(၆)လအဓိဌာန် ဝင်ခဲ့ရာကနေ သိန်းတစ်သောင်းခွဲကံထူးခဲ့သူ

Zawgyi ဖြင့်ဖတ်ရန်

 

ဒီကနေ့ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောက်ဘာလေထီဆုရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ပဲခူးမြို့နေ မိသားစုတစ်စုကကံထူးခဲ့ပါတယ်။

၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို ဂ- ၄၇၇၄၀၆ နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ကံထူးရှင်အမျိုးသမီးက ဘာသာရေး အလွန်လိုက်စားသူဖြစ်ကာ လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်ကာ ထီထိုးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

“ ပေါက်တာက ကျွန်တော့်အမျိုးသမီးပါ။ မင်္ဂလာစုံတွဲကနေပေါက်တာ။ သူကဘုရားတရားအရမ်းလုပ်တယ်တယ်။ကံကောင်းတာပေါ့။ ကျွန်တော်ဆို လတိုင်း ထီ (၄)-(၅)သိန်းဖိုးထိုးတယ်။ ဆုကြီးဆိုတာမပေါက်ဖူးဘူး။ အမျိုးသမီးကလွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်လာတာ။ အခုလည်းတရားထိုင်နေတယ်။ သူလုပ်တဲ့ကုသိုလ်တွေက သူ့ကိုအကျိုးပေးတယ်ပြောရမလားမသိဘူး”လို့ ကံထူးရှင်ရဲ့ အမျိုးသားဖြစ်သူ ဦးစိုးဦးက Duwun ကို ပြောပါတယ်။

ကံထူးရှင် မိသားစုက မိသားစု(၆)ဦးရှိကာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးစိုးဦးက လစဉ် ထီကို (၄)-(၅)သိန်းဖိုးထိုးလေ့ရှိသူပါ။

လစဉ် (၅)သောင်းစုတွေပေါက်လေ့ရှိပြီး ဒီလမှာ အမျိုးသမီးဖြစ်သူက ကျပ်သိန်းတစ်သောင်းခွဲကို ကံထူးခဲ့တာဖြစ်ပြီး အမျိုးသားကလည်း (၅)သောင်းစု (၄)စုကံထူးခဲ့တယ်လို့ သိရပါတယ်။

ကံထူးတဲ့ထီဆုငွေတွေကိုတော့ အမျိုးသမီးရဲ့ ဆန္ဒအတိုင်း လုပ်ပေးသွားမှာပါလို့ ဦးစိုးဦးကပြောပါတယ်။

အောင်ဘာလေထီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး အမြင့်ဆုံးဆုငွေ သိန်းတစ်သောင်းခွဲ အထိ တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ၂၂ ကြိမ်မြောက်ရှိနေပြီဖြစ်ပါတယ်။

Credit:Duwun

 

Unicode ျဖင့္ဖတ္ရန္

 

(၆)လအဓိဌာန္ ဝင္ခဲ့ရာကေန သိန္းတစ္ေသာင္းခြဲကံထူးခဲ့သူ

 

ဒီကေန႔ ဒီဇင္ဘာလ (၁)ရက္ေန႔မွာ ထြက္ရွိတဲ့ ေအာက္ဘာေလထီဆုရဲ႕ အျမင့္ဆုံးဆုျဖစ္တဲ့ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ပဲခူးၿမိဳ႕ေန မိသားစုတစ္စုကကံထူးခဲ့ပါတယ္။

၂၂ ႀကိမ္ေျမာက္ သိန္းတစ္ေသာင္းခြဲဆုကို ဂ- ၄၇၇၄၀၆ နံပတ္နဲ႔ ကံထူးခဲ့တာျဖစ္ၿပီး ကံထူးရွင္အမ်ိဳးသမီးက ဘာသာေရး အလြန္လိုက္စားသူျဖစ္ကာ လြန္ခဲ့တဲ့ (၆)လေလာက္ကတည္းက အဓိဌာန္ဝင္ကာ ထီထိုးခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။

“ ေပါက္တာက ကြၽန္ေတာ့္အမ်ိဳးသမီးပါ။ မဂၤလာစုံတြဲကေနေပါက္တာ။ သူကဘုရားတရားအရမ္းလုပ္တယ္တယ္။ကံေကာင္းတာေပါ့။ ကြၽန္ေတာ္ဆို လတိုင္း ထီ (၄)-(၅)သိန္းဖိုးထိုးတယ္။ ဆုႀကီးဆိုတာမေပါက္ဖူးဘူး။ အမ်ိဳးသမီးကလြန္ခဲ့တဲ့ (၆)လေလာက္ကတည္းက အဓိဌာန္ဝင္လာတာ။ အခုလည္းတရားထိုင္ေနတယ္။ သူလုပ္တဲ့ကုသိုလ္ေတြက သူ႔ကိုအက်ိဳးေပးတယ္ေျပာရမလားမသိဘူး”လို႔ ကံထူးရွင္ရဲ႕ အမ်ိဳးသားျဖစ္သူ ဦးစိုးဦးက Duwun ကို ေျပာပါတယ္။

ကံထူးရွင္ မိသားစုက မိသားစု(၆)ဦးရွိကာ အိမ္ေထာင္ဦးစီးျဖစ္သူ ဦးစိုးဦးက လစဥ္ ထီကို (၄)-(၅)သိန္းဖိုးထိုးေလ့ရွိသူပါ။

လစဥ္ (၅)ေသာင္းစုေတြေပါက္ေလ့ရွိၿပီး ဒီလမွာ အမ်ိဳးသမီးျဖစ္သူက က်ပ္သိန္းတစ္ေသာင္းခြဲကို ကံထူးခဲ့တာျဖစ္ၿပီး အမ်ိဳးသားကလည္း (၅)ေသာင္းစု (၄)စုကံထူးခဲ့တယ္လို႔ သိရပါတယ္။

ကံထူးတဲ့ထီဆုေငြေတြကိုေတာ့ အမ်ိဳးသမီးရဲ႕ ဆႏၵအတိုင္း လုပ္ေပးသြားမွာပါလို႔ ဦးစိုးဦးကေျပာပါတယ္။

ေအာင္ဘာေလထီကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္္္ဝါရီလကစတင္ၿပီး အျမင့္ဆုံးဆုေငြ သိန္းတစ္ေသာင္းခြဲ အထိ တိုးျမႇင့္ေပးခဲ့တာျဖစ္ၿပီး အခုဆိုရင္ ၂၂ ႀကိမ္ေျမာက္ရွိေနၿပီျဖစ္ပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.