဝေ မှ လှမ်းဆွဲရာ နှစ်ဦးစလုံး ပြုတ်ကျသွားပြီး ရေတံခွန်ကျောက်နံရံများနှင့်တိုက်မိကာ….။

စုမြတ်ဝေမှာ ယာဘက်ဂျိုစောင်းပေါက်ပြဲ ဝဲဘက်နဖူး ပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် အခင်းဖြစ်​ပွားရာ ​တော​နော်​​ရေတံခွန်မှ ၎င်း၏ Dead Body ကို ​ကော့ကရိတ်​မြို့နယ်ပြည်သူ့ ဆေးရုံ ရင်​ခွဲရုံသို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ပို့​ဆောင်​​ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်မမျိုးနန္ဒာကျော်(၁၉)နှစ်တွင် ယာဘက်ခြမ်းမေးရိုးကျိုး ဦးခေါင်းနောက်စေ့ကျေ ယာဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ သေဆုံးခဲ့သည့် အသက်(19)နှစ်အရွယ် မိန်းခလေး(2)ဦး မှာ ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ရှိ တော့ပ်ဖောင်းအထည်ချုပ်စက်ရုံမှ တနင်္ဂနွေနေ့ စက်​ရုံပိတ်​ရက်​မှာ အလည်​လာကြတဲ့ ညစက်​ရုံအလုပ်​သမ​များ ဖြစ်ကြောင်း သိရပြီး ထိုသို့သေဆုံးမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့ မရဲစခန်းမှ သေမှုသေခင်းအမှတ်. 1/2019 နှင့် 2/2019တို့ဖြင့် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

နေနော်(မြဝတီ)

minkoko110