ဖောင်ကြီး ကုသရေးစင်တာသို့ အားဖြည့်ကူညီရန်အတွက် မန္တလေး မှ ဆရာဝန် ၂၈ ဦး အဖွဲ့ သွားရောက်

Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ အားဖြည့်ကူညီဆောင်ရွက်ရန်အ တွက် ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာဝန် ၂၈ ဦး အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်နေ့ ၈ နာရီခန့်က ထွက်ခွာသွား ကြောင်း ဆေးတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ကပြောသည်။

“ဒီမနက်က ဖောင်ကြီးကို ထွက်ခွာသွားပါတယ်၊ ဖောင်ကြီး COVID-19 ကုသရေးစင်တာမှာ သွားရောက် အားဖြည့်ကြတာပါ၊ မန္တလေးကသွားတာ ဒါပထမဆုံးပဲ၊ အခုသွားတဲ့သူတွေမှာ ဆန္ဒပြုတဲ့သူလည်းပါသလို လိုအပ်လို့ ရွေးချယ်စေလွတ်တဲ့ သူလည်းပါတယ်၊ ဒီနေ့က စပြီး သူတို့ကို On Duty အဖြစ်ပေးလိုက်တာပါ၊ တစ်လကြာမှာဖြစ်ပါတယ်”ဟု ဆေးတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ကပြောသည်။

ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ အားဖြည့်ကူညီရန် သွားရောက်ကြသူများမှာ ဆေးတက္ကသိုလ်(မန္တလေး)နှင့် မန္တလေးမြို့ပေါ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံကြီး၊ ကုတင် ၅၅၀ ကလေးဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေကြသော ဆေးပညာအထူးကုဆရာဝန် ၁၆ ဦး၊ မေ့ဆေးအထူးကုဆရာဝန် ၁၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ဖောင်ကြီး COVID-19 ကုသရေးစင်တာသို့ အားဖြည့်ကူညီရန်အတွက် ဆရာဝန် ၂၈ ဦး အဖွဲ့ သွားရောက်ခြင်း အခမ်းအနားကို အောက်တိုဘ ၁၂ ရက်နေ့ နံနက်ပိုင်းက ဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် သွားရောက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

“တိုင်းဝန်ကြီးချုပ်လည်း သွားတဲ့သူတွေကို လာရောက်နှုတ်ဆက်ပါတယ်၊ သူတို့ သက်ဆိုင်တဲ့ဌာနအလိုက် ငွေကြေး ထောက်ပံ့ခဲ့သလို ဆရာဝန်သူငယ်ချင်းတွေကလည်း ထောက်ပံ့ခဲ့ကြတယ်၊ တစ်ကိုယ်ရည် ကာကွယ်ရေးအတွက် ဖောင်ကြီးမှာလည်း ရှိပေမဲ့ ကာကွယ်ပစ္စည်းတွေလည်း ထည့်ပေးလိုက်ပါတယ်”ဟု ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် က ဆက်လက်ပြောသည်။

အောက်တိုဘာ ၁၂ ရက်မှ စတင်၍ အားဖြည့်ကူညီမည့် တစ်လအတွက် On Duty အဖြစ် သတ်မှတ်ပေးထားပြီး ဆေးတက္ကသိုလ်(မန္တလေး)၏ COVID ရန်ပုံံငွေမှလည်း တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့သည့်အပြင် ဆေးပညာဌာနက ၎င်းတို့၏ ဆရာဝန်များကို ကျပ်တစ်သိန်းနှုန်း၊ မေ့ဆေးပညာဌာနက ၎င်းတို့ ဆရာဝန်များကို ကျပ်တစ်သိန်းနှုန်းထောက်ပံ့ ခဲ့ကြောင်းသိရသည်။

နိုင်ထူး

Credit:Pyi Myanmar

 

Zawgyiျဖင့္ဖတ္ရန္

 

ေဖာင္ႀကီး COVID-19 ကုသေရးစင္တာသို႔ အားျဖည့္ကူညီရန္အတြက္ ေဆးတကၠသိုလ္(မႏၲေလး)မွ ဆရာဝန္ ၂၈ ဦး အဖြဲ႕ သြားေရာက္

 

ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ရွိ ေဖာင္ႀကီး COVID-19 ကုသေရးစင္တာသို႔ အားျဖည့္ကူညီေဆာင္႐ြက္ရန္အ တြက္ ေဆးတကၠသိုလ္(မႏၲေလး)မွ ဆရာဝန္ ၂၈ ဦး အဖြဲ႕သည္ ေအာက္တိုဘာ ၁၂ ရက္ေန႔ ၈ နာရီခန႔္က ထြက္ခြာသြား ေၾကာင္း ေဆးတကၠသိုလ္ (မႏၲေလး)မွ ပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေမာင္လြင္ ကေျပာသည္။

“ဒီမနက္က ေဖာင္ႀကီးကို ထြက္ခြာသြားပါတယ္၊ ေဖာင္ႀကီး COVID-19 ကုသေရးစင္တာမွာ သြားေရာက္ အားျဖည့္ၾကတာပါ၊ မႏၲေလးကသြားတာ ဒါပထမဆုံးပဲ၊ အခုသြားတဲ့သူေတြမွာ ဆႏၵျပဳတဲ့သူလည္းပါသလို လိုအပ္လို႔ ေ႐ြးခ်ယ္ေစလြတ္တဲ့ သူလည္းပါတယ္၊ ဒီေန႔က စၿပီး သူတို႔ကို On Duty အျဖစ္ေပးလိုက္တာပါ၊ တစ္လၾကာမွာျဖစ္ပါတယ္”ဟု ေဆးတကၠသိုလ္ (မႏၲေလး)မွ ပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေမာင္လြင္ ကေျပာသည္။

ေဖာင္ႀကီး COVID-19 ကုသေရးစင္တာသို႔ အားျဖည့္ကူညီရန္ သြားေရာက္ၾကသူမ်ားမွာ ေဆးတကၠသိုလ္(မႏၲေလး)ႏွင့္ မႏၲေလးၿမိဳ႕ေပၚရွိ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ ကုတင္ ၃၀၀ သင္ၾကားေရးေဆး႐ုံႀကီး၊ ကုတင္ ၅၅၀ ကေလးေဆး႐ုံႀကီးတို႔တြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ ေဆးပညာအထူးကုဆရာဝန္ ၁၆ ဦး၊ ေမ့ေဆးအထူးကုဆရာဝန္ ၁၂ ဦးတို႔ ျဖစ္ေၾကာင္း သိရသည္။

ေဖာင္ႀကီး COVID-19 ကုသေရးစင္တာသို႔ အားျဖည့္ကူညီရန္အတြက္ ဆရာဝန္ ၂၈ ဦး အဖြဲ႕ သြားေရာက္ျခင္း အခမ္းအနားကို ေအာက္တိုဘ ၁၂ ရက္ေန႔ နံနက္ပိုင္းက ေဆးတကၠသိုလ္(မႏၲေလး)တြင္ က်င္းပရာ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ သြားေရာက္အားေပးစကားေျပာၾကားခဲ့ေၾကာင္း သိရသည္။

“တိုင္းဝန္ႀကီးခ်ဳပ္လည္း သြားတဲ့သူေတြကို လာေရာက္ႏႈတ္ဆက္ပါတယ္၊ သူတို႔ သက္ဆိုင္တဲ့ဌာနအလိုက္ ေငြေၾကး ေထာက္ပံ့ခဲ့သလို ဆရာဝန္သူငယ္ခ်င္းေတြကလည္း ေထာက္ပံ့ခဲ့ၾကတယ္၊ တစ္ကိုယ္ရည္ ကာကြယ္ေရးအတြက္ ေဖာင္ႀကီးမွာလည္း ရွိေပမဲ့ ကာကြယ္ပစၥည္းေတြလည္း ထည့္ေပးလိုက္ပါတယ္”ဟု ပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေမာင္လြင္ က ဆက္လက္ေျပာသည္။

ေအာက္တိုဘာ ၁၂ ရက္မွ စတင္၍ အားျဖည့္ကူညီမည့္ တစ္လအတြက္ On Duty အျဖစ္ သတ္မွတ္ေပးထားၿပီး ေဆးတကၠသိုလ္(မႏၲေလး)၏ COVID ရန္ပုံံေငြမွလည္း တစ္ဦးလွ်င္ က်ပ္တစ္သိန္းႏႈန္း ေထာက္ပံ့သည့္အျပင္ ေဆးပညာဌာနက ၎တို႔၏ ဆရာဝန္မ်ားကို က်ပ္တစ္သိန္းႏႈန္း၊ ေမ့ေဆးပညာဌာနက ၎တို႔ ဆရာဝန္မ်ားကို က်ပ္တစ္သိန္းႏႈန္းေထာက္ပံ့ ခဲ့ေၾကာင္းသိရသည္။

ႏိုင္ထူး

Credit:Pyi Myanmar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.