ရန်ကုန်တွင် Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ရန် စာရင်းကောက်နေ

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ရောဂါအဖြစ်များတဲ့ ရပ်ကွက်တွေမှာသာ ကွက်ပြီး Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ စာရင်းကောက်ယူမှုတွေလုပ်နေတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေအားလုံးမှာ Stay at home အစီအစဉ် သတ်မှတ်ထားရာကနေ ရောဂါအဖြစ်များတဲ့ရပ်ကွက်တွေအလိုက်သာ Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ လုပ်ဆောင်နေတာပါ။

ရပ်ကွက်အလိုက် Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ ရောဂါကူးစက်မှု အခြေအနေတွေ၊ အသက် ၆၀ နဲ့အထက် ရောဂါဖြစ်ပွားမှုတွေအပေါ်မူတည်ပြီး သတ်မှတ်မှာ ဖြစ်တာကြောင့် စာရင်းကောက်ယူနေတယ်လို့ ဒေါက်တာထွန်းမြင့် က ပြောပါတယ်

ရန်ကုန်တိုင်းရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကို ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ ရောဂါထိန်းချုပ်ရေးအပေါ် ထိန်းညှိလုပ်ဆောင်နေရပြီး စားသောက်ဆိုင်တွေ ဖွင့်ခွင့်မပြုထားသလို ရန်ကုန်က ဘုရားစေတီတွေလည်း ဖွင့်ဖို့က အချိန်လိုဦးမယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စားဝတ်နေရေးကြပ်တည်းလို့ အပြင်ထွက်ဖို့လိုအပ်သူတွေနဲ့ မဖြစ်မနေဆိုင်ဖွင့်မှရမယ့်သူတွေကလည်း ကျန်းမာရေးစည်းကမ်းချက်တွေ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဦးနိုင်ငံလင်းက အကြံပြုထားပါတယ်။

နိုင်ငံတကာမှာ ကျန်းမာရေးနဲ့စီးပွားရေးပြဿနာကို ချိန်ညှိပြီး လုပ်ဆောင်နေရသလို ကျန်းမာရေးကိုအလွတ်ပေးလို့လည်း မရသေးဘူးလို့ UMFCCI ကုည်သည်စက်မှု အသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း Stat at home အစီအစဉ်ဖြေလျှော့မယ်ဆိုရင် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မှာဖြစ်ပြီး ဘယ်အတိုင်းအတာအထိ ဖြေလျှော့မယ်ဆိုတာ တိတိကျကျထုတ်ပြန်ဖို့လိုမယ်လို့ ဒေါက်တာမောင်မောင်လေးက ဆိုပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ကူးစက်မှုမြင့်တက်လာတာကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းက ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ် ၄၄ မြို့နယ်ကို Stay at home အစီအစဉ် ပြန်လည်သတ်မှတ်ထားတာပါ။

Credit:DVB

 

ရန္ကုန္တြင္ Stay at home အစီအစဥ္ေျပာင္းလဲသတ္မွတ္ရန္ စာရင္းေကာက္ေန

 

ရန္ကုန္တိုင္းမွာ ကိုဗစ္-၁၉ ေရာဂါအျဖစ္မ်ားတဲ့ ရပ္ကြက္ေတြမွာသာ ကြက္ၿပီး Stay at home အစီအစဥ္ေျပာင္းလဲသတ္မွတ္ဖို႔ စာရင္းေကာက္ယူမႈေတြလုပ္ေနတယ္လို႔ ရန္ကုန္တိုင္း က်န္းမာေရးဌာနမႉး ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။

ရန္ကုန္တိုင္းမွာ ကိုကိုးကြၽန္းၿမိဳ႕နယ္ကလြဲၿပီး က်န္ၿမိဳ႕နယ္ေတြအားလုံးမွာ Stay at home အစီအစဥ္ သတ္မွတ္ထားရာကေန ေရာဂါအျဖစ္မ်ားတဲ့ရပ္ကြက္ေတြအလိုက္သာ Stay at home အစီအစဥ္ေျပာင္းလဲသတ္မွတ္ဖို႔ လုပ္ေဆာင္ေနတာပါ။

ရပ္ကြက္အလိုက္ Stay at home အစီအစဥ္ေျပာင္းလဲသတ္မွတ္ဖို႔ ေရာဂါကူးစက္မႈ အေျခအေနေတြ၊ အသက္ ၆၀ နဲ႔အထက္ ေရာဂါျဖစ္ပြားမႈေတြအေပၚမူတည္ၿပီး သတ္မွတ္မွာ ျဖစ္တာေၾကာင့္ စာရင္းေကာက္ယူေနတယ္လို႔ ေဒါက္တာထြန္းျမင့္ က ေျပာပါတယ္

ရန္ကုန္တိုင္းရဲ႕ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးကို ျပည္သူေတြရဲ႕စားဝတ္ေနေရးနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးအေပၚ ထိန္းညႇိလုပ္ေဆာင္ေနရၿပီး စားေသာက္ဆိုင္ေတြ ဖြင့္ခြင့္မျပဳထားသလို ရန္ကုန္က ဘုရားေစတီေတြလည္း ဖြင့္ဖို႔က အခ်ိန္လိုဦးမယ္လို႔ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးၾကပ္တည္းလို႔ အျပင္ထြက္ဖို႔လိုအပ္သူေတြနဲ႔ မျဖစ္မေနဆိုင္ဖြင့္မွရမယ့္သူေတြကလည္း က်န္းမာေရးစည္းကမ္းခ်က္ေတြ လိုက္နာလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ဦးႏိုင္ငံလင္းက အႀကံျပဳထားပါတယ္။

ႏိုင္ငံတကာမွာ က်န္းမာေရးနဲ႔စီးပြားေရးျပႆနာကို ခ်ိန္ညႇိၿပီး လုပ္ေဆာင္ေနရသလို က်န္းမာေရးကိုအလြတ္ေပးလို႔လည္း မရေသးဘူးလို႔ UMFCCI ကုည္သည္စက္မႈ အသင္းခ်ဳပ္ဒုဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာလည္း Stat at home အစီအစဥ္ေျဖေလွ်ာ့မယ္ဆိုရင္ အေသးစားနဲ႔ အလတ္စားစီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္မွာျဖစ္ၿပီး ဘယ္အတိုင္းအတာအထိ ေျဖေလွ်ာ့မယ္ဆိုတာ တိတိက်က်ထုတ္ျပန္ဖို႔လိုမယ္လို႔ ေဒါက္တာေမာင္ေမာင္ေလးက ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါ တေက်ာ့ျပန္ကူးစက္မႈျမင့္တက္လာတာေၾကာင့္ စက္တင္ဘာလ ၂၁ ရက္ေန႔ကစၿပီး ရန္ကုန္တိုင္းက ကိုကိုးကြၽန္းၿမိဳ႕နယ္ကလြဲလို႔ က်န္တဲ့ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္ကို Stay at home အစီအစဥ္ ျပန္လည္သတ္မွတ္ထားတာပါ။

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.