စက်ရုံ၊ အလုပ်ရုံမှ ကြီးကြပ်သူနှင့် ဝန်ထမ်းများ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် သတိပေး

Unicodeဖြင့်ဖတ်ရန်

 

စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ် သမားများသည် ရောဂါကာကွယ် ရေးစည်းကမ်းများကို အတိအကျလိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက တိုက်တွန်းသည်။

ထိရောက်သော ကာကွယ်ဆေးမထွက်ပေါ်သေးသည့်အ ချိန်ထိ မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက် တွင် ကူးစက်မှုလှိုင်းငယ်များ ရှိနိုင် ကြောင်း၊ ထို့ကြောင့် လူအများစုဝေး၍ နီးကပ်စွာအလုပ်လုပ်ကိုင်ရ သည့် စက်ရုံနှင့် အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ် သမားများသည် ရောဂါကာကွယ် ရေးစည်းကမ်းများကို ဆက်လက်၍ လိုက်နာဆောင်ရွက်ကြရန် အ ရေးကြီးကြောင်း အောက်တိုဘာ ၁၀ ရက်တွင် အလှူရှင်များက COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ လှူဒါန်းပွဲ၌ ဝန်ကြီး က ပြောသည်။

‘‘ဒါ့ကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့တွေက ဒီကိစ္စကို ရေရှည်ကိစ္စတစ်ရပ်အဖြစ် သတ် မှတ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရမှာပါ။ ဒီလိုဆောင် ရွက်နိုင်ဖို့ တိကျတဲ့ လုပ်ငန်း မူဘောင်၊ စနစ်၊ လုပ်ငန်းလမ်း ညွှန်နဲ့ စံလုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်ပြီး ဆက်လက်ဆောင် ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ပတ်ဝန်း ကျင်နှင့် လုပ်ငန်းခွင်ကျန်းမာရေး ဌာနခွဲကို အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ပြီး မိမိတို့ဝန်ကြီး ဌာနက ပြုလုပ်သည့် စွမ်းဆောင် ရည်မြှင့်သင်တန်းများသို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သက်ဆိုင်ရာပညာရှင်များကို ဖိတ်ကြားတက်ရောက်စေမည်ဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။

ထို့အပြင် စက်ရုံ၊ အလုပ်ရုံ များ လုပ်ငန်းပြန်လည် လည်ပတ်ရာတွင် အလုပ်သမားများအနေ ဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်နှင့် လူအများနှင့် ဆက်ဆံရသူများတွင် နှာခေါင်းစည်းကိုသာမက မျက် နှာအကာကိုပါ တပ်ဆင်ရန်၊ ထမင်းစားသောက်ချိန်၌ လူအများစုဝေးကာ ရောဂါကူးစက်နိုင် သဖြင့် ဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် အရေးကြီး ကြောင်း ဝန်ကြီးက တိုက်တွန်း သည်။

စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ လိုက်နာရန် ရောဂါကာကွယ်ရေး စည်းကမ်း များကိုလည်း ထပ်မံ၍ ကျယ် ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးမည်ဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။

လှူဒါန်းပွဲ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျပ် ၁၁၆ သိန်း၊ ဩစတြေးလျနိုင်ငံနေ ဒေါက်တာဇော်သူအောင်+ ဒေါက်တာဆုမြင့်တင်မိသားစုမှ ကျပ်၁၀ သိန်း၊ ဦးညွန့်တင် (စာရေး ဆရာ-ပြည်သာယာ) + ဒေါ်နန်းရွှေမြင့် မိသားစုမှ ကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဝန်ကြီးရုံး (ကျန်းမာရေး) အရာထမ်းနှင့် အမှုထမ်းများမှ ကျပ်လေးသိန်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့သည်။

Credit:7day

 

Zawgyiျဖင့္ဖတ္ရန္

 

စက္႐ုံ၊ အလုပ္႐ုံမွ ႀကီးၾကပ္သူႏွင့္ ဝန္ထမ္းမ်ား ၫႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာရန္ သတိေပး

 

စက္႐ုံ၊ အလုပ္႐ုံမ်ား၌ လုပ္ငန္းႀကီးၾကပ္သူႏွင့္ အလုပ္ သမားမ်ားသည္ ေရာဂါကာကြယ္ ေရးစည္းကမ္းမ်ားကို အတိအက်လိုက္နာေဆာင္႐ြက္ၾကရန္ အထူးအေရးႀကီးေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ ေထြးက တိုက္တြန္းသည္။

ထိေရာက္ေသာ ကာကြယ္ေဆးမထြက္ေပၚေသးသည့္အ ခ်ိန္ထိ မိမိတို႔ႏိုင္ငံ၌ COVID-19 ကူးစက္မႈ ဒုတိယလႈိင္းေနာက္ တြင္ ကူးစက္မႈလႈိင္းငယ္မ်ား ရွိႏိုင္ ေၾကာင္း၊ ထို႔ေၾကာင့္ လူအမ်ားစုေဝး၍ နီးကပ္စြာအလုပ္လုပ္ကိုင္ရ သည့္ စက္႐ုံႏွင့္ အလုပ္႐ုံမ်ား၌ လုပ္ငန္းႀကီးၾကပ္သူႏွင့္ အလုပ္ သမားမ်ားသည္ ေရာဂါကာကြယ္ ေရးစည္းကမ္းမ်ားကို ဆက္လက္၍ လိုက္နာေဆာင္႐ြက္ၾကရန္ အ ေရးႀကီးေၾကာင္း ေအာက္တိုဘာ ၁၀ ရက္တြင္ အလႉရွင္မ်ားက COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီထံ လႉဒါန္းပြဲ၌ ဝန္ႀကီး က ေျပာသည္။

‘‘ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဝန္ႀကီးဌာနနဲ႔ သက္ဆိုင္ရာ တိုင္းအစိုးရအဖြဲ႕ေတြက ဒီကိစၥကို ေရရွည္ကိစၥတစ္ရပ္အျဖစ္ သတ္ မွတ္ၿပီး ဆက္လက္ပူးေပါင္းေဆာင္႐ြက္ရမွာပါ။ ဒီလိုေဆာင္ ႐ြက္ႏိုင္ဖို႔ တိက်တဲ့ လုပ္ငန္း မူေဘာင္၊ စနစ္၊ လုပ္ငန္းလမ္း ၫႊန္နဲ႔ စံလုပ္ထုံးလုပ္နည္းေတြကို ေဖာ္ထုတ္ၿပီး ဆက္လက္ေဆာင္ ႐ြက္ရမွာ ျဖစ္ပါတယ္’’ဟု ဝန္ႀကီးက ေျပာသည္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနအေနျဖင့္ ပတ္ဝန္း က်င္ႏွင့္ လုပ္ငန္းခြင္က်န္းမာေရး ဌာနခြဲကို အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္မည္ျဖစ္ၿပီး မိမိတို႔ဝန္ႀကီး ဌာနက ျပဳလုပ္သည့္ စြမ္းေဆာင္ ရည္ျမႇင့္သင္တန္းမ်ားသို႔ အလုပ္ သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ သက္ဆိုင္ရာပညာရွင္မ်ားကို ဖိတ္ၾကားတက္ေရာက္ေစမည္ျဖစ္ ေၾကာင္း ဝန္ႀကီးက ေျပာသည္။

ထို႔အျပင္ စက္႐ုံ၊ အလုပ္႐ုံ မ်ား လုပ္ငန္းျပန္လည္ လည္ပတ္ရာတြင္ အလုပ္သမားမ်ားအေန ျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းကို စနစ္တက် တပ္ဆင္ရန္ႏွင့္ လူအမ်ားႏွင့္ ဆက္ဆံရသူမ်ားတြင္ ႏွာေခါင္းစည္းကိုသာမက မ်က္ ႏွာအကာကိုပါ တပ္ဆင္ရန္၊ ထမင္းစားေသာက္ခ်ိန္၌ လူအမ်ားစုေဝးကာ ေရာဂါကူးစက္ႏိုင္ သျဖင့္ ဝန္ႀကီးဌာနက ထုတ္ျပန္ ထားေသာ ၫႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာရန္ အေရးႀကီး ေၾကာင္း ဝန္ႀကီးက တိုက္တြန္း သည္။

စက္႐ုံ၊ အလုပ္႐ုံမ်ားမွ အလုပ္သမားမ်ား လိုက္နာရန္ ေရာဂါကာကြယ္ေရး စည္းကမ္း မ်ားကိုလည္း ထပ္မံ၍ က်ယ္ က်ယ္ျပန႔္ျပန႔္ျဖန႔္ေဝေပးမည္ျဖစ္ ေၾကာင္း ဝန္ႀကီးက ေျပာသည္။

လႉဒါန္းပြဲ၌ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ က်ပ္ ၁၁၆ သိန္း၊ ဩစေၾတးလ်ႏိုင္ငံေန ေဒါက္တာေဇာ္သူေအာင္+ ေဒါက္တာဆုျမင့္တင္မိသားစုမွ က်ပ္၁၀ သိန္း၊ ဦးၫြန႔္တင္ (စာေရး ဆရာ-ျပည္သာယာ) + ေဒၚနန္းေ႐ႊျမင့္ မိသားစုမွ က်ပ္ ၁၀ သိန္းႏွင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ဝန္ႀကီး႐ုံး (က်န္းမာေရး) အရာထမ္းႏွင့္ အမႈထမ္းမ်ားမွ က်ပ္ေလးသိန္းတို႔ကို အသီးသီး ေပးအပ္လႉဒါန္းခဲ့သည္။

Credit:7day

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.