ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးဌာနတစ်ခု သုဝဏ္ဏ အားကစားကွင်း၌ ဖွင့်လှစ်မည်

Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်မြို့ရှိ ပြည်သူလူထုတွေ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းစတဲ့ ကိုဗစ်-၁၉ လက္ခဏာတွေ ခံစားရပါကလာရောက်ပြသဖို့နဲ့ COVID-19 Rapid Diagnostic Test(RDT)နဲ့ စစ်ဆေးပေးနိုင်ဖို့ Testing Centre တစ်ခုကို သုဝဏ္ဏအားကစားကွင်းမှာ ဖွင့်လှစ်မယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက ကြေညာပါတယ်။

အဆိုပါTesting Centre ကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လာရောက်ပြသမယ်ဆိုရင် တယ်လီဖုန်း(သို့မဟုတ်) အွန်လိုင်းကတဆင့် မှတ်ပုံတင်ကာ လူနာနံပါတ်တစ်ခု ကြိုတင်ရယူထားရ မှာပါ။

လူနာရဲ့အခြေအနေအပေါ်မူတည်၍ ပြသမဲ့နေ့ရက်နဲ့ အချိန်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။

လာရောက်ပြသချိန်တွင် RDT နဲ့ စစ်ဆေးဖို့လိုအပ်လျှင် ချက်ချင်းစစ်ဆေးပြီး ဓာတ်ခွဲအဖြေပေါ် မူတည်ကာ ဆက်လက်ကုသခြင်း၊ Quarantine ထားရှိတာတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

ဒီစင်တာအတွက် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆရာဝန်များအသင်း၊ ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးပညာရှင်တွေနဲ့ တခြား Quarantine Centre တွေက စေတနာ့ ဝန်ထမ်းတွေ စုစုပေါင်း အယောက် ၄၀ လောက် ပါဝင်ကူညီသွားမယ်လို့ သိရပါတယ်။

သတင်း – အိသဇင်ခိုင်၊ ဓာတ်ပုံ – YgnRHD

Credit:DVB

 

Zawgyiျဖင့္ဖတ္ရန္

 

ကိုဗစ္-၁၉ စမ္းသပ္စစ္ေဆးဌာနတစ္ခု သုဝဏၰ အားကစားကြင္း၌ ဖြင့္လွစ္မည္

 

ရန္ကုန္ၿမိဳ႕ရွိ ျပည္သူလူထုေတြ ဖ်ားနာျခင္း၊ အနံ႔ေပ်ာက္ျခင္းစတဲ့ ကိုဗစ္-၁၉ လကၡဏာေတြ ခံစားရပါကလာေရာက္ျပသဖို႔နဲ႔ COVID-19 Rapid Diagnostic Test(RDT)နဲ႔ စစ္ေဆးေပးႏိုင္ဖို႔ Testing Centre တစ္ခုကို သုဝဏၰအားကစားကြင္းမွာ ဖြင့္လွစ္မယ္လို႔ ရန္ကုန္တိုင္းက်န္းမာေရးဦးစီးဌာနက ေၾကညာပါတယ္။

အဆိုပါTesting Centre ကို ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနနဲ႔ ဧရာဝတီေဖာင္ေဒးရွင္းတို႔ ပူးေပါင္းၿပီးေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ လာေရာက္ျပသမယ္ဆိုရင္ တယ္လီဖုန္း(သို႔မဟုတ္) အြန္လိုင္းကတဆင့္ မွတ္ပုံတင္ကာ လူနာနံပါတ္တစ္ခု ႀကိဳတင္ရယူထားရ မွာပါ။

လူနာရဲ႕အေျခအေနအေပၚမူတည္၍ ျပသမဲ့ေန႔ရက္နဲ႔ အခ်ိန္ကို သတ္မွတ္ေပးမွာျဖစ္ပါတယ္။

လာေရာက္ျပသခ်ိန္တြင္ RDT နဲ႔ စစ္ေဆးဖို႔လိုအပ္လွ်င္ ခ်က္ခ်င္းစစ္ေဆးၿပီး ဓာတ္ခြဲအေျဖေပၚ မူတည္ကာ ဆက္လက္ကုသျခင္း၊ Quarantine ထားရွိတာေတြ ျပဳလုပ္သြားမယ္လို႔ဆိုပါတယ္။

ဒီစင္တာအတြက္ ျမန္မာႏိုင္ငံ သြားဘက္ဆိုင္ရာဆရာဝန္မ်ားအသင္း၊ ပုဂၢလိကေဆး႐ုံမ်ားမွ ေစတနာ့ဝန္ထမ္း၊ က်န္းမာေရးပညာရွင္ေတြနဲ႔ တျခား Quarantine Centre ေတြက ေစတနာ့ ဝန္ထမ္းေတြ စုစုေပါင္း အေယာက္ ၄၀ ေလာက္ ပါဝင္ကူညီသြားမယ္လို႔ သိရပါတယ္။

သတင္း – အိသဇင္ခိုင္၊ ဓာတ္ပုံ – YgnRHD

Credit:DVB

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.