မိဘကျေးဇူးဆပ်ဖို့အတွက် (၇)ရက်တိတိ သာသနာ့ဘောင်ဝင်ခဲ့တဲ့ သရုပ်ဆောင် မုဏ်း

ပရိသတ်ကြီးရေ MRTV-4 မင်းသမီးလေး မုဏ်းကတော့ ” happy beach ” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက် ပရိသတ်တွေတော်တေ်ာများများလက်ခံအားပေးလာခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ ။ သူမရဲ့သွက်လက်တဲ့ အမူယာဟန်ပန်လေးတွေကြောင့် ပရိသတ်တွေအချစ်ပိုခဲ့တာလည်းဖြစ်ပါတယ် ။ မုဏ်းတစ်ယောက် လတ်တလောမှာတော့ ပရိသတ်တွေ သာဓုခေါ်ဆိုရမယ့် ကောင်းမှုလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

(၇) ရက်တိတိ သာသနာ့ဘောင်ထဲ ခေတ္တဝင်ရောက်ခဲ့ပြီး သာသနာ့အမွေကို ခံယူကာ မိဘကျေးဇူးကို ဆပ်လို့ လူထွက်ခဲ့ပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ သူမ ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို သိခြင်း ကြားခြင်း သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ထပ်တူရစေလိုခြင်းငှာ မျှဝေပေးပါတယ် လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်တွေကတော့ သူမပြုခဲ့တဲ့ ကောင်းမှုအစုစုအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုထားတဲ့ မှတ်ချက်လေးတွေကို ရေးသားခဲ့ကြပါတယ် ။ မုဏ်းကို ချစ်တဲ့ ပရိသတ်ကြီးအတွက်လည်း ကျက်သရေရှိလွန်းလှတဲ့ သာသနာ့ဘောင်က ပုံရိပ်လေးတွေကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Mone

Credit:Maria (Yaung Chi)

 

မိဘေက်းဇူးဆပ္ဖို႔အတြက္ (၇)ရက္တိတိ သာသနာ့ေဘာင္ဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ မုဏ္း

 

ပရိသတ္ႀကီးေရ MRTV-4 မင္းသမီးေလး မုဏ္းကေတာ့ ” happy beach ” ဇာတ္လမ္းတြဲမွာ ပါဝင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြေတာ္ေတ္ာမ်ားမ်ားလက္ခံအားေပးလာခဲ့တဲ့ မင္းသမီးတစ္ေယာက္ပါ ။ သူမရဲ႕သြက္လက္တဲ့ အမူယာဟန္ပန္ေလးေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုခဲ့တာလည္းျဖစ္ပါတယ္ ။ မုဏ္းတစ္ေယာက္ လတ္တေလာမွာေတာ့ ပရိသတ္ေတြ သာဓုေခၚဆိုရမယ့္ ေကာင္းမႈေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္ ။

(၇) ရက္တိတိ သာသနာ့ေဘာင္ထဲ ေခတၱဝင္ေရာက္ခဲ့ၿပီး သာသနာ့အေမြကို ခံယူကာ မိဘေက်းဇူးကို ဆပ္လို႔ လူထြက္ခဲ့ၿပီျဖစ္ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို အသိေပးလာခဲ့ပါတယ္ ။ သူမ ျပဳျပဳသမွ်ကုသိုလ္ေကာင္းမႈအစုစုတို႔ကို သိျခင္း ၾကားျခင္း သာဓုေခၚဆိုျခင္းျဖင့္ ကုသိုလ္ထပ္တူရေစလိုျခင္းငွာ မွ်ေဝေပးပါတယ္ လို႔လည္း ေရးသားေဖာ္ျပခဲ့ပါတယ္ ။

ပရိသတ္ေတြကေတာ့ သူမျပဳခဲ့တဲ့ ေကာင္းမႈအစုစုအတြက္ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆိုထားတဲ့ မွတ္ခ်က္ေလးေတြကို ေရးသားခဲ့ၾကပါတယ္ ။ မုဏ္းကို ခ်စ္တဲ့ ပရိသတ္ႀကီးအတြက္လည္း က်က္သေရရွိလြန္းလွတဲ့ သာသနာ့ေဘာင္က ပုံရိပ္ေလးေတြကို ထပ္ဆင့္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Mone

Credit:Maria (Yaung Chi)

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.