မော်တော်ကား/သုံးဘီး ဖြင့်စီးပွားရှာသူများ အတွက်ပါ
Unicodeဖြင့်ဖတ်ရန်
“မော်တော်ကားဖြင့်စီးပွားရှာသူများအတွက်” နေ့စဉ် နံနက်တိုင်း ကားကို ဖုံသုတ်လျှင် သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကို မပြတ်ရွတ်ဆို၍ ဖုံသုတ် ရေဆေးပြုရပါမယ် ။
အိမ်မှကားစထွက်လျှင် ကားရဲ့ဘောနပ်စ်ဖုံးမှာ အသက်အောင့်၍ “စ – ဓ – ဗ – ၀ “အက္ခရာ လေးလုံးကို လက်ညှိုးဖြင့်ရေးရပါမယ် ။
ကားရဲ့ဦးခေါင်းမှာနေ့စဉ် သပြေပန်းများကိုစိုက်ထိုး၍ အတွင်းမှာ ဂန္ဓမာပန်းများကို စိုက်ထိုး၍ ဘုရားကို လှူဒါန်းထားပါ ။
ကားပေါ်မှာ အယုတ္တ အနတ္တ မပြောရ။ ကားပေါ်မှာ မဖွယ် မရာ မပြုရ ။
မိမိသွားလိုသည့် ခရီးတစ်လျှောက် မြင်အပ် မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ များအား မေတ္တာ မပြတ် ပို့ပြီးမှ ခရီးစဉ်ကို စတင်ရပါမည် ။
အားနေလျှင် မိမိရှိနေသည့်ဝန်းကျင်မှ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတို့အား စူးစူးနစ်နစ် မေတ္တာပို့ ပေးနေရမှာ ဖြစ်ပါတယ် ။
အိမ်က ဘုရားမှာ ကားရဲ့ ဝှီးတက်မိတ္တူဖြစ်စေ။ ကားရဲ့ သက်သေခံ ပိုင်ဆိုင်မှုဖြစ်စေ ။
သို့မဟုတ်ကားနဲ့ပတ်သက်သော အထောက်အထားစာရွက်ဖြစ်စေ မိတ္တူကူး၍ ပလတ်စတစ်လောင်းကာ အောက်ကခံပြီး အပေါ်ကပန်းကန်ပြား အသေးတစ်ချပ်တင်ကာ ဘုရားရှင်အား သောက်တော်ရေချမ်းကို နေ့စဉ်နံနက်တိုင်း လှူဒါန်းပေးရပါမယ်။
ည ဖက် ဘုရားရှိခိုးရင် မိမိကားကိုငှား စီးကြသည့် ပုဂ္ဂိုလ်အပေါင်းကို စူးစူးနစ်နစ် မေတ္တာပို့ပေးပါ ။ ဘုရားရှိခိုး၍
“ဒိဝါတပတိ “ဂါထာတော်ကို နေ့စဉ် ပုတီးတစ်ပတ်စိပ်ပေးရပါမယ် ။
မှတ်ချက် – ဂမ္ဘီရယတြာများဖြစ်၍ အမဲသားစားခြင်းကို ရှောင်ကြဉ်ရပါမယ် ။
Creditထွဋ်အောင်ဝေ( လောကီပညာ )
Zawgyiဖြင့်ဖတ်ရန်
Focus Myanmar Team
Leave a Reply
Your email address will not be published. Required fields are marked *
Post comment
This site uses Akismet to reduce spam. Learn how your comment data is processed.