စနေနေ့နေ့တွင်လုပ်ဆောင်ရမသည့်အကြွေးလည်းကြေ၊ငွေဝင်လမ်းပွင့်စေသည့်နည်းကောင်းများ

စနေနေ့နေ့တွင် လုပ်ဆောင်ရမသည့် အကြွေးလည်းကြေ၊ငွေဝင်လမ်းပွင့်စေသည့် နည်းကောင်းများ

ရက်တစ်ပတ်လျှင်တစ်ကြိမ် စနေနေ့ကျရောက်သည့်နေ့တွင်ခြေသည်းလက်သည်းညှပ်ခြင်း၊ဆံပင်ညှပ်ခြင်း(သို့မဟုတ်)ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ် ရေချိုးသန့်စင်ခြင်း၊အိမ်အတွင်းရှိ အမှိုက်သရိုက်များ သန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊အိမ်မှာထမင်းစားခန်းသီးသန့်ရှိလျှင် ထိုအခန်းအတွင်းကိုသန့်ရှင်းရေးပြုလုပ်ပါ။

မိသားစုပျော်ရွှင်ရယ်မောစေသည့်ဓါတ်ပုံများ၊ကျက်သရေရှိပြီး လှပသောပန်းပုံများကိုတပ်ဆင်ထားလျှင် အင်မတန် စီးပွားတက် လာဘ်ရွှင်သည်။ပိုက်ဆံ {1000} ဖြစ်စေ {10000} ဖြစ်စေ ပံသကူပစ်လှူခြင်း၊သံဃာတော်ဘုန်းကြီးသူတော်စင်များ၊

သက်ကြီးရွယ်အိုများကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများလှူဒါန်းပေးရခြင်း၊တာလီစက်များလှူပေးရခြင်း၊တိုင်ကပ်နာရီလှူပေးရခြင်း။မြတ်စွာဘုရားရှင်အား နှမ်းဆီဖြင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ကံချေကန်တော့ ၊

ငါးပါးသီလခံယူပြီး”သုဂတော” ဂုဏ်တော်ကို ပုတီး(၁၀)ပတ်တိတိ စိပ်ရခြင်း၊မေတ္တာပို့ပေးခြင်း၊သူတော်စင် သူတော်မြတ်များ၏မေတ္တာကို ခံယူခြင်း၊အထက်ပါအတိုင်း စနေနေ့တွင် သတိတရလုပ်ဆောင်သွားမည်ဆိုပါက

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစေပြီးငွေအကြွေးတင်နေလို့ သောကရောက်နေသူများ အကြွေး မြန်မြန်ကြေစေရန်၊ ငွေကြေးကံနှိမ့်နေသူ၊ လာဘ်ပိတ်နေသူများ ငွေကံမြင့်ပြီးလာဘ်ပွင့်စေမယ့် နည်းကောင်းများပါ။

ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ ပက်သက်ပြီး ကြံကြံဖန်ဖန် အဆင်ပြေသွားနေခြင်းကို မုချ တွေ့နေရပါလိမ့်မယ်။ဖော်ပြထားသည့်လုပ်ဆောင်ချက်များကို အားလုံးမလုပ်နိုင်ခဲ့သည်ဆိုရင်တောင်မှ နည်းတစ်ခုခုတော့လုပ်ဖြစ်အောင်လုပ်ပေးသွားကြပါခင်ဗျ…..။

တစ်ခြားနေ့ရက်များတွင်လည်းအထက်ပါလုပ်ဆောင်ချက်များလုပ်လို့ရပါတယ်။အတိုက်အခိုက် အနှောင့်အယှက်ကင်းဝေးစေပြီး စိတ်ချမ်းသာစေပါတယ် ခင်ဗျ…..။

ဆရာဦးမင်းနိုင် သင်ပြပြောပြခဲ့ပြီး ဆရာကိုယ်တိုင်လုပ်ဆောင်နေတာကြာလာခဲ့ပါပြီ။အကျိုးခံစားချက်အာနိသင်များကို ဆရာ့မိတ်ဆွေများ တမြုံမြုံအားရပါးရ ရရှိစေရန် စေတနာနှင့် မျှဝေပေးလိုက်ရပါတယ်ခင်ဗျ….။

၇ရက်သားသမီးများ ငွေကြေးပြသနာအခက်အခဲများကင်းဝေးစေပြီး စီးပွားတက် အကြွေးဆပ်နိုင်ကြပါစေ

ဆရာဦးမင်းနိုင် နှင့်တကွသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ်လေးစားကြည်ညို ရှိခိုးဦးခိုက်လျက်….

ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်☯️ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

Credit: ဆရာပေါက်ကျိုင်း09776478912

 


 














Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.