ဖျာပုံမြို့နယ်ရှိ နာရေးတစ်ခုသို့ သွားရောက်ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

Unicodeဖြင့်ဖတ်ရန်

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာအုပ်စု၊ ကုလားပဲကျေးရွာရှိ နာရေးတစ်ခုသို့ သွားရောက်ခဲ့သူ ၁၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဖျာပုံမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးကော်မတီမှ အောက်တိုဘာလ ၁၂ ရက်တွင်သိရသည်။

ဖျာပုံမြို့နယ် ကုလားပဲကျေးရွာရှိ နာရေးတစ်ခုသို့ သွားရောက်ထားသူ ကြံခင်းကျေးရွာအုပ်စုနေ အမျိုးသား နှစ်ဦး နှင့် ကျုံကူကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးတို့သည် အနံ့မရသဖြင့် အောက်တိုဘာလ ၁၀ ရက် တွင် ဖျာပုံခရိုင်ဆေးရုံကြီးသို့ လာရောက်ပြသစဉ် စစ်ဆေးခဲ့ရာ Covid 19 ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၎င်းတို့ဖြင့်ဆက်စပ်သော ဖျာပုံမြို့နယ်၊ကြံခင်းကျေးရွာအုပ်စု၊ရေကျော်ကျေးရွာမှ ခြောက်ဦး ၊ဖျာပုံ မြို့နယ်၊ ကျုံကူကျေးရွာအုပ်စု ၊ ကုလားပဲရိုးရွာမှ နှစ်ဦး နှင့် ဆိပ်မကျေးရွာအုပ်စုမှ နှစ်ဦး စုစုပေါင်း ၁၀ ဦးကို ထပ်မံစစ်ဆေးခဲ့ရာ အောက်တိုဘာလ ၁၂ ရက်တွင် ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ဖျာပုံဆေးရုံကြီး၏ အထူးကြပ်မတ်ဆောင်တွင်ထားရှိကုသလျက်ရှိကြောင်းသိရသည်။

“အဲ့ဒီ လူနာတွေနဲ့ ထိတွေ့ထားသူတွေကိုလည်း ကျန်းမာရေးဦးဌာနနဲ့ မြို့နယ် Covid – 19 ထိန်းချုပ်ရေးေ ကာ်မတီတွေ ပူးပေါင်းပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စိစစ်ဆောင်ရွက်နေပါတယ်။ အ တည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ သူတွေရှိရင်လည်း နီးစပ်ရာ ကျန်းမာရေးဌာန၊ ရပ်ကွက် ၊ကျေးရွာ အုပ် ချုပ်ရေးမှူး နဲ့ မြို့နယ် Covid ကော်မတီကို ဆက်သွယ်အကြောင်းကြားဖို့ လိုပါတယ်”ဟု ဖျာပုံမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Credit:Pyi Myanmar

 

Zawgyiျဖင့္ဖတ္ရန္

 

ဖ်ာပုံၿမိဳ႕နယ္ရွိ နာေရးတစ္ခုသို႔ သြားေရာက္ခဲ့သူ ၁၃ ဦးတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိ

 

ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္ က်ဳံကူေက်း႐ြာအုပ္စု၊ ကုလားပဲေက်း႐ြာရွိ နာေရးတစ္ခုသို႔ သြားေရာက္ခဲ့သူ ၁၃ ဦးတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္း ဖ်ာပုံၿမိဳ႕နယ္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေရးေကာ္မတီမွ ေအာက္တိုဘာလ ၁၂ ရက္တြင္သိရသည္။

ဖ်ာပုံၿမိဳ႕နယ္ ကုလားပဲေက်း႐ြာရွိ နာေရးတစ္ခုသို႔ သြားေရာက္ထားသူ ႀကံခင္းေက်း႐ြာအုပ္စုေန အမ်ိဳးသား ႏွစ္ဦး ႏွင့္ က်ဳံကူေက်း႐ြာအုပ္စုေန အမ်ိဳးသမီးတစ္ဦးတို႔သည္ အနံ႔မရသျဖင့္ ေအာက္တိုဘာလ ၁၀ ရက္ တြင္ ဖ်ာပုံခ႐ိုင္ေဆး႐ုံႀကီးသို႔ လာေရာက္ျပသစဥ္ စစ္ေဆးခဲ့ရာ Covid 19 ေရာဂါပိုးေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ထို႔ျပင္ ၄င္းတို႔ျဖင့္ဆက္စပ္ေသာ ဖ်ာပုံၿမိဳ႕နယ္၊ႀကံခင္းေက်း႐ြာအုပ္စု၊ေရေက်ာ္ေက်း႐ြာမွ ေျခာက္ဦး ၊ဖ်ာပုံ ၿမိဳ႕နယ္၊ က်ဳံကူေက်း႐ြာအုပ္စု ၊ ကုလားပဲ႐ိုး႐ြာမွ ႏွစ္ဦး ႏွင့္ ဆိပ္မေက်း႐ြာအုပ္စုမွ ႏွစ္ဦး စုစုေပါင္း ၁၀ ဦးကို ထပ္မံစစ္ေဆးခဲ့ရာ ေအာက္တိုဘာလ ၁၂ ရက္တြင္ ေရာဂါပိုး ေတြ႕ရွိခဲ့သျဖင့္ ဖ်ာပုံေဆး႐ုံႀကီး၏ အထူးၾကပ္မတ္ေဆာင္တြင္ထားရွိကုသလ်က္ရွိေၾကာင္းသိရသည္။

“အဲ့ဒီ လူနာေတြနဲ႔ ထိေတြ႕ထားသူေတြကိုလည္း က်န္းမာေရးဦးဌာနနဲ႔ ၿမိဳ႕နယ္ Covid – 19 ထိန္းခ်ဳပ္ေရးေ ကာ္မတီေတြ ပူးေပါင္းၿပီး လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ စိစစ္ေဆာင္႐ြက္ေနပါတယ္။ အ တည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့ သူေတြရွိရင္လည္း နီးစပ္ရာ က်န္းမာေရးဌာန၊ ရပ္ကြက္ ၊ေက်း႐ြာ အုပ္ ခ်ဳပ္ေရးမႉး နဲ႔ ၿမိဳ႕နယ္ Covid ေကာ္မတီကို ဆက္သြယ္အေၾကာင္းၾကားဖို႔ လိုပါတယ္”ဟု ဖ်ာပုံၿမိဳ႕နယ္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

Credit:Pyi Myanmar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.