ရန်ကုန်တိုင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၁၀၀ ခန့် ပြန်ဖွင့်ခွင့်ရ

Unicodeဖြင့်ဖတ်ရန်

 

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပိတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေထဲက ၂၁၀၀ လောက် ဒီနေ့ ပြန်ဖွင့်ခွင့်ရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ရောဂါကာကွယ်ရေးပြင်ဆင်ထားတာမှာ A အဆင့်ရတဲ့ စက်ရုံတွေ ဖွင့်ခွင့်ရတာပါ။

ဖွင့်ခွင့်ရတဲ့ ကုန်ထုတ်လုပ်ငန်းတွေအထဲမှာ အထည်ချုပ်၊ အိတ်ချုပ်၊ ဖိနပ်ချုပ် စတဲ့ လက်ခစား CMP လုပ်ငန်းတွေနဲ့ အလုပ်ဌာနတွေပါဝင်တယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီလို ဖွင့်ခွင့်ရတဲ့စက်ရုံတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အရင်က စစ်ဆေးခဲ့တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ပဲ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေ ဖွင့်လှစ်ခွင့်ပြုပြီး စစ်ဆေးရေးတွေကိုတော့ ဖွင့်ပြီးမှ ဆောင်ရွက်မဲ့အနေအထားပါ။

ဒါပေမဲ့ အခု ဒုတိယလှိုင်းကာလမှာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်တဲ့ A အဆင့်ရ စက်ရုံတွေထဲက တချို့က ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ရှိတာကြောင့် စက်ရုံတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ပြင်ဆင်ထားရှိမှုအပိုင်းတွေကို စစ်ဆေးတာမရှိဘဲ ပြန်လည်ဖွင့်ခွင့်ပြုတဲ့အပေါ် အလုပ်သမား အဖွဲ့ချုပ်တွေရဲ့ ကန့်ကွက်တာတွေလည်းရှိနေပါတယ်။

လက်ရှိမှာ A အဆင့်ရစက်ရုံတွေကိုပဲ ဖွင့်ခွင့်ပေးထားပြီး ကျန် B အဆင့်ရတဲ့ စက်ရုံ အလုပ်ရုံ တွေကတော့ ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေပြင်ဆင်ပြီး တိုင်းအစိုးရကို တင်ပြရမှာဖြစ်ပါတယ်။

အဲဒီလိုတင်ပြလာတဲ့ စက်ရုံတွေကို ဘယ်လိုစစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပြုမယ်ဆိုတာကိုတော့ အခုချိန်အထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ရန္ကုန္တိုင္းရွိ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာန ၂၁၀၀ ခန႔္ ျပန္ဖြင့္ခြင့္ရ

 

ကိုဗစ္-၁၉ ေရာဂါအေျခအေနေၾကာင့္ ပိတ္ထားတဲ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနေတြထဲက ၂၁၀၀ ေလာက္ ဒီေန႔ ျပန္ဖြင့္ခြင့္ရပါတယ္။

ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေရာဂါကာကြယ္ေရးျပင္ဆင္ထားတာမွာ A အဆင့္ရတဲ့ စက္႐ုံေတြ ဖြင့္ခြင့္ရတာပါ။

ဖြင့္ခြင့္ရတဲ့ ကုန္ထုတ္လုပ္ငန္းေတြအထဲမွာ အထည္ခ်ဳပ္၊ အိတ္ခ်ဳပ္၊ ဖိနပ္ခ်ဳပ္ စတဲ့ လက္ခစား CMP လုပ္ငန္းေတြနဲ႔ အလုပ္ဌာနေတြပါဝင္တယ္လို႔ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (UMFCCI)ရဲ႕ ဥကၠ႒က ေျပာပါတယ္။

ဒီလို ဖြင့္ခြင့္ရတဲ့စက္႐ုံေတြကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါဝင္တဲ့ အရင္က စစ္ေဆးခဲ့တဲ့ ပူးေပါင္းအဖြဲ႕ေတြနဲ႔ပဲ ဆက္လက္စစ္ေဆးမွာျဖစ္ပါတယ္။

စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနေတြ ဖြင့္လွစ္ခြင့္ျပဳၿပီး စစ္ေဆးေရးေတြကိုေတာ့ ဖြင့္ၿပီးမွ ေဆာင္႐ြက္မဲ့အေနအထားပါ။

ဒါေပမဲ့ အခု ဒုတိယလႈိင္းကာလမွာ ျပန္လည္ဖြင့္ခြင့္ျပဳလိုက္တဲ့ A အဆင့္ရ စက္႐ုံေတြထဲက တခ်ိဳ႕က ကိုဗစ္-၁၉ ကူးစက္ခံရသူေတြ ရွိတာေၾကာင့္ စက္႐ုံေတြရဲ႕ က်န္းမာေရးပိုင္းဆိုင္ရာ ျပင္ဆင္ထားရွိမႈအပိုင္းေတြကို စစ္ေဆးတာမရွိဘဲ ျပန္လည္ဖြင့္ခြင့္ျပဳတဲ့အေပၚ အလုပ္သမား အဖြဲ႕ခ်ဳပ္ေတြရဲ႕ ကန႔္ကြက္တာေတြလည္းရွိေနပါတယ္။

လက္ရွိမွာ A အဆင့္ရစက္႐ုံေတြကိုပဲ ဖြင့္ခြင့္ေပးထားၿပီး က်န္ B အဆင့္ရတဲ့ စက္႐ုံ အလုပ္႐ုံ ေတြကေတာ့ ေရာဂါကာကြယ္ေရးအတြက္ လိုအပ္တဲ့ ေဆာင္႐ြက္ခ်က္ေတြျပင္ဆင္ၿပီး တိုင္းအစိုးရကို တင္ျပရမွာျဖစ္ပါတယ္။

အဲဒီလိုတင္ျပလာတဲ့ စက္႐ုံေတြကို ဘယ္လိုစစ္ေဆးၿပီး ျပန္ဖြင့္ခြင့္ျပဳမယ္ဆိုတာကိုေတာ့ အခုခ်ိန္အထိ ထုတ္ျပန္ထားတာမရွိေသးပါဘူး။

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.