အားကိုးရာမရှိတဲ့ အဘိုးအဘွားတွေသာမက စိတ်မနှံ့သူတွေကိုပါ ခေါ်ယူစောင့်ရှောက်ထားတဲ့ မိန်းကလေး

မင်္ဂလာပါ ပရိသတ်ကြီးရေဒီနေ့မှာတော့ ကျောင်း ဆရာမအလုပ်ကနေ ထွက်ပြီး သက်ကြီးရွယ်အို အဖိုးအဖွားများအတွက် ခိုလှုံရာဟေဟာ ဖွင့်ကာ ခေါ်ယူစောင့်ရှောက်ထားတဲ့ မိန်းမချောလေး တစ်ယောက်အကြေင်းပဲ ဖြစ်ပါတယ်။

မရှိဆင်းရဲသားတွေနဲ့ ခိုကိုးရာမဲ့နေတဲ့ အဘိုးဘွားတွေကို စောင့်ရှောက်တယ် ဆိုတာဟာ တကယ်မွန်မြတ်တဲ့ အလုပ်ပါ။ မိန်းမချောလေး တစ်ယောက်ကလည်း စွန့်ပစ်ခံ ဘိုးဘွားတွေကို စောင့် ရှောက်နေတာ ဖြစ်ပါတယ်။

ထို မိန်းကလေးက တော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အင်္ဂပိုလမ်းမကြီးဘေး သီလှကုန်းမှာနေတာဖြစ်ပါတယ်။ သူမရဲ့ ဘဝကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပါတယ်။ သူမဟာ ကျောင် းပြီးတော့ ကျောင်းဆရာမအလုပ် ဝင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ထို့နောက်သူမရဲ့ ခံယူချက်အရ အလုပ်ကထွက်ပြီးတော့ ခိုလူံရာဂေဟာကို ဟင်္သာတမြို့ လယ်တီကွင်းရပ် အောင်ချမ်းသာ ဘုန်းကြီးကျောင်းနားမှာ တည်ဆောက်ပြီး ဝန်ထမ်းတွေခန့်ကာ ပြုစုစောက်ရှောက်သူတွေမရှိ၊ အားကိုးရာမရှိတဲ့ သက်ကြီးအဘိုးအဘွားတွေကို ခိုလူံရာဂေဟာမှာ ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

အနယ်နယ် အရပ်ရပ်က အဘိုးဘွားတွေကိုလည်း သတင်းရရင် သူမကိုယ်တိုင် လိုက်ပါပြီး သွားရောက်ခေါ်ယူ စောင့်ရှောက်တာဖြစ်ပါတယ်။ သက်ကြီးဘိုးဘွားတွေ တင်မက၊လူလတ် ပိုင်းအရွယ်တွေ၊ မိဘမဲ့စွန့်ပစ်ခလေးတွေ၊ လမ်းဘေးမှာအိမ်ခြေရာခြေမဲ့နေသူတွေ ၊စိတ်မနှံ့ သူတွေပါ ခေါ်ပြီး စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

တစ်ချို့ ခေါ်ယူထားတဲ့သူတွေထဲက ကျန်းမာရေးချို့တဲ့နေသူတွေကို သေဆုံးသွားတဲ့ အခါမှာလည်း ကောင်းမွန်စွာပဲ လူတစ်ယောက်ရဲ့ နောက် ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ဖြစ်ပါတယ်။ သူမရဲ့ နှလုံးလှတဲ့မြင့်မြတ်တဲ့ စိတ်ထားကလူသားတိုင်းမလုပ်နိူင်ဘူးဆိုတာ ကျတော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ ထုတ်ဖော်မပြောပြပဲမနေနိူင်ပါဘူး။

ဒါတင်မကသေးပါဘူး သံဃာဇိဝိတဒါနဆေးရုံဆောက်ဖို့ ဟင်္သာတမြို့သစ်ဘက်မှာပဲ ခြံကွက် လပ် တစ်ခုဝယ် ယူပြီးသံဃာဇိဝိတဒါန ဆေးရုံ ဂေဟာကိုဆောက်လုပ် လှူဒါန်းထားခဲ့ပါသေးတယ်။ သူမရဲ့ ရဟန်းရှင်ပြည်သူအများ စောင့် ရှောက်ရေးဂေဟာတွေမှာ ဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာမတွေကို လစာနဲ့ခန့်ထားတာပါ။

ယခုလည်း ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် Positive ဖြစ်နေတဲ့လူနာတွေကို ထ္မင်းဟင်းနေ့စဉ်လှူဒါန်းနေပြီး သူမရဲ့ အမည်ကတော့ မသင်းရွှေစင်လိူင်ပဲဖြစ်ပါတယ်။ လေးစားဂုဏ် ယူမိပါတယ်။ ဦးခင်မောင်ဇော် + ဒေါ်ခင်လိူင် သမီး မသင်းရွှေစင်လိူင် (ခ) မပုံ့ပုံ့။ မူရင်းရေးသားသူ ခရက်ဒစ်ပေးပါတယ်။

Credit:ngweyaung

 

အားကိုးရာမရွိတဲ့ အဘိုးအဘြားေတြသာမက စိတ္မႏွံ႔သူေတြကိုပါ ေခၚယူေစာင့္ေရွာက္ထားတဲ့ မိန္းကေလး

 

အားကိုးရာမရွိတဲ့ အဘိုးအဘြားေတြသာမက စိတ္မႏွံ႔သူေတြကိုပါ ေခၚယူေစာင့္ေရွာက္ထားတဲ့ မိန္းကေလး

မဂၤလာပါ ပရိသတ္ႀကီးေရဒီေန႔မွာေတာ့ ေက်ာင္း ဆရာမအလုပ္ကေန ထြက္ၿပီး သက္ႀကီး႐ြယ္အို အဖိုးအဖြားမ်ားအတြက္ ခိုလႈံရာေဟဟာ ဖြင့္ကာ ေခၚယူေစာင့္ေရွာက္ထားတဲ့ မိန္းမေခ်ာေလး တစ္ေယာက္အေၾကင္းပဲ ျဖစ္ပါတယ္။

မရွိဆင္းရဲသားေတြနဲ႔ ခိုကိုးရာမဲ့ေနတဲ့ အဘိုးဘြားေတြကို ေစာင့္ေရွာက္တယ္ ဆိုတာဟာ တကယ္မြန္ျမတ္တဲ့ အလုပ္ပါ။ မိန္းမေခ်ာေလး တစ္ေယာက္ကလည္း စြန႔္ပစ္ခံ ဘိုးဘြားေတြကို ေစာင့္ ေရွာက္ေနတာ ျဖစ္ပါတယ္။

ထို မိန္းကေလးက ေတာ့ ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတၿမိဳ႕ အဂၤပိုလမ္းမႀကီးေဘး သီလွကုန္းမွာေနတာျဖစ္ပါတယ္။ သူမရဲ႕ ဘဝကေတာ့ ႐ိုး႐ိုးရွင္းရွင္းေလးျဖစ္ပါတယ္။ သူမဟာ ေက်ာင္ းၿပီးေတာ့ ေက်ာင္းဆရာမအလုပ္ ဝင္လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။

ထို႔ေနာက္သူမရဲ႕ ခံယူခ်က္အရ အလုပ္ကထြက္ၿပီးေတာ့ ခိုလူံရာေဂဟာကို ဟသၤာတၿမိဳ႕ လယ္တီကြင္းရပ္ ေအာင္ခ်မ္းသာ ဘုန္းႀကီးေက်ာင္းနားမွာ တည္ေဆာက္ၿပီး ဝန္ထမ္းေတြခန႔္ကာ ျပဳစုေစာက္ေရွာက္သူေတြမရွိ၊ အားကိုးရာမရွိတဲ့ သက္ႀကီးအဘိုးအဘြားေတြကို ခိုလူံရာေဂဟာမွာ ေခၚယူေစာင့္ေရွာက္ထားတာ ျဖစ္ပါတယ္။

အနယ္နယ္ အရပ္ရပ္က အဘိုးဘြားေတြကိုလည္း သတင္းရရင္ သူမကိုယ္တိုင္ လိုက္ပါၿပီး သြားေရာက္ေခၚယူ ေစာင့္ေရွာက္တာျဖစ္ပါတယ္။ သက္ႀကီးဘိုးဘြားေတြ တင္မက၊လူလတ္ ပိုင္းအ႐ြယ္ေတြ၊ မိဘမဲ့စြန႔္ပစ္ခေလးေတြ၊ လမ္းေဘးမွာအိမ္ေျခရာေျခမဲ့ေနသူေတြ ၊စိတ္မႏွံ႔ သူေတြပါ ေခၚၿပီး ေစာင့္ေရွာက္ထားတာ ျဖစ္ပါတယ္။

တစ္ခ်ိဳ႕ ေခၚယူထားတဲ့သူေတြထဲက က်န္းမာေရးခ်ိဳ႕တဲ့ေနသူေတြကို ေသဆုံးသြားတဲ့ အခါမွာလည္း ေကာင္းမြန္စြာပဲ လူတစ္ေယာက္ရဲ႕ ေနာက္ ဆုံးခရီးကို ပို႔ေဆာင္ေပးခဲ့ျဖစ္ပါတယ္။ သူမရဲ႕ ႏွလုံးလွတဲ့ျမင့္ျမတ္တဲ့ စိတ္ထားကလူသားတိုင္းမလုပ္ႏိူင္ဘူးဆိုတာ က်ေတာ္ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရေတာ့ ထုတ္ေဖာ္မေျပာျပပဲမေနႏိူင္ပါဘူး။

ဒါတင္မကေသးပါဘူး သံဃာဇိဝိတဒါနေဆး႐ုံေဆာက္ဖို႔ ဟသၤာတၿမိဳ႕သစ္ဘက္မွာပဲ ၿခံကြက္ လပ္ တစ္ခုဝယ္ ယူၿပီးသံဃာဇိဝိတဒါန ေဆး႐ုံ ေဂဟာကိုေဆာက္လုပ္ လႉဒါန္းထားခဲ့ပါေသးတယ္။ သူမရဲ႕ ရဟန္းရွင္ျပည္သူအမ်ား ေစာင့္ ေရွာက္ေရးေဂဟာေတြမွာ ဝန္ထမ္းေတြ၊ ေဆးဘက္ဆိုင္ရာ ဆရာမေတြကို လစာနဲ႔ခန႔္ထားတာပါ။

ယခုလည္း ဟသၤာတၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွာ ကိုဗစ္ Positive ျဖစ္ေနတဲ့လူနာေတြကို ထၼင္းဟင္းေန႔စဥ္လႉဒါန္းေနၿပီး သူမရဲ႕ အမည္ကေတာ့ မသင္းေ႐ႊစင္လိူင္ပဲျဖစ္ပါတယ္။ ေလးစားဂုဏ္ ယူမိပါတယ္။ ဦးခင္ေမာင္ေဇာ္ + ေဒၚခင္လိူင္ သမီး မသင္းေ႐ႊစင္လိူင္ (ခ) မပုံ႔ပုံ႔။ မူရင္းေရးသားသူ ခရက္ဒစ္ေပးပါတယ္။

Credit:ngweyaung

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.