စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ၏ အံ့ဖွယ် ထူးခြားချက် (၁၄) ပါး

Unicodeဖြင့်ဖတ်ရန်

ဆွမ်းဦးပုညရှင်စေတီ၏ မင်းပြစ်မင်းဒဏ် လွတ်မြောက်စေသည်ဆိုသော အံ့ဖွယ် ထူးခြားချက် (၁၄) ပါး

၁။ ဘုရားပွဲတော် ကျင်းပတိုင်း ပရိသတ်မည်မျှပင် လာရောက်ကြသူ များပြားစေကာမူ စေတီရင်ပြင်သည် အမြဲဝင်ဆန့် ကျယ်ဝန်းနေခြင်း ။

၂။ စစ်ကိုင်းတောင်ရိုး ဝါတွင်းဘုရားပွဲစဉ် ( ၁၄ )ပွဲတွင် ဝါဆိုလပြည့်နေ့၌ ဆွမ်းဦးပုညရှင်စေတီကို စတင်ဆင်ယင်ပြုလုပ်ရခြင်း။ ထိုသို့ မဟုတ်လျှင် စီစဉ်သူများအား တစ်ခုခုထူးခြားချက်များ အသိပေးခံရခြင်း ။ (ဆွမ်းပွဲများ ဦးစွာ ဆက်ကပ်လှူရသောကြောင့် ဆွမ်းဦးပုညရှင်ဟု ခေါ်ကြောင်း သိရသည် ) ။

၃။ စစ်ကိုင်းတောင်ရိုးတဝိုက်၌ မိုးရာသီအစတွင် ဖြစ်စေ ၊ အခါမဲ့ မိုးရွာသွန်းခါနီးတွင် ဖြစ်စေ ၊ ပုညရှင်စေတီ၏ အောက်အတွင်းမှ ကျောက်ငဖားအော်သံကို လှိုဏ်ထ၍ အမြဲကြားရခြင်း ။

၄။ ပုညရှင်စေတီ ကျောင်း ၊ ကန် ၊ ဘုရား ရည်စူး၍ လှူဒါန်းရန် အဓိဋ္ဌာန်ပြု ငွေစုသောအခါ မမျှော်လင့်သောနေရာမှ ငွေကြေးများ ဝင်လာတတ်ခြင်း ။

၅။ မြေငလျင်လှူပ်ခါနီးတွင်ဖြစ်စေ ၊ ဘုရားပြို ပျက်ခါနီးတွင် ဖြစ်စေ ၊ ကျောင်း ၊ ကန် ၊ တန်ဆောင်းများ မီးဘေးသင့်ခါနီးတွင် ဖြစ်စေ ၊ ၃ – ညတိုင်တိုင် ကျီးပြို ခြင်း ။

ကျီးပြိုပြီး နောက်တစ်နေ့ နံနက်၌ ကျီးများ ထူးကဲစွာ စေတီတော်လုံးပြည့် လာရောက်နားခိုကြသဖြင့် မည်းနက်သွားအောင် စေတီတော်ကို ဖုံးလွှမ်းထားခြင်း ။

၆။ လပြည့်ပြီး အရုဏ်တက်သည်နှင့် လူတို့ထက်ဦးစွာ နတ်များ ဆွမ်းဦးကပ်လှူပြီး ဖြစ်နေလေ့ရှိခြင်း ၊ ဆွမ်းဦးကပ်လှူပြီးသည်နှင့် သိုက်မောင်းထုသံ ကိုးချက်တိတိ ကြားရခြင်း ။

၇။ မင်းပြစ် မင်းဒဏ်သင့်သူများ နဝင်္ဂသီလဆောက်တည်၍ ပုညရှင်စေတီတွင် အဓိဋ္ဌာန်ကိုးရက်ဝင်လျှင် မင်းပြစ် မင်းဒဏ်မှ လွတ်မြောက်ခြင်း ။

၈။ သင်္ဘောသားများ ပင်လယ်ရပ်ခြား ရေကြောင်းအမှုထမ်း မသွားမီ သွားရောက်ဖူးမျှော် ရှိခိုးပူဇော်သော် ဥပစ္ဆေကကံမှ ကင်းလွတ်ခြင်း ။

၉။ မင်းမှုထမ်းများ လပြည့်ကျော်သုံးရက် အရုဏ်တက်ချိန်တွင် ဆွမ်း၊ ပန်း ၊ ရေချမ်း ၊ ဆီမီးတို့ဖြင့် မွေးနေ့ မွေးနံမှ ဆက်ကပ်လှူဒါန်းပါလျှင် မင်းချီးမြင့် မြောက်စားခံရခြင်း ။

၁၀။ ဘုရားရှင်ကိုယ်တော်မြတ်၏ မျက်ကွင်းတော်ဓာတ် တန်ခိုးတေဇော် အာနုဘော်တော်အားကြောင့် ရက်ရှည်ဥပုသ်ဝင်လာလျှင် မနောအမြင် မနောအသိရခြင်း ၊ စက္ခု အမြင် စက္ခု အသိ ထူးကဲလာခြင်း ။

၁၁။ တိုင်းပြည်မြို့ရွာပျက်ခြင်း ၊ ဘာသာ သာသနာဘေးဒုက္ခအန္တရာယ်ကြုံ ခြင်း ၊ မင်းပြောင်းမင်းလွဲဖြစ်ခြင်း စသော ကိစ္စများ ပေါ်ပေါက်လာသော် ကြိုတင်၍ စေတီတော်မှ နီရဲညိုမောင်းသော ရောင်ခြည်တော် ကွန့်မြူ း ပြာဋိဟာထူး၍ ပြခြင်း ။

(သာဓကအားဖြင့် ပင်းယ စစ်ကိုင်း ပျက်ခါနီးတွင် တစ်ကြိမ် ၊ သိုဟန်ဘွား သာသနာဖျက်ခါနီးတွင် တစ်ကြိမ် ) ။

၁၂။ မင်းသက်ကုန်ခါနီးတွင်ဖြစ်စေ ၊ မင်းဆက်ပြတ်ခါနီး၌ ဖြစ်စေ ၊ ပုညရှင်စေတီတော်ရှိ တနင်္ဂနွေဂြိုဟ်တိုင်မှ စ၍ ဂြိုဟ်ကြီး ရှစ်ခွင် အစဉ်အတိုင်း ဆွမ်း ပန်း ရေချမ်းတင်၍ အဓိဋ္ဌာန်ဝင်ကာ တနင်္ဂနွေဂြိုဟ်တိုင်တွင် မွန်းမတည့်မီ ပြန်ဝင်ရခြင်းဖြင့် ပြန်လည်၍ အောင်လံထူ ရွှေထီးကိုင်နိုင်ခြင်း ။

၁၃။ ထူးခြားသော ပုဂ္ဂိုလ်ထူး ပုဂဂိုလ်မြတ် ၊ သံဃာထူး သံဃာမြတ်များ စခန်းဝင် ပြီးမြောက်ခါနီး၌ ကျောက်ငဖား ကိုးချက် အော်သံကြား၍ သိုက်မောင်းထုသံ ကိုးချက်ကြားရပြီးနောက် အခါမဲ့မိုးကြီး ရွာခြင်း ။

၁၄။ စစ်ကိုင်းတောင်ရိုး ငဖားတောင်မှ ပညာရှင် သိဒ္ဓိရှင် သာသနာပြု ပုဂ္ဂိုလ်များ သမထစခန်းအောင်မြင် ထွက်ရာလမ်းစဉ်ပြီးမြောက်၍ ခရီးပေါက်သောအခါ၌လည်းကောင်း ၊

ဝိပဿ နာပြီးမြောက် မဂ်ခေမာလမ်း ကြွလှမ်းသွားရောက်သောအခါ၌လည်းကောင်း ၊ ဖြူ ဖွေးတောက်ပသည့် ရောင်ခြည်တော်ကွန့်မြူ း တန်ခိုးတော်ထူးခြားစွာ ထီးတော်မှ ပြသခြင်း ။

ကျွန်တော်တို့ငယ်ငယ်က စစ်ကိုင်းတံတားကြီးပေါ်ကို ကားနဲ့ဲဖြတ်ခဲ့ရတဲ့ အချိန်တိုင်း တံတားပေါ် က မြင်ရတဲ့ စစ်ကိုင်းတောင်အလှ၊ ဧရာကမ်းခြေနဲ့ တောင်ပေါ်ကဘုရား စေတီရှုခင်းအလှတွေဟာ ကြည့်လို့ိမဝအောင် စွဲစွဲလန်းလန်း ဖြစ်ခဲ့ရပါ တယ် ။

ဒီလိုမြင်ကွင်းမျိုးကလည်း အဲဒီ အချိန်ကာလတုန်းက ဘယ်နေရာမှ မရှိခဲ့သလို ဧရာဝတီမြစ်ကူးတံတား ဆိုတာကလည်း ဒီတစ်စင်းပဲ ရှိခဲ့ဲတာမို့လား … ။

” မှန်းချွေ မေအလှမှူးရယ် ××အလွမ်းတွေ ပြေပါဘူးကွယ် ×× ကမ်းခြေဇေယျာဦးဝယ် . . .” တဲ့ ။

ဆရာမြတ်လင်းသူဆောင်းပါးထဲက ဒီသီချင်းကလေးအကြောင်းရေး ထားတာ ဖတ်မိပြန်တော့ … မဆုံဆည်းခဲ့ရှာတဲ့ ချစ်သူနှစ်ဦးရဲ့ဘဝကို သနားဂရုဏာသကမြိပါတယ်။

စစ်ကိုင်း(ဇေယျာ) သူကလေးနဲ့ တခဏတာတွေ့ဆုံလို့ စစ်ကိုင်း တောင်ပေါ်က ဘုရားတွေ အတူဖူးခဲ့ ကြပုံ ..ဧရာမြစ်ဆိပ်မှာ နှစ်သိမ့်စရာ စကားတွေ ဖောင်ဖွဲ့ခဲ့ကြပုံ .. ဆွမ်း ဦးပုညရှင်စေတီခြေရင်းမှာ ဆွမ်းအ

တူကပ်ရင်း ကြည်နူးခဲ့ရပုံ … မဆုံ ဆည်းခဲ့လေသော ဘဝမှာ ပြန်လည် တမ်းတ သတိရပုံလေးကို ရေးဖွဲ့ သီကုံးထားတဲ့ သီချင်းလေးမို့ . . . တံတားပေါ် ဖြတ်တိုင်း တိုးတိုးလေး ဆိုငြီးမိတာ အမှန်ပါ …။

စစ်ကိုင်းတောင်ရဲ့ အမြင့်ဆုံးနေရာ က ဆွမ်းဦးပုညရှင်ဘုရားကို ကြည် ညိုမိလေတိုင်းမှာလည်း ဒီဘုရားကို ဆွမ်းဦးကပ်တဲ့သူဟာ ဘယ်သူလဲလို့ ကလေးဘဝကတည်းက စိတ်ဝင် စားခဲ့မိပါတယ် ။

ဒီဘုရားကို ဘယ်သူတည်ခဲ့တာလဲ ၊ ဘယ်လိုထူး ခြားမှုတွေ ရှိလဲ ၊သူ့ရဲ့ အံ့ဖွယ်တွေ က ဘာတွေလည်းဆိုတာ အရမ်းကို သိချင်ခဲ့မိပါတယ် …။ စိတ်ဝင်စားတဲ့ လူငယ် လူရွယ်လေးတွေအတွက် ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါရစေ –

” လပြည့်နေ့တိုင်း အရုဏ်တတ်ချိန်မှာ လူထက် နတ်များက ဆွမ်းဦး ကပ်လှူပြီး ဖြစ်နေလေ့ ရှိခြင်း ဆွမ်းဦးကပ်ပြီးသည်နှင့်သိုက်မောင်း ထုသံ ၉ ချက်တိတိ ကြားရခြင်း။

(စစ်ကိုင်းမင်း အသင်္ခယာစောယွမ်း ကိုယ်တိုင် ဆွမ်းဦးကပ်မရလို့ အံ့သြ ကြည်ညိုစွာနဲ့ ပုညရှင်ဘုရားကနေ ပြီး ဆွမ်းဦးပုညရှင် ခေါ်တွင်ခဲ့ပါတယ် ။) ”

” မင်းပြစ်မင်းဒဏ်သင့်သူများ နဝင်္ဂင်္သီလ ဆောက်တည်ပြီး ပုညရှင်စေ တီမှာ အဓိဌာန် ၉ ရက် ဝင်လျှင် မင်းပြစ်မင်းဒဏ် မသင့်ခြင်း ။ ”

” ပင်လယ်ရပ်ခြား တာဝန်ထမ်းဆောင်မည့်သူများ၊သင်္ဘောသားများ သွားရောက်ဖူးမျှော် ရှိခိုးပူဇော်ပါက ဥပစ္ဆေဒက ကံက လွတ်ကင်းခြင်း ။ ”

” မင်းမှုထမ်းများ လပြည့်ကျော်၃ရက် အရုဏ်တတ်တွင် ဆွမ်း ပန်း ရေချမ်း ဆီမီးတို့နဲ့ မွေးနေ့ မွေးနံက ဆက်ကပ် လှူဌာန်းပါက မင်းချီး မြှင့်မြှောက်စားခံရခြင်း၊ရာထူးတိုး ခြင်း၊မျက်မူသော မင်းပင်ဖြစ်လင့်ကစား မင်းမာန်ပြေ၍ ပြန်လည်ချီး မြှင့် မြှောက်စားခြင်း။ ”

” ဘုရားရှင်ရဲ့ မျက်ကွင်းတော်ဓါတ် ဌာပနာထားသည့်အတွက် ရက်ရှည် ဥပုသ် ဝင်ပါက မနောအမြင် မနော အသိရခြင်း၊စက္ခုအမြင် စက္ခုအသိ ထူးကဲလာခြင်း …. ” တဲ့ ။

ဘုရားဒကာကတော့ ပင်းယ နဲ့ စစ်ကိုင်းနေပြည်တော်တို့ရဲ့ ပညာရှိ သက်တော်ရှည်အမတ်ကြီး ဦးပုည ဖြစ်ပါတယ် ။ ’ သောနဲ့ သတ္တ စတုချ ပုညစေတီတော် ‘ ဆိုတဲ့အတိုင်း သက္ကရာဇ်၆၇၄ ခုနှစ်မှာ တည်ထားခဲ့တဲ့ စေတီဖြစ်ပါတယ်။

ပုညအမတ်ဟာ ပင်းယတစ်စီးရှင်သီဟသူနဲ့ နောင်အခါ စစ် ကိုင်းမြို့တည် အသင်္ခယာစောယွန်း တို့ရဲ့ သေနာပတိ အမတ်ကြီး ဖြစ်ပါ တယ်။

ပုညရှင်စေတီဟာ ငဖားတောင် အမည်ရှိတဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ ဘုရားရှင် ယုန်မင်း ဘဝက နေခဲ့တဲ့ တောင်တော် ဖြစ်ပါ တယ်။ဘုရားသမိုင်းလေးကို အကျဉ်းချုပ် ပြီး တင်ပြရရင် ….

” ရှမ်းညီနောင်သုံးဦးထဲက အငယ် ဆုံးဖြစ်တဲ့ သီဟသူဟာ ပင်းယထီး နန်းကိုတည်ခဲ့ချိန်မှာ နန်းတွင်းထုံး တမ်း အစဉ်အလာကို မသိတော့ပုဂံက မိဖုရားကြီး ဖွားစောက အကူအညီပေးတယ်လို့ တခါက ရေးထဲ့ဖူးပါတယ်။

သီဟသူ ဘိသိတ်ခံပြီးချိန်မှာ ခစားကြတဲ့မှူးမတ်တွေ ပေါများတာကြောင့် … ဘုန်းတန်ခိုး ကြီးပါပေတယ်လို့ မိဖုရားကြီး ဖွား စောက ချီးမွမ်းပြီး ပုဂံပြည်အနော် ရထာလက်ထက်က စပြီး ကိုးကွယ် ခဲ့တဲ့ ဘုရားရှင်ဓါတ်တော် ခုနှစ်ဆူ ကိန်းဝပ်တဲ့ ကွမ်းအစ်တော်ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ရွှေကွမ်း အစ်တော် ဖြစ်ပါတယ်။ ( သီဟိုဘုရင်က ဆက်သကြောင်း၊ကျေးကုလားတွေက လုပ်ကြံရန်ဆက်သကြောင်း မူကွဲတွေ ရှိပေမယ့် အဲဒီအချိန်မှာ ဘုရင်သီဟသူဟာ တိုင်းတပါးဘုရင်တွေက လက် ဆောင် ဆက်သခံရအောင် ဘုန်းတံ ခိုး မကြီးသေးပါဘူး)

ဘုရင်သီဟသူက ကွမ်းအစ်တော်နဲ့ ကွမ်းစားတဲ့အခါ တစ်ကိုယ်လုံး ယားယံတဲ့အတွက် ပန်းတိမ်သည် ငစိန်သင်ကို ခေါ်ယူပြီး ရွှေကွမ်းအစ်ကို ဖျက်ဆီးစေခဲ့ပါတယ်။

ဓါတ်တော် ခုနှစ်ဆူကို ထုတ်ယူစေ ခဲ့ပါတယ်။ ငစိန်သင် ကံဆိုးတာက ဓါတ်တော် နှစ်ဆူဟာ ပေပေါ်တင် ပြီး ထုခွာစဉ်ကတည်းက ပေထဲကို တစ်ဆူ၊တူထဲကို တစ်ဆူ ဝင်သွား တာ ဘယ်သူမှ မသိလိုက်ပါဘူး ။

ဘုရင်သီဟသူကို ဓါတ်တော်ငါး ဆူပဲ ဆက်သနိုင်တဲ့အတွက် ပန်းထိမ် သည်ငစိန်သင်ဟာ မင်းပြစ်မင်းဒဏ် သင့်မှာကို ကြောက်လန့်ပြီး ညတွင်းချင်း စစ်ကိုင်းဖက်ကို လှေနဲ့ကူးပြီးထွက်ပြေးပါတယ်။

သူနဲ့အတူ’တူနဲ့ ပေ’ကို ပိုက်ပြီး ထွက်ပြေးခဲ့တာပါ။ နတ်တွေက လှေသမားအယောင် ဆောင်ပြီး စစ်ကိုင်းဖက် ပို့ခဲ့တယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။

ဒါကလည်း ဒီဓါတ်တော်နှစ်ဆူဟာ စစ်ကိုင်း တောင်ရိုးက ပုညရှင်ဘုရားမှာပဲ ကိန်းဝပ်လိုလို့ ဖြစ်ပါလိမ့်မယ် … ။ ဓါတ်တော်ငါးဆူကို ပင်းယရွှေစည်း ခုံဘုရားမှာ သီဟသူမင်းက ဌာပနာ ထားခဲ့ပါတယ် ။

ဓါတ်တော် နှစ်ဆူ ပျောက်လို့ ပန်းထိမ်သည် ငစိန်သင် ကို ဖမ်းဆည်းမေးမြန်းစစ်ဆေးစေ ခဲ့ပါတယ်။

ပန်းထိမ်ငစိန်သင်ဟာ စစ်ကိုင်း မင်းဖြစ်လာမယ့် အသင်္ခယာစော ယွမ်းထံ တစ်လှည့်ခစားနေတဲ့ ပညာ ရှိအမတ်ကြီး ဦးပုညထံ ဝင်ရောက် ခစားပုန်းခိုခဲ့ပါတယ်။

ညအချိန်မှာ ငစိန်သင်ဆီပါလာတဲ့ တူနဲ့ ပေထဲက ရောင်ခြည်တော်တွေ ကွန့်မြူးခဲ့တာ ကို အမတ်ကြီး ဦးပုည တွေ့ရှိသွား ခဲ့ပါတယ်။ ဓါတ်တော် နှစ်ဆူကို ငစိန်သင်ဆီက တရားသဖြင့် ရယူ ခဲ့ပြီး ဘုရားတည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိပုညရှင်တောင်ပေါ်မှာ သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့တဲ့ နှစ်တောင်ထွာခန့်ရှိ ဘုရားတစ် ဆူနဲ့ ပတူးသင်္ဃရာဇာတည်ခဲ့တဲ့ နှစ် တောင်ထွာခန့်ရှိ ဘုရားတစ်ဆူကြား မှာ ဓါတ်တော်နှစ်ဆူကို ဌာပနာလို့ အဲဒီဘုရားနှစ်ဆူကို ငုံပြီး ဘုရား တည်ခဲ့ပါတယ်။

အဲဒီဘုရားလေး တွေကလည်း ဘုရားရှင်မျက်ကွင်း တော်ဌာပနာထားလို့ တန်ခိုးကြီး ဘုရားတွေ ဖြစ်ပါသတဲ့ ။ ပုညအမတ်က တည်ခဲ့တာမို့ ပုညစေတီလို့ အစ ကနဦးမှာ ခေါ်တွင်ခဲ့ပါတယ်။

နောက်မကြာမီမှာ ဓါတ်တော်နှစ် ဆူခိုးယူမှု၊ ဘုရင်ကို အသိမပေးပဲ ဘုရားတည်မှု အပြစ်တွေနဲ့ အသင်္ခယာစောယွမ်းဟာ ပုည အမတ်နဲ့ ပန်းထိမ်သည်ငစိန်သင်ကို စစ်ကိုင်းမြို့တစ်နေရာမှာ ရေချ သတ်စေခဲ့ပါတယ်။

ဒါပေမယ့် ဘုရား တန်ခိုးနဲ့ သူတော်ကောင်းနှစ်ဦးဟာ ရေမှာနစ်မြှုပ်မသွားပဲ ရေက ဝန်း ဝိုင်းခြံရံပြီးသာ တည်ရှိနေတဲ့ အတွက် အံ့သြထိတ်လန့်စွာနဲ့ နှစ်ဦးစလုံးကို မသတ်တော့ပဲ ဘုရင်က အသက်ချမ်းသာပေးခဲ့ ပါတယ် ။

အဲဒီအရပ်ကို ရေဝန်းအရပ်လို့ စစ်ကိုင်းမြို့မှာ ခေါ်တွင်ခဲ့ပါတယ်။ ဒီနေ့အထိ ခေါ်တွင်နေဆဲပါ ။အသင်္ခယာစောယွမ်းဟာ ဘုရား ဒကာတွေနဲ့ အတူ ပူးပေါင်းပြီး ပုညရှင်စေတီကို ထပ်မံငုံပြီး ပြုပြင် မွမ်းမံလို့ ထီးတင်ပေးခဲ့ပါတယ်။

ပုညအမတ်ကိုလည်း သက်တော် ရှည်ရာထူး ပေးခဲ့ပါတယ်။ပန်းထမ် သည်ကိုလည်း ချီးမြှင့်မြှောက်စား ခဲ့ပါတယ် .. ။

တောစောင့်နတ် ၊တောင်စောင့်နတ် တွေဟာ ဒီတောင်ပေါ်မှာ ဘုရားရှင် ရဲ့ ဓါတ်တော်မွေတော်နှစ်ဆူကို ဌာပနာပြီး ဘုရားတည်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြတဲ့အပြင် ဝိုင်းဝန်း တည်ခဲ့ရာမှာလည်း ပါခဲ့လို့ လူနတ်စုပေါင်းတည်တဲ့ဘုရားလို့ ဖတ်ခဲ့ရ ဖူးပါတယ်။

အမှန်ကတော့ နတ်တွေတည်တဲ့ ဘုရားဆိုရင်လည်း မမှား ပါဘူး ။ သူတို့ ဖန်ဆင်းရယူခဲ့တဲ့ ဓါတ်တော်တွေဖြစ်တာကြောင့် ဘုရားဒကာနှစ်ဦးကိုလည်း အသက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လပြည့်နေ့ အရုဏ်တတ်တိုင်း လည်း တောင်စောင့်နတ်မင်းများက ဆွမ်းဦးကပ်ခဲ့တာကြောင့် ဒီနေ့ထိ လူတွေ ဆွမ်းဦးမကပ်နိုင်ခဲ့ဘူးလို့ မှတ်သားရပါတယ် ။

စစ်ကိုင်းဖက် ရောက်ခဲ့ရင် စစ်ကိုင်းတောင်နဲ့ မြစ်ဧရာအလှကို ရှုစားရင်း ဖူးမျှော်နိုင်ကြပါစေဖို့ စေတနာထား ရေးသား ပေးလိုက် ပါတယ် ။ ။

စာအုပ်မှတ်စုမှ ပြန်လည်မျှဝေပါသည် ။

credit – thutazone

Zawgyiျဖင့္ဖတ္ရန္

စစ္ကိုင္းေတာင္ ဆြမ္းဦးပုညရွင္ေစတီ၏ အံ့ဖြယ္ ထူးျခားခ်က္ (၁၄) ပါး

ဆြမ္းဦးပုညရွင္ေစတီ၏ မင္းျပစ္မင္းဒဏ္ လြတ္ေျမာက္ေစသည္ဆိုေသာ အံ့ဖြယ္ ထူးျခားခ်က္ (၁၄) ပါး

၁။ ဘုရားပြဲေတာ္ က်င္းပတိုင္း ပရိသတ္မည္မွ်ပင္ လာေရာက္ၾကသူ မ်ားျပားေစကာမူ ေစတီရင္ျပင္သည္ အၿမဲဝင္ဆန႔္ က်ယ္ဝန္းေနျခင္း ။

၂။ စစ္ကိုင္းေတာင္႐ိုး ဝါတြင္းဘုရားပြဲစဥ္ ( ၁၄ )ပြဲတြင္ ဝါဆိုလျပည့္ေန႔၌ ဆြမ္းဦးပုညရွင္ေစတီကို စတင္ဆင္ယင္ျပဳလုပ္ရျခင္း။ ထိုသို႔ မဟုတ္လွ်င္ စီစဥ္သူမ်ားအား တစ္ခုခုထူးျခားခ်က္မ်ား အသိေပးခံရျခင္း ။ (ဆြမ္းပြဲမ်ား ဦးစြာ ဆက္ကပ္လႉရေသာေၾကာင့္ ဆြမ္းဦးပုညရွင္ဟု ေခၚေၾကာင္း သိရသည္ ) ။

၃။ စစ္ကိုင္းေတာင္႐ိုးတဝိုက္၌ မိုးရာသီအစတြင္ ျဖစ္ေစ ၊ အခါမဲ့ မိုး႐ြာသြန္းခါနီးတြင္ ျဖစ္ေစ ၊ ပုညရွင္ေစတီ၏ ေအာက္အတြင္းမွ ေက်ာက္ငဖားေအာ္သံကို လႈိဏ္ထ၍ အၿမဲၾကားရျခင္း ။

၄။ ပုညရွင္ေစတီ ေက်ာင္း ၊ ကန္ ၊ ဘုရား ရည္စူး၍ လႉဒါန္းရန္ အဓိ႒ာန္ျပဳ ေငြစုေသာအခါ မေမွ်ာ္လင့္ေသာေနရာမွ ေငြေၾကးမ်ား ဝင္လာတတ္ျခင္း ။

၅။ ေျမငလ်င္လႉပ္ခါနီးတြင္ျဖစ္ေစ ၊ ဘုရားၿပိဳ ပ်က္ခါနီးတြင္ ျဖစ္ေစ ၊ ေက်ာင္း ၊ ကန္ ၊ တန္ေဆာင္းမ်ား မီးေဘးသင့္ခါနီးတြင္ ျဖစ္ေစ ၊ ၃ – ညတိုင္တိုင္ က်ီးၿပိဳ ျခင္း ။

က်ီးၿပိဳၿပီး ေနာက္တစ္ေန႔ နံနက္၌ က်ီးမ်ား ထူးကဲစြာ ေစတီေတာ္လုံးျပည့္ လာေရာက္နားခိုၾကသျဖင့္ မည္းနက္သြားေအာင္ ေစတီေတာ္ကို ဖုံးလႊမ္းထားျခင္း ။

၆။ လျပည့္ၿပီး အ႐ုဏ္တက္သည္ႏွင့္ လူတို႔ထက္ဦးစြာ နတ္မ်ား ဆြမ္းဦးကပ္လႉၿပီး ျဖစ္ေနေလ့ရွိျခင္း ၊ ဆြမ္းဦးကပ္လႉၿပီးသည္ႏွင့္ သိုက္ေမာင္းထုသံ ကိုးခ်က္တိတိ ၾကားရျခင္း ။

၇။ မင္းျပစ္ မင္းဒဏ္သင့္သူမ်ား နဝဂၤသီလေဆာက္တည္၍ ပုညရွင္ေစတီတြင္ အဓိ႒ာန္ကိုးရက္ဝင္လွ်င္ မင္းျပစ္ မင္းဒဏ္မွ လြတ္ေျမာက္ျခင္း ။

၈။ သေဘၤာသားမ်ား ပင္လယ္ရပ္ျခား ေရေၾကာင္းအမႈထမ္း မသြားမီ သြားေရာက္ဖူးေမွ်ာ္ ရွိခိုးပူေဇာ္ေသာ္ ဥပေစၦကကံမွ ကင္းလြတ္ျခင္း ။

၉။ မင္းမႈထမ္းမ်ား လျပည့္ေက်ာ္သုံးရက္ အ႐ုဏ္တက္ခ်ိန္တြင္ ဆြမ္း၊ ပန္း ၊ ေရခ်မ္း ၊ ဆီမီးတို႔ျဖင့္ ေမြးေန႔ ေမြးနံမွ ဆက္ကပ္လႉဒါန္းပါလွ်င္ မင္းခ်ီးျမင့္ ေျမာက္စားခံရျခင္း ။

၁၀။ ဘုရားရွင္ကိုယ္ေတာ္ျမတ္၏ မ်က္ကြင္းေတာ္ဓာတ္ တန္ခိုးေတေဇာ္ အာႏုေဘာ္ေတာ္အားေၾကာင့္ ရက္ရွည္ဥပုသ္ဝင္လာလွ်င္ မေနာအျမင္ မေနာအသိရျခင္း ၊ စကၡဳ အျမင္ စကၡဳ အသိ ထူးကဲလာျခင္း ။

၁၁။ တိုင္းျပည္ၿမိဳ႕႐ြာပ်က္ျခင္း ၊ ဘာသာ သာသနာေဘးဒုကၡအႏၲရာယ္ႀကဳံ ျခင္း ၊ မင္းေျပာင္းမင္းလြဲျဖစ္ျခင္း စေသာ ကိစၥမ်ား ေပၚေပါက္လာေသာ္ ႀကိဳတင္၍ ေစတီေတာ္မွ နီရဲညိဳေမာင္းေသာ ေရာင္ျခည္ေတာ္ ကြန႔္ျမဴ း ျပာဋိဟာထူး၍ ျပျခင္း ။

(သာဓကအားျဖင့္ ပင္းယ စစ္ကိုင္း ပ်က္ခါနီးတြင္ တစ္ႀကိမ္ ၊ သိုဟန္ဘြား သာသနာဖ်က္ခါနီးတြင္ တစ္ႀကိမ္ ) ။

၁၂။ မင္းသက္ကုန္ခါနီးတြင္ျဖစ္ေစ ၊ မင္းဆက္ျပတ္ခါနီး၌ ျဖစ္ေစ ၊ ပုညရွင္ေစတီေတာ္ရွိ တနဂၤေႏြၿဂိဳဟ္တိုင္မွ စ၍ ၿဂိဳဟ္ႀကီး ရွစ္ခြင္ အစဥ္အတိုင္း ဆြမ္း ပန္း ေရခ်မ္းတင္၍ အဓိ႒ာန္ဝင္ကာ တနဂၤေႏြၿဂိဳဟ္တိုင္တြင္ မြန္းမတည့္မီ ျပန္ဝင္ရျခင္းျဖင့္ ျပန္လည္၍ ေအာင္လံထူ ေ႐ႊထီးကိုင္ႏိုင္ျခင္း ။

၁၃။ ထူးျခားေသာ ပုဂၢိဳလ္ထူး ပုဂဂိုလ္ျမတ္ ၊ သံဃာထူး သံဃာျမတ္မ်ား စခန္းဝင္ ၿပီးေျမာက္ခါနီး၌ ေက်ာက္ငဖား ကိုးခ်က္ ေအာ္သံၾကား၍ သိုက္ေမာင္းထုသံ ကိုးခ်က္ၾကားရၿပီးေနာက္ အခါမဲ့မိုးႀကီး ႐ြာျခင္း ။

၁၄။ စစ္ကိုင္းေတာင္႐ိုး ငဖားေတာင္မွ ပညာရွင္ သိဒၶိရွင္ သာသနာျပဳ ပုဂၢိဳလ္မ်ား သမထစခန္းေအာင္ျမင္ ထြက္ရာလမ္းစဥ္ၿပီးေျမာက္၍ ခရီးေပါက္ေသာအခါ၌လည္းေကာင္း ၊

ဝိပႆ နာၿပီးေျမာက္ မဂ္ေခမာလမ္း ႂကြလွမ္းသြားေရာက္ေသာအခါ၌လည္းေကာင္း ၊ ျဖဴ ေဖြးေတာက္ပသည့္ ေရာင္ျခည္ေတာ္ကြန႔္ျမဴ း တန္ခိုးေတာ္ထူးျခားစြာ ထီးေတာ္မွ ျပသျခင္း ။

ကြၽန္ေတာ္တို႔ငယ္ငယ္က စစ္ကိုင္းတံတားႀကီးေပၚကို ကားနဲ႔ဲျဖတ္ခဲ့ရတဲ့ အခ်ိန္တိုင္း တံတားေပၚ က ျမင္ရတဲ့ စစ္ကိုင္းေတာင္အလွ၊ ဧရာကမ္းေျခနဲ႔ ေတာင္ေပၚကဘုရား ေစတီရႈခင္းအလွေတြဟာ ၾကည့္လို႔ိမဝေအာင္ စြဲစြဲလန္းလန္း ျဖစ္ခဲ့ရပါ တယ္ ။

ဒီလိုျမင္ကြင္းမ်ိဳးကလည္း အဲဒီ အခ်ိန္ကာလတုန္းက ဘယ္ေနရာမွ မရွိခဲ့သလို ဧရာဝတီျမစ္ကူးတံတား ဆိုတာကလည္း ဒီတစ္စင္းပဲ ရွိခဲ့ဲတာမို႔လား … ။

” မွန္းေခြၽ ေမအလွမႉးရယ္ ××အလြမ္းေတြ ေျပပါဘူးကြယ္ ×× ကမ္းေျခေဇယ်ာဦးဝယ္ . . .” တဲ့ ။

ဆရာျမတ္လင္းသူေဆာင္းပါးထဲက ဒီသီခ်င္းကေလးအေၾကာင္းေရး ထားတာ ဖတ္မိျပန္ေတာ့ … မဆုံဆည္းခဲ့ရွာတဲ့ ခ်စ္သူႏွစ္ဦးရဲ႕ဘဝကို သနားဂ႐ုဏာသကၿမိပါတယ္။

စစ္ကိုင္း(ေဇယ်ာ) သူကေလးနဲ႔ တခဏတာေတြ႕ဆုံလို႔ စစ္ကိုင္း ေတာင္ေပၚက ဘုရားေတြ အတူဖူးခဲ့ ၾကပုံ ..ဧရာျမစ္ဆိပ္မွာ ႏွစ္သိမ့္စရာ စကားေတြ ေဖာင္ဖြဲ႕ခဲ့ၾကပုံ .. ဆြမ္း ဦးပုညရွင္ေစတီေျခရင္းမွာ ဆြမ္းအ

တူကပ္ရင္း ၾကည္ႏူးခဲ့ရပုံ … မဆုံ ဆည္းခဲ့ေလေသာ ဘဝမွာ ျပန္လည္ တမ္းတ သတိရပုံေလးကို ေရးဖြဲ႕ သီကုံးထားတဲ့ သီခ်င္းေလးမို႔ . . . တံတားေပၚ ျဖတ္တိုင္း တိုးတိုးေလး ဆိုၿငီးမိတာ အမွန္ပါ …။

စစ္ကိုင္းေတာင္ရဲ႕ အျမင့္ဆုံးေနရာ က ဆြမ္းဦးပုညရွင္ဘုရားကို ၾကည္ ညိဳမိေလတိုင္းမွာလည္း ဒီဘုရားကို ဆြမ္းဦးကပ္တဲ့သူဟာ ဘယ္သူလဲလို႔ ကေလးဘဝကတည္းက စိတ္ဝင္ စားခဲ့မိပါတယ္ ။

ဒီဘုရားကို ဘယ္သူတည္ခဲ့တာလဲ ၊ ဘယ္လိုထူး ျခားမႈေတြ ရွိလဲ ၊သူ႔ရဲ႕ အံ့ဖြယ္ေတြ က ဘာေတြလည္းဆိုတာ အရမ္းကို သိခ်င္ခဲ့မိပါတယ္ …။ စိတ္ဝင္စားတဲ့ လူငယ္ လူ႐ြယ္ေလးေတြအတြက္ ဗဟုသုတ ရေအာင္ မွ်ေဝေပးလိုက္ပါရေစ –

” လျပည့္ေန႔တိုင္း အ႐ုဏ္တတ္ခ်ိန္မွာ လူထက္ နတ္မ်ားက ဆြမ္းဦး ကပ္လႉၿပီး ျဖစ္ေနေလ့ ရွိျခင္း ဆြမ္းဦးကပ္ၿပီးသည္ႏွင့္သိုက္ေမာင္း ထုသံ ၉ ခ်က္တိတိ ၾကားရျခင္း။

(စစ္ကိုင္းမင္း အသခၤယာေစာယြမ္း ကိုယ္တိုင္ ဆြမ္းဦးကပ္မရလို႔ အံ့ၾသ ၾကည္ညိဳစြာနဲ႔ ပုညရွင္ဘုရားကေန ၿပီး ဆြမ္းဦးပုညရွင္ ေခၚတြင္ခဲ့ပါတယ္ ။) ”

” မင္းျပစ္မင္းဒဏ္သင့္သူမ်ား နဝဂၤသႌလ ေဆာက္တည္ၿပီး ပုညရွင္ေစ တီမွာ အဓိဌာန္ ၉ ရက္ ဝင္လွ်င္ မင္းျပစ္မင္းဒဏ္ မသင့္ျခင္း ။ ”

” ပင္လယ္ရပ္ျခား တာဝန္ထမ္းေဆာင္မည့္သူမ်ား၊သေဘၤာသားမ်ား သြားေရာက္ဖူးေမွ်ာ္ ရွိခိုးပူေဇာ္ပါက ဥပေစၦဒက ကံက လြတ္ကင္းျခင္း ။ ”

” မင္းမႈထမ္းမ်ား လျပည့္ေက်ာ္၃ရက္ အ႐ုဏ္တတ္တြင္ ဆြမ္း ပန္း ေရခ်မ္း ဆီမီးတို႔နဲ႔ ေမြးေန႔ ေမြးနံက ဆက္ကပ္ လႉဌာန္းပါက မင္းခ်ီး ျမႇင့္ေျမႇာက္စားခံရျခင္း၊ရာထူးတိုး ျခင္း၊မ်က္မူေသာ မင္းပင္ျဖစ္လင့္ကစား မင္းမာန္ေျပ၍ ျပန္လည္ခ်ီး ျမႇင့္ ေျမႇာက္စားျခင္း။ ”

” ဘုရားရွင္ရဲ႕ မ်က္ကြင္းေတာ္ဓါတ္ ဌာပနာထားသည့္အတြက္ ရက္ရွည္ ဥပုသ္ ဝင္ပါက မေနာအျမင္ မေနာ အသိရျခင္း၊စကၡဳအျမင္ စကၡဳအသိ ထူးကဲလာျခင္း …. ” တဲ့ ။

ဘုရားဒကာကေတာ့ ပင္းယ နဲ႔ စစ္ကိုင္းေနျပည္ေတာ္တို႔ရဲ႕ ပညာရွိ သက္ေတာ္ရွည္အမတ္ႀကီး ဦးပုည ျဖစ္ပါတယ္ ။ ’ ေသာနဲ႔ သတၱ စတုခ် ပုညေစတီေတာ္ ‘ ဆိုတဲ့အတိုင္း သကၠရာဇ္၆၇၄ ခုႏွစ္မွာ တည္ထားခဲ့တဲ့ ေစတီျဖစ္ပါတယ္။

ပုညအမတ္ဟာ ပင္းယတစ္စီးရွင္သီဟသူနဲ႔ ေနာင္အခါ စစ္ ကိုင္းၿမိဳ႕တည္ အသခၤယာေစာယြန္း တို႔ရဲ႕ ေသနာပတိ အမတ္ႀကီး ျဖစ္ပါ တယ္။

ပုညရွင္ေစတီဟာ ငဖားေတာင္ အမည္ရွိတဲ့ ေတာင္ကုန္းေပၚမွာ တည္ရွိပါတယ္။ ဘုရားရွင္ ယုန္မင္း ဘဝက ေနခဲ့တဲ့ ေတာင္ေတာ္ ျဖစ္ပါ တယ္။ဘုရားသမိုင္းေလးကို အက်ဥ္းခ်ဳပ္ ၿပီး တင္ျပရရင္ ….

” ရွမ္းညီေနာင္သုံးဦးထဲက အငယ္ ဆုံးျဖစ္တဲ့ သီဟသူဟာ ပင္းယထီး နန္းကိုတည္ခဲ့ခ်ိန္မွာ နန္းတြင္းထုံး တမ္း အစဥ္အလာကို မသိေတာ့ပုဂံက မိဖုရားႀကီး ဖြားေစာက အကူအညီေပးတယ္လို႔ တခါက ေရးထဲ့ဖူးပါတယ္။

သီဟသူ ဘိသိတ္ခံၿပီးခ်ိန္မွာ ခစားၾကတဲ့မႉးမတ္ေတြ ေပါမ်ားတာေၾကာင့္ … ဘုန္းတန္ခိုး ႀကီးပါေပတယ္လို႔ မိဖုရားႀကီး ဖြား ေစာက ခ်ီးမြမ္းၿပီး ပုဂံျပည္အေနာ္ ရထာလက္ထက္က စၿပီး ကိုးကြယ္ ခဲ့တဲ့ ဘုရားရွင္ဓါတ္ေတာ္ ခုႏွစ္ဆူ ကိန္းဝပ္တဲ့ ကြမ္းအစ္ေတာ္ကို လက္ေဆာင္ေပးအပ္ခဲ့ပါတယ္။

ေ႐ႊကြမ္း အစ္ေတာ္ ျဖစ္ပါတယ္။ ( သီဟိုဘုရင္က ဆက္သေၾကာင္း၊ေက်းကုလားေတြက လုပ္ႀကံရန္ဆက္သေၾကာင္း မူကြဲေတြ ရွိေပမယ့္ အဲဒီအခ်ိန္မွာ ဘုရင္သီဟသူဟာ တိုင္းတပါးဘုရင္ေတြက လက္ ေဆာင္ ဆက္သခံရေအာင္ ဘုန္းတံ ခိုး မႀကီးေသးပါဘူး)

ဘုရင္သီဟသူက ကြမ္းအစ္ေတာ္နဲ႔ ကြမ္းစားတဲ့အခါ တစ္ကိုယ္လုံး ယားယံတဲ့အတြက္ ပန္းတိမ္သည္ ငစိန္သင္ကို ေခၚယူၿပီး ေ႐ႊကြမ္းအစ္ကို ဖ်က္ဆီးေစခဲ့ပါတယ္။

ဓါတ္ေတာ္ ခုႏွစ္ဆူကို ထုတ္ယူေစ ခဲ့ပါတယ္။ ငစိန္သင္ ကံဆိုးတာက ဓါတ္ေတာ္ ႏွစ္ဆူဟာ ေပေပၚတင္ ၿပီး ထုခြာစဥ္ကတည္းက ေပထဲကို တစ္ဆူ၊တူထဲကို တစ္ဆူ ဝင္သြား တာ ဘယ္သူမွ မသိလိုက္ပါဘူး ။

ဘုရင္သီဟသူကို ဓါတ္ေတာ္ငါး ဆူပဲ ဆက္သႏိုင္တဲ့အတြက္ ပန္းထိမ္ သည္ငစိန္သင္ဟာ မင္းျပစ္မင္းဒဏ္ သင့္မွာကို ေၾကာက္လန႔္ၿပီး ညတြင္းခ်င္း စစ္ကိုင္းဖက္ကို ေလွနဲ႔ကူးၿပီးထြက္ေျပးပါတယ္။

သူနဲ႔အတူ’တူနဲ႔ ေပ’ကို ပိုက္ၿပီး ထြက္ေျပးခဲ့တာပါ။ နတ္ေတြက ေလွသမားအေယာင္ ေဆာင္ၿပီး စစ္ကိုင္းဖက္ ပို႔ခဲ့တယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။

ဒါကလည္း ဒီဓါတ္ေတာ္ႏွစ္ဆူဟာ စစ္ကိုင္း ေတာင္႐ိုးက ပုညရွင္ဘုရားမွာပဲ ကိန္းဝပ္လိုလို႔ ျဖစ္ပါလိမ့္မယ္ … ။ ဓါတ္ေတာ္ငါးဆူကို ပင္းယေ႐ႊစည္း ခုံဘုရားမွာ သီဟသူမင္းက ဌာပနာ ထားခဲ့ပါတယ္ ။

ဓါတ္ေတာ္ ႏွစ္ဆူ ေပ်ာက္လို႔ ပန္းထိမ္သည္ ငစိန္သင္ ကို ဖမ္းဆည္းေမးျမန္းစစ္ေဆးေစ ခဲ့ပါတယ္။

ပန္းထိမ္ငစိန္သင္ဟာ စစ္ကိုင္း မင္းျဖစ္လာမယ့္ အသခၤယာေစာ ယြမ္းထံ တစ္လွည့္ခစားေနတဲ့ ပညာ ရွိအမတ္ႀကီး ဦးပုညထံ ဝင္ေရာက္ ခစားပုန္းခိုခဲ့ပါတယ္။

ညအခ်ိန္မွာ ငစိန္သင္ဆီပါလာတဲ့ တူနဲ႔ ေပထဲက ေရာင္ျခည္ေတာ္ေတြ ကြန႔္ျမဴးခဲ့တာ ကို အမတ္ႀကီး ဦးပုည ေတြ႕ရွိသြား ခဲ့ပါတယ္။ ဓါတ္ေတာ္ ႏွစ္ဆူကို ငစိန္သင္ဆီက တရားသျဖင့္ ရယူ ခဲ့ၿပီး ဘုရားတည္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

လက္ရွိပုညရွင္ေတာင္ေပၚမွာ သီရိဓမၼာေသာကမင္းႀကီးတည္ထားခဲ့တဲ့ ႏွစ္ေတာင္ထြာခန႔္ရွိ ဘုရားတစ္ ဆူနဲ႔ ပတူးသဃၤရာဇာတည္ခဲ့တဲ့ ႏွစ္ ေတာင္ထြာခန႔္ရွိ ဘုရားတစ္ဆူၾကား မွာ ဓါတ္ေတာ္ႏွစ္ဆူကို ဌာပနာလို႔ အဲဒီဘုရားႏွစ္ဆူကို ငုံၿပီး ဘုရား တည္ခဲ့ပါတယ္။

အဲဒီဘုရားေလး ေတြကလည္း ဘုရားရွင္မ်က္ကြင္း ေတာ္ဌာပနာထားလို႔ တန္ခိုးႀကီး ဘုရားေတြ ျဖစ္ပါသတဲ့ ။ ပုညအမတ္က တည္ခဲ့တာမို႔ ပုညေစတီလို႔ အစ ကနဦးမွာ ေခၚတြင္ခဲ့ပါတယ္။

ေနာက္မၾကာမီမွာ ဓါတ္ေတာ္ႏွစ္ ဆူခိုးယူမႈ၊ ဘုရင္ကို အသိမေပးပဲ ဘုရားတည္မႈ အျပစ္ေတြနဲ႔ အသခၤယာေစာယြမ္းဟာ ပုည အမတ္နဲ႔ ပန္းထိမ္သည္ငစိန္သင္ကို စစ္ကိုင္းၿမိဳ႕တစ္ေနရာမွာ ေရခ် သတ္ေစခဲ့ပါတယ္။

ဒါေပမယ့္ ဘုရား တန္ခိုးနဲ႔ သူေတာ္ေကာင္းႏွစ္ဦးဟာ ေရမွာနစ္ျမႇဳပ္မသြားပဲ ေရက ဝန္း ဝိုင္းၿခံရံၿပီးသာ တည္ရွိေနတဲ့ အတြက္ အံ့ၾသထိတ္လန႔္စြာနဲ႔ ႏွစ္ဦးစလုံးကို မသတ္ေတာ့ပဲ ဘုရင္က အသက္ခ်မ္းသာေပးခဲ့ ပါတယ္ ။

အဲဒီအရပ္ကို ေရဝန္းအရပ္လို႔ စစ္ကိုင္းၿမိဳ႕မွာ ေခၚတြင္ခဲ့ပါတယ္။ ဒီေန႔အထိ ေခၚတြင္ေနဆဲပါ ။အသခၤယာေစာယြမ္းဟာ ဘုရား ဒကာေတြနဲ႔ အတူ ပူးေပါင္းၿပီး ပုညရွင္ေစတီကို ထပ္မံငုံၿပီး ျပဳျပင္ မြမ္းမံလို႔ ထီးတင္ေပးခဲ့ပါတယ္။

ပုညအမတ္ကိုလည္း သက္ေတာ္ ရွည္ရာထူး ေပးခဲ့ပါတယ္။ပန္းထမ္ သည္ကိုလည္း ခ်ီးျမႇင့္ေျမႇာက္စား ခဲ့ပါတယ္ .. ။

ေတာေစာင့္နတ္ ၊ေတာင္ေစာင့္နတ္ ေတြဟာ ဒီေတာင္ေပၚမွာ ဘုရားရွင္ ရဲ႕ ဓါတ္ေတာ္ေမြေတာ္ႏွစ္ဆူကို ဌာပနာၿပီး ဘုရားတည္ျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ၾကတဲ့အျပင္ ဝိုင္းဝန္း တည္ခဲ့ရာမွာလည္း ပါခဲ့လို႔ လူနတ္စုေပါင္းတည္တဲ့ဘုရားလို႔ ဖတ္ခဲ့ရ ဖူးပါတယ္။

အမွန္ကေတာ့ နတ္ေတြတည္တဲ့ ဘုရားဆိုရင္လည္း မမွား ပါဘူး ။ သူတို႔ ဖန္ဆင္းရယူခဲ့တဲ့ ဓါတ္ေတာ္ေတြျဖစ္တာေၾကာင့္ ဘုရားဒကာႏွစ္ဦးကိုလည္း အသက္ ကယ္တင္ေပးခဲ့ျခင္း ျဖစ္ပါတယ္။

လျပည့္ေန႔ အ႐ုဏ္တတ္တိုင္း လည္း ေတာင္ေစာင့္နတ္မင္းမ်ားက ဆြမ္းဦးကပ္ခဲ့တာေၾကာင့္ ဒီေန႔ထိ လူေတြ ဆြမ္းဦးမကပ္ႏိုင္ခဲ့ဘူးလို႔ မွတ္သားရပါတယ္ ။

စစ္ကိုင္းဖက္ ေရာက္ခဲ့ရင္ စစ္ကိုင္းေတာင္နဲ႔ ျမစ္ဧရာအလွကို ရႈစားရင္း ဖူးေမွ်ာ္ႏိုင္ၾကပါေစဖို႔ ေစတနာထား ေရးသား ေပးလိုက္ ပါတယ္ ။ ။

စာအုပ္မွတ္စုမွ ျပန္လည္မွ်ေဝပါသည္ ။

credit – thutazone

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.