ရန်ကုန်မှာ တူးချင်တိုင်း တူးနေတဲ့ အဝီစိတွင်းတွေရဲ့ ရေရှည်ဖြစ်လာနိုင်တဲ့ အန္တရာယ်

Zawgyiျဖင့္ဖတ္ရန္

 

ၿပီးခဲ့တဲ့ အပါတ္က ရန္ကုန္ကို ခန ျပန္ေရာက္တယ္။ ေတာင္ဥကၠလာပက သူငယ္ခ်င္းတစ္ေယာက္ဆီ သြားလည္တယ္။ သူနဲ႔ စကားေျပာရင္း သူ႔အိမ္ေဘးက တစ္ထပ္အိမ္တအိမ္ရဲ႕ ၿခံဝင္းထဲက အိမ္ေရွ႕ေျမကြက္လပ္မွာ အဝီစိတြင္း တူးေနတာ ေတြ႕လိုက္တယ္။ သူ႔ကို အဲဒီအိမ္က အဝီစိတြင္းတူးတာ ပါမစ္ ရွိလားဆိုေတာ့ သူမသိဘူးတဲ့။ သြားမေမးဘူးလားဆိုေတာ့ လည္း သူနဲ႔မဆိုင္လို႔ မေမးဘူးတဲ့။

သူ႔ကို ေျပာလိုက္တယ္။ မင္း ေနတဲ့ ၈ ထပ္က အခန္းကို ေရာင္းၿပီး တျခားမွာ သြားေနေတာ့ဆိုေတာ့ သူက လန႔္ျဖတ္သြား ၿပီး ဘာျဖစ္လို႔လဲတဲ့။ က်ေနာ္က ေျပာလိုက္တယ္။ ေဘးအိမ္က အဝီစိတြင္းက ေန႔စဥ္ေရေတြ စုပ္ေနတာ တခ်ိန္မွာ ေျမေအာက္မွာ ရွိတဲ့ ေရထုနည္းလာမယ္။ ေျမဂလႈိင္ႀကီးေတြ ျဖစ္လာမယ္။ ေျမေအာက္မွာ ေျမၿပိဳမႈ ျဖစ္လာမယ္။ သူ႔ ၈ ထပ္ တိုက္ဟာ အရင္က ေဆာက္ခဲ့ၿပီး pile ႐ိုက္ထားတာ မဟုတ္လို႔ တိုက္ႀကီး ေစာင္းသြားမယ္။ အဆင္မသင့္ရင္ တိုက္ႀကီး ၿပိဳက်သြားႏိုင္တယ္လို႔။ သူ ဘာဆက္လုပ္သလဲေတာ့ မသိပါ။

က်ေနာ္ဟာ ဘူမိေဗဒပညာရွင္ မဟုတ္လို႔ ခ်က္လက္နဲ႔ မရွင္းျပတတ္ပါ။ ဒါက သာမန္လူေတြ ေတြးၾကည့္ရင္ သိႏိုင္ပါတယ္။ ရန္ကုန္မွာ အဝီစိတြင္းေတြကို ကိုယ့္သေဘာနဲ႔ တူးေနၾကရင္ အထပ္ျမင့္အေဆာက္အဦေတြအတြက္ အႏၲရာယ္ ရွိေနၿပီဆိုတာ အသိေပးလိုက္ပါရေစ။

သင့္အိမ္ေဘးမွာ အဝီစိတြင္းတူးေနရင္ သူ႔ၿခံဝင္းထဲ လုပ္ေနတာပဲ ငါနဲ႔ မဆိုင္ပါဘူးဆိုၿပီး အမႈမဲ့ အမွတ္မဲ့ မေနပါနဲ႔။ ေျမႀကီး ေပၚမွာသာ ၿခံဝင္းနဲ႔ နယ္နိမိတ္သတ္မွတ္ထားတာပါ။ ေျမေအာက္က ေရထုမွာ နယ္နိမိတ္မရွိပါ။ သူ႔ၿခံဝင္းထဲမွာ အဝီစိတြင္း က ေရစုပ္ရင္း မိမိတိုက္ေအာက္မွာ ေျမဂလႈိင္ႀကီးျဖစ္လို ေျမနိမ့္က်သြားၿပီး မိမိတိုက္ၿပိဳသြားႏိုင္တယ္၊ ၊ ေျမႀကီးထဲ ကြၽံဝင္သြားႏိုင္တယ္ဆိုတာက္ု သတိျပဳနားလည္ထားေစခ်င္ပါတယ္။

သတင္းစာေတြမွာ ဖတ္မိသမွ် ေျပာရရင္ ဘန္ေကာက္ၿမိဳ႕မွာ ေျမေအာက္က ေရထုတ္မ်ားတာရယ္၊ အေဆာက္အဦျမင့္ႀကီး ေတြရဲ႕ အေလးခ်ိန္ကို မခံႏိုင္တာရယ္၊ ေျမေအာက္ရထားလမ္းေတြေၾကာင့္ ဘန္ေကာက္ၿမိဳ႕ႀကီးဟာ တႏွစ္ကို ၄ လက္မ ႏူန္းနဲ႔ ေျမႀကီးထဲကို ကြၽံဝင္ေနပါတယ္။ ပိုဆိုးေစတာက ကမာၻႀကီး ပူေႏြးလာတာေၾကာင့္ ဝန္႐ိုးစြန္းက ေရခဲေတာင္ေတြ အရည္ေပ်ာ္က်ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာပါတယ္။ ဘန္ေကာက္ၿမိဳ႕ရဲ႕ အနိမ့္ပိုင္းရပ္ကြက္ေတြကို ပင္လယ္ ေရေတြ စီးဝင္လာပါတယ္။

ဒါကို မေျဖရွင္းႏိုင္ဘူးဆိုရင္ ဘန္ေကာင္ၿမိဳ႕ဟာ ေနာင္ ၁၅ ႏွစ္ (၂၀၃၀ ခုနစ္) ေလာက္က်ရင္ ပင္လယ္ေရေအာက္ နစ္ျမဳပ္သြားလိမ့္မယ္တဲ့။ ဒီျပႆနာကို ေျဖရွင္းဖို႔ ဘန္ေကာက္ၿမိဳ႕ ပတ္လည္မွာ ပင္လယ္ေရကို ကာဆီးဖို႔ အုတံတိုင္းႀကီး ေတြ တည္ေဆာက္ရမွာျဖစ္ၿပီး အဲဒီအတြက္ ကုန္က်စရိတ္ ဘတ္ ၅၀၀ ဘီလီယံ (အေမရိကန္ ေဒၚလာ ၁၄.၄ ဘီလီယံ) ကုန္က်မွာ ျဖစ္ပါတယ္။

ကမာၻ႔အလယ္မွာ ဝင့္ဝင့္ႂကြားႂကြားေနႏိုင္ဖို႔ အထပ္ျမင့္ႀကီးေတြ ေဆာက္ခဲ့တဲ့ ဘန္ေကာက္ၿမိဳ႕ႀကီးဟာ အဲဒီအက်ိဳးဆက္ကို အခု ခံစားေနရပါၿပီ။ အေဆာက္အဦးေတြ ေျမႀကီးထဲ ကြၽံဝင္တာ ဘန္ေကာက္ၿမိဳ႕ႀကီး တခုထဲမဟုတ္ပါဘူး။ အေဆာက္အဦ အျမင့္ႀကီးေတြ ရွိၾကတဲ့ အီတလီႏိုင္ငံက ဗင္းနစ္ၿမိဳ႕နဲ႔ အေမရိကန္ႏိုင္ငံက နယူးေအာလင္း၊ လူဝီစီယာနားၿမိဳ႕ႀကီးေတြလဲ ေျမႀကီးထဲ နစ္ဝင္တဲ့ ျပႆနာႀကဳံေနရပါၿပီ။

ရန္ကုန္ၿမိဳ႕ႀကီးကို ေခတ္မီေစခ်င္လို႔ အထပ္အျမင့္ႀကီးေတြ ေဆာက္ခ်င္ၾကရင္ ဒါေတြကို အတုယူ ဆင္ျခင္ၾကဖို႔ လိုပါတယ္။ အထူးသျဖင့္ ပင္လယ္နဲ႔ နီးတဲ့ ရန္ကုန္ၿမိဳ႕အတြက္ ပညာရွင္ေတြ အမ်ားႀကီး စဥ္းစားလုပ္ေဆာင္ဖို႔ လိုပါတယ္။

Credit:ko min zaw swe, Lwin Mar (ေလးစားမႈျဖင့္ ခရက္ဒစ္)

 

Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်မှာ တူးချင်တိုင်း တူးနေတဲ့ အဝီစိတွင်းတွေရဲ့ ရေရှည်ဖြစ်လာနိုင်တဲ့ အန္တရာယ်

 

ပြီးခဲ့တဲ့ အပါတ်က ရန်ကုန်ကို ခန ပြန်ရောက်တယ်။ တောင်ဥက္ကလာပက သူငယ်ချင်းတစ်ယောက်ဆီ သွားလည်တယ်။ သူနဲ့ စကားပြောရင်း သူ့အိမ်ဘေးက တစ်ထပ်အိမ်တအိမ်ရဲ့ ခြံဝင်းထဲက အိမ်ရှေ့မြေကွက်လပ်မှာ အဝီစိတွင်း တူးနေတာ တွေ့လိုက်တယ်။ သူ့ကို အဲဒီအိမ်က အဝီစိတွင်းတူးတာ ပါမစ် ရှိလားဆိုတော့ သူမသိဘူးတဲ့။ သွားမမေးဘူးလားဆိုတော့ လည်း သူနဲ့မဆိုင်လို့ မမေးဘူးတဲ့။

သူ့ကို ပြောလိုက်တယ်။ မင်း နေတဲ့ ၈ ထပ်က အခန်းကို ရောင်းပြီး တခြားမှာ သွားနေတော့ဆိုတော့ သူက လန့်ဖြတ်သွား ပြီး ဘာဖြစ်လို့လဲတဲ့။ ကျနော်က ပြောလိုက်တယ်။ ဘေးအိမ်က အဝီစိတွင်းက နေ့စဉ်ရေတွေ စုပ်နေတာ တချိန်မှာ မြေအောက်မှာ ရှိတဲ့ ရေထုနည်းလာမယ်။ မြေဂလှိုင်ကြီးတွေ ဖြစ်လာမယ်။ မြေအောက်မှာ မြေပြိုမှု ဖြစ်လာမယ်။ သူ့ ၈ ထပ် တိုက်ဟာ အရင်က ဆောက်ခဲ့ပြီး pile ရိုက်ထားတာ မဟုတ်လို့ တိုက်ကြီး စောင်းသွားမယ်။ အဆင်မသင့်ရင် တိုက်ကြီး ပြိုကျသွားနိုင်တယ်လို့။ သူ ဘာဆက်လုပ်သလဲတော့ မသိပါ။

ကျနော်ဟာ ဘူမိဗေဒပညာရှင် မဟုတ်လို့ ချက်လက်နဲ့ မရှင်းပြတတ်ပါ။ ဒါက သာမန်လူတွေ တွေးကြည့်ရင် သိနိုင်ပါတယ်။ ရန်ကုန်မှာ အဝီစိတွင်းတွေကို ကိုယ့်သဘောနဲ့ တူးနေကြရင် အထပ်မြင့်အဆောက်အဦတွေအတွက် အန္တရာယ် ရှိနေပြီဆိုတာ အသိပေးလိုက်ပါရစေ။

သင့်အိမ်ဘေးမှာ အဝီစိတွင်းတူးနေရင် သူ့ခြံဝင်းထဲ လုပ်နေတာပဲ ငါနဲ့ မဆိုင်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ မြေကြီး ပေါ်မှာသာ ခြံဝင်းနဲ့ နယ်နိမိတ်သတ်မှတ်ထားတာပါ။ မြေအောက်က ရေထုမှာ နယ်နိမိတ်မရှိပါ။ သူ့ခြံဝင်းထဲမှာ အဝီစိတွင်း က ရေစုပ်ရင်း မိမိတိုက်အောက်မှာ မြေဂလှိုင်ကြီးဖြစ်လို မြေနိမ့်ကျသွားပြီး မိမိတိုက်ပြိုသွားနိုင်တယ်၊ ၊ မြေကြီးထဲ ကျွံဝင်သွားနိုင်တယ်ဆိုတာက်ု သတိပြုနားလည်ထားစေချင်ပါတယ်။

သတင်းစာတွေမှာ ဖတ်မိသမျှ ပြောရရင် ဘန်ကောက်မြို့မှာ မြေအောက်က ရေထုတ်များတာရယ်၊ အဆောက်အဦမြင့်ကြီး တွေရဲ့ အလေးချိန်ကို မခံနိုင်တာရယ်၊ မြေအောက်ရထားလမ်းတွေကြောင့် ဘန်ကောက်မြို့ကြီးဟာ တနှစ်ကို ၄ လက်မ နူန်းနဲ့ မြေကြီးထဲကို ကျွံဝင်နေပါတယ်။ ပိုဆိုးစေတာက ကမ္ဘာကြီး ပူနွေးလာတာကြောင့် ဝန်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပါတယ်။ ဘန်ကောက်မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကို ပင်လယ် ရေတွေ စီးဝင်လာပါတယ်။

ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် ဘန်ကောင်မြို့ဟာ နောင် ၁၅ နှစ် (၂၀၃၀ ခုနစ်) လောက်ကျရင် ပင်လယ်ရေအောက် နစ်မြုပ်သွားလိမ့်မယ်တဲ့။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘန်ကောက်မြို့ ပတ်လည်မှာ ပင်လယ်ရေကို ကာဆီးဖို့ အုတံတိုင်းကြီး တွေ တည်ဆောက်ရမှာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် ဘတ် ၅၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄.၄ ဘီလီယံ) ကုန်ကျမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားနေနိုင်ဖို့ အထပ်မြင့်ကြီးတွေ ဆောက်ခဲ့တဲ့ ဘန်ကောက်မြို့ကြီးဟာ အဲဒီအကျိုးဆက်ကို အခု ခံစားနေရပါပြီ။ အဆောက်အဦးတွေ မြေကြီးထဲ ကျွံဝင်တာ ဘန်ကောက်မြို့ကြီး တခုထဲမဟုတ်ပါဘူး။ အဆောက်အဦ အမြင့်ကြီးတွေ ရှိကြတဲ့ အီတလီနိုင်ငံက ဗင်းနစ်မြို့နဲ့ အမေရိကန်နိုင်ငံက နယူးအောလင်း၊ လူဝီစီယာနားမြို့ကြီးတွေလဲ မြေကြီးထဲ နစ်ဝင်တဲ့ ပြဿနာကြုံနေရပါပြီ။

ရန်ကုန်မြို့ကြီးကို ခေတ်မီစေချင်လို့ အထပ်အမြင့်ကြီးတွေ ဆောက်ချင်ကြရင် ဒါတွေကို အတုယူ ဆင်ခြင်ကြဖို့ လိုပါတယ်။ အထူးသဖြင့် ပင်လယ်နဲ့ နီးတဲ့ ရန်ကုန်မြို့အတွက် ပညာရှင်တွေ အများကြီး စဉ်းစားလုပ်ဆောင်ဖို့ လိုပါတယ်။

Credit:ko min zaw swe, Lwin Mar (လေးစားမှုဖြင့် ခရက်ဒစ်)

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.