သီတင်းကျွတ်လမွေးဖွားသူများအတွက် တစ်သက်တာ ဟောစာတမ်း

Unicodeဖြင့်ဖတ်ရန်

 

သီတင်းကျွတ်လအတွင်းမွေးဖွားသူများသည်စိတ်ခံစားမှုကို အထူးဦးစားပေးသူများဖြစ်တတ်ကြမည်။တစ်ခုမဟုတ်တစ်ခု ညှို့ဓါတ်အားကောင်းတတ်ကြတယ်။ ဘေးလူတွေကချစ်ခင်ကြည်ညိုကြမယ်ခင်မင်မှုနှင့်ချစ်မေတ္တာသံယောဇဉ်ကို အလေးအနက်ထားမယ်။

အလွန်သိမ်မွေ့သောနှလုံးသားပိုင်ရှင်များဖြစ်ကြပြီး ဒေါသဖြစ်ပါကလဲ ဘာမျှမမြင်တတ်ကြတော့ချေ။ ငွေအသုံးကြမ်းသူများလည်းဖြစ်တတ်ကြတယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် စိတ်နုတတ်သည်။ စိတ်ထိခိုက်လွယ်သည်။ အပြင်ပန်း ဘာမှမဖြစ်သလိုဟန်ဆောင်ထားသော်လည်းစိတ်ထဲကထိခိုက်ခံစားရတာစိတ်ကောက်မိတာမျိုးမသိမသာဖြစ်တတ်တယ်။၎င်းင်းစရိုက်ကိုလည်း လူမသိအောင်ဖုံးကွယ်ထားလိုတတ်တယ်ထို့အပြင် အယုံလွယ်တတ်မယ်။

အပျော်အပါးတွင်ဝါသနာထုံကြီးမယ်။မည်သည့်ကိစ္စမဆို အစွဲအလမ်းကြီးမားတတ်ကြတယ်။အိမ်ထောင်ပြုပြီးသောအခါတွင်လည်းကိုယ့်အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာအလိုလိုက်တတ်ကြတယ်။ရိုးရိုးအေးအေးနေထိုင်ကာ မိမိကိုပါရမီဖြည့်ပေးသောအိမ်ထောင်ဖက်နှင့်အိမ်ထောင်ပြုရတတ်ပါတယ်။အိမ်ထောင်ဖက်၏ ကံကြောင့် ကြီးပွားချမ်းသာတတ်ပါတယ်။

အိမ်ထောင်ရေးသုခကိုရရှိတတ်ကြမည်။ကျန်းမာရေးနှင့်ပတ်သက်၍ ခါးနေရာတစ်ဝိုက်အလွန်ပျော့သည်။အမြဲတမ်းခါးနှင့်ပတ်သက်၍ဂရုစိုက်ရမည်ခါးကိုက်ခါးနာခါးညောင်းဝေဒနာများ မကြာခဏဖြစ်တတ်တယ်။အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်၍ အစာမကြေခြင်း၊

အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်တတ်၍ အစားအသောက်အမြဲသတိရှိပါ။ဝမ်းကို ဂရုစိုက်ပါ။ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းကိုက်တို့ဖြစ်တတ်ပြီးလည်ချောင်း၊ နှာစေး၊ အာသီးရောင်ခြင်းတို့လည်းဖြစ်တတ်၍အအေးမခံသင့်လေအေးစက် သိပ်မသုံးသင့်ပါ။ အထူးသဖြင့်အမျိုးသမီးများ ရင်သားတွင် အနာဖြစ်တတ်၏။မြေပြို၊ တွင်းပြို၊ တောင်ပြိုအန္တရာယ်များကိုသတိထားသင့်ပါသည်။

သီတင်းကျွတ်လမွေးဖွားသူတို့သည်ဘာသာရေးပါရမီစွမ်းအားကြီးရုံသာမကအနာရဂါတ်တွင်ဖြစ်ပျက်စရာတို့ကိုကြိုတင်သိမြင်နိုင်စွမ်းထက်မြက်နေတယ်။အိပ်မက်ထူး၊ နိမိတ်ထူးများ ပေးတတ်သဖြင့် ယုံကြည်ရာဂါထာမန္တန်တို့ကိုသာ ရွတ်ဆိုပွားများနေသင့်ပါတယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် ဘဝကို တည်ငြိမ်အေးချမ်းစွာနှင့်အောင်မြင်မှုရအောင်အမြဲတမ်းကြိုးစားနေတတ် ကြံစည်နေတတ်ကြတယ်။

မျှော်မှန်းချက်ကြီးမားတတ်ကြမယ်။ စိတ်ကူးယဉ်နေတတ်ကြသဖြင့်လက်တွေ့အကောင်အထည်မဖော်မိဘဲလေထဲတွင်တိုက်အိမ်ဆောက်သလို ဖြစ်တတ်ကြတယ်။ဘာသာရေးခေါင်းဆောင်များလည်း ဖြစ်တတ်ကြတယ်။လူအများပေါ်တွင် နည်းအမျိုးမျိုးနှင့်ဆွဲဆောင်နိုင်စွမ်းရှိတတ်ကြမယ်။အနုပညာတွင် အထူးပါရမီရင့်သန်တတ်တယ်။တည်ကြည်ဖြောင့်မတ်မယ်။ ငွေကြေးမျက်နှာကို လုံးဝမကြည့်။လက်ရှိအနေအထားလေးအပေါ်တွင် ကျေနပ်နေတတ်တယ်။

မည်သည့်အလုပ်မဆို ပြုလုပ်ရာတွင် အစပိုင်း၌အလွန်ခက်နေတတ်တယ် မည်သည့်ကိစ္စမဆိုခေတ္တမြင်ရုံ၊လေ့လာရုံဖြင့်သိလွယ်တတ်လွယ်မယ်၊ ကွက်ကျော်မြင်တတ်တယ်။အနီးစပ်ဆုံးအနေအထားအထိ အဆုံးသတ်အဖြေကိုသုံးသပ်နိုင်ခြင်း၊ အလုပ်လုပ်ရာတွင် အစ၊ အလယ်၊အဆုံးအနေအထားတို့ကို သုံးသပ်ကိုင်တွယ်လုပ်ဆောင်မှုအလွန်ထက်မြက်ခြင်းတို့ကြောင့် အောင်မြင်မှု အထွဋ်အထိပ်ကိုရရှိတတ်ကြမည်။သီတင်းကျွတ်လမွေးဖွားသူတို့သည် စေတနာ၏တူသောအကျိုးပေးခြင်းကိုမကြာခဏ မျက်ဝါးထင်ထင်တွေ့ကြုံရတတ်မယ်။

ကောင်းတာလုပ်လျှင်ကောင်းတာအကျိုးပေးတတ်သည်ဟူသော စကားကိုအမြဲနှလုံးသွင်းသင့်ပါတယ်။အခက်အခဲကြုံတိုင်းကူညီမည့်သူများပေါ်လာတတ်တယ်။ဘဝတွင်တရာရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ ကုန်သည်လုပ်ငန်း၊ နိုင်ငံရပ်ခြားနှင့်ဆက်စပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ဆက်သွယ်ရေး၊ပို့ဆောင်ရေးလုပ်ငန်း တို့ဖြင့် ကောင်းကျိုးပေးမယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် ဘဝကိုမှန်သည်ထင်သည့်ဘက်ကနောက်မဆုတ်တမ်း လုပ်တတ်တယ်။

တက်ကြွနိုးကြားစွာ လုပ်တတ်ပြီးမျှတစွာတွေးခေါ်မှုလည်းရှိမည်။ နှုတ်မူရေးရာ ထက်မြက်မယ်။စေတနာကောင်းရှိသော်လည်း တဇွတ်ထိုးလုပ်တတ်တယ်။ ကိုယ့်ယုံကြည်မှုကိုယ့်အကျိုးစီးပွားကို ထိခိုက်လာက ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်မယ်။သီးသန့်နေလိုစိတ် ပြင်းထန်တယ်။ ပတ်ဝန်းကျင်ကို ခင်မင်တတ်မယ်။ခင်ရာဆွေမျိုးဟုသဘောထားတယ်။ တည်ကြည်ဖြောင့်မတ်မယ်။အမွေအနှစ်ကိစ္စတို့တွင်ပြဿနာကြုံရတတ်တယ်။

ရတနာသုံးပါးနှင့် မိဘ၊ ဆရာတု့ိအား ရိုသေကိုင်းရှိုင်းသော်လည်းမိစ္ဆာအယူကိုပါယူမိတတ်၏။သတိရှိပါဘဝတွင် မည်သို့သောအခက်အခဲကြုံသည်ဖြစ်စေ ကောင်းမွန်သန့်စင်စွာ အသက်မွေးဝမ်းကျောင်းပြုရတတ်ပြီးမင်းစိုးရာဇာချီးမြှောက်ခံရတတ်တယ်။စိတ်အပြောင်းအလဲမြန်သဖြင့် အလုပ်အပြောင်းအလဲလဲများတတ်တယ် မွေးဖွားရာဒေသမှ ဝေးရာသို့ ထွက်ခွာကြိုးစားလေ အောင်မြင်လေဖြစ်တတ်၏။

သီတင်းကျွတ်လမွေးဖွားသူတို့သည် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားပြီးဘဝကိအထွဋ်အထိပ်ရောက်သွားတတ်ကြမည်။အစပိုင်းတွင်ခက်ခဲပြီးမှအလွန်အောင်မြင်သွားတတ်တယ် ဘဝတွင်အစွဲအလန်းကြီးသောစိတ်ကိုအားမာန်အဖြစ်ပြောင်းလဲသုံးစွဲပါတစ်နပ်စားဉာဏ်ဖြင့်ကြံခြင်းမရှိပါ။အလွန်စရိုက်ကောင်းတယ်။ဦးစီးဦးဆောင်နေရာတွင် အမြဲတမ်း နေရာပေးခြင်းခံရတတ်၏။

မှန်ကန်ခြင်းတိကျခြင်းတည်ကြည်ခြင်းကြိုတင်ခန့်မှန်းမှုတွင်ကျွမ်းကျင်ခြင်း စွမ်းရည်တို့နှင့်ပြည့်စုံသည်။အထူးသဖြင့် နှင်းဆီပန်းပွင့် လှလှပိုစတာပုံများ အလုပ်ခန်း အိမ်ခန်းတွင်ချိတ်ဆွဲထားခြင်းဖြင့် လာဘ်အလွန်ရွှင်တတ်၏။

Creditthartharlay

 

Zawgyiျဖင့္ဖတ္ရန္

 

သီတင္းကြၽတ္လေမြးဖြားသူမ်ားအတြက္ တစ္သက္တာ ေဟာစာတမ္း

 

သီတင္းကြၽတ္လအတြင္းေမြးဖြားသူမ်ားသည္စိတ္ခံစားမႈကို အထူးဦးစားေပးသူမ်ားျဖစ္တတ္ၾကမည္။တစ္ခုမဟုတ္တစ္ခု ညႇိဳ႕ဓါတ္အားေကာင္းတတ္ၾကတယ္။ ေဘးလူေတြကခ်စ္ခင္ၾကည္ညိဳၾကမယ္ခင္မင္မႈႏွင့္ခ်စ္ေမတၱာသံေယာဇဥ္ကို အေလးအနက္ထားမယ္။

အလြန္သိမ္ေမြ႕ေသာႏွလုံးသားပိုင္ရွင္မ်ားျဖစ္ၾကၿပီး ေဒါသျဖစ္ပါကလဲ ဘာမွ်မျမင္တတ္ၾကေတာ့ေခ်။ ေငြအသုံးၾကမ္းသူမ်ားလည္းျဖစ္တတ္ၾကတယ္။သီတင္းကြၽတ္လေမြးဖြားသူတို႔သည္ စိတ္ႏုတတ္သည္။ စိတ္ထိခိုက္လြယ္သည္။ အျပင္ပန္း ဘာမွမျဖစ္သလိုဟန္ေဆာင္ထားေသာ္လည္းစိတ္ထဲကထိခိုက္ခံစားရတာစိတ္ေကာက္မိတာမ်ိဳးမသိမသာျဖစ္တတ္တယ္။၎င္းစ႐ိုက္ကိုလည္း လူမသိေအာင္ဖုံးကြယ္ထားလိုတတ္တယ္ထို႔အျပင္ အယုံလြယ္တတ္မယ္။

အေပ်ာ္အပါးတြင္ဝါသနာထုံႀကီးမယ္။မည္သည့္ကိစၥမဆို အစြဲအလမ္းႀကီးမားတတ္ၾကတယ္။အိမ္ေထာင္ျပဳၿပီးေသာအခါတြင္လည္းကိုယ့္အိမ္ေထာင္ဖက္အေပၚ ခ်စ္ခင္ယုယစြာအလိုလိုက္တတ္ၾကတယ္။႐ိုး႐ိုးေအးေအးေနထိုင္ကာ မိမိကိုပါရမီျဖည့္ေပးေသာအိမ္ေထာင္ဖက္ႏွင့္အိမ္ေထာင္ျပဳရတတ္ပါတယ္။အိမ္ေထာင္ဖက္၏ ကံေၾကာင့္ ႀကီးပြားခ်မ္းသာတတ္ပါတယ္။

အိမ္ေထာင္ေရးသုခကိုရရွိတတ္ၾကမည္။က်န္းမာေရးႏွင့္ပတ္သက္၍ ခါးေနရာတစ္ဝိုက္အလြန္ေပ်ာ့သည္။အၿမဲတမ္းခါးႏွင့္ပတ္သက္၍ဂ႐ုစိုက္ရမည္ခါးကိုက္ခါးနာခါးေညာင္းေဝဒနာမ်ား မၾကာခဏျဖစ္တတ္တယ္။အစာအိမ္အူလမ္းေၾကာင္းႏွင့္ ပတ္သက္၍ အစာမေၾကျခင္း၊

အစာအိမ္အခ်ဥ္ေပါက္ျခင္းျဖစ္တတ္၍ အစားအေသာက္အၿမဲသတိရွိပါ။ဝမ္းကို ဂ႐ုစိုက္ပါ။ ဝမ္းခ်ဳပ္၊ ဝမ္းပ်က္၊ ဝမ္းကိုက္တို႔ျဖစ္တတ္ၿပီးလည္ေခ်ာင္း၊ ႏွာေစး၊ အာသီးေရာင္ျခင္းတို႔လည္းျဖစ္တတ္၍အေအးမခံသင့္ေလေအးစက္ သိပ္မသုံးသင့္ပါ။ အထူးသျဖင့္အမ်ိဳးသမီးမ်ား ရင္သားတြင္ အနာျဖစ္တတ္၏။ေျမၿပိဳ၊ တြင္းၿပိဳ၊ ေတာင္ၿပိဳအႏၲရာယ္မ်ားကိုသတိထားသင့္ပါသည္။

သီတင္းကြၽတ္လေမြးဖြားသူတို႔သည္ဘာသာေရးပါရမီစြမ္းအားႀကီး႐ုံသာမကအနာရဂါတ္တြင္ျဖစ္ပ်က္စရာတို႔ကိုႀကိဳတင္သိျမင္ႏိုင္စြမ္းထက္ျမက္ေနတယ္။အိပ္မက္ထူး၊ နိမိတ္ထူးမ်ား ေပးတတ္သျဖင့္ ယုံၾကည္ရာဂါထာမႏၲန္တို႔ကိုသာ ႐ြတ္ဆိုပြားမ်ားေနသင့္ပါတယ္။သီတင္းကြၽတ္လေမြးဖြားသူတို႔သည္ ဘဝကို တည္ၿငိမ္ေအးခ်မ္းစြာႏွင့္ေအာင္ျမင္မႈရေအာင္အၿမဲတမ္းႀကိဳးစားေနတတ္ ႀကံစည္ေနတတ္ၾကတယ္။

ေမွ်ာ္မွန္းခ်က္ႀကီးမားတတ္ၾကမယ္။ စိတ္ကူးယဥ္ေနတတ္ၾကသျဖင့္လက္ေတြ႕အေကာင္အထည္မေဖာ္မိဘဲေလထဲတြင္တိုက္အိမ္ေဆာက္သလို ျဖစ္တတ္ၾကတယ္။ဘာသာေရးေခါင္းေဆာင္မ်ားလည္း ျဖစ္တတ္ၾကတယ္။လူအမ်ားေပၚတြင္ နည္းအမ်ိဳးမ်ိဳးႏွင့္ဆြဲေဆာင္ႏိုင္စြမ္းရွိတတ္ၾကမယ္။အႏုပညာတြင္ အထူးပါရမီရင့္သန္တတ္တယ္။တည္ၾကည္ေျဖာင့္မတ္မယ္။ ေငြေၾကးမ်က္ႏွာကို လုံးဝမၾကည့္။လက္ရွိအေနအထားေလးအေပၚတြင္ ေက်နပ္ေနတတ္တယ္။

မည္သည့္အလုပ္မဆို ျပဳလုပ္ရာတြင္ အစပိုင္း၌အလြန္ခက္ေနတတ္တယ္ မည္သည့္ကိစၥမဆိုေခတၱျမင္႐ုံ၊ေလ့လာ႐ုံျဖင့္သိလြယ္တတ္လြယ္မယ္၊ ကြက္ေက်ာ္ျမင္တတ္တယ္။အနီးစပ္ဆုံးအေနအထားအထိ အဆုံးသတ္အေျဖကိုသုံးသပ္ႏိုင္ျခင္း၊ အလုပ္လုပ္ရာတြင္ အစ၊ အလယ္၊အဆုံးအေနအထားတို႔ကို သုံးသပ္ကိုင္တြယ္လုပ္ေဆာင္မႈအလြန္ထက္ျမက္ျခင္းတို႔ေၾကာင့္ ေအာင္ျမင္မႈ အထြဋ္အထိပ္ကိုရရွိတတ္ၾကမည္။သီတင္းကြၽတ္လေမြးဖြားသူတို႔သည္ ေစတနာ၏တူေသာအက်ိဳးေပးျခင္းကိုမၾကာခဏ မ်က္ဝါးထင္ထင္ေတြ႕ႀကဳံရတတ္မယ္။

ေကာင္းတာလုပ္လွ်င္ေကာင္းတာအက်ိဳးေပးတတ္သည္ဟူေသာ စကားကိုအၿမဲႏွလုံးသြင္းသင့္ပါတယ္။အခက္အခဲႀကဳံတိုင္းကူညီမည့္သူမ်ားေပၚလာတတ္တယ္။ဘဝတြင္တရာေရးဌာန၊ အုပ္ခ်ဳပ္ေရးဌာန၊ ကုန္သည္လုပ္ငန္း၊ ႏိုင္ငံရပ္ျခားႏွင့္ဆက္စပ္ေသာလုပ္ငန္း၊ စိုက္ပ်ိဳးေရးလုပ္ငန္း၊ဆက္သြယ္ေရး၊ပို႔ေဆာင္ေရးလုပ္ငန္း တို႔ျဖင့္ ေကာင္းက်ိဳးေပးမယ္။သီတင္းကြၽတ္လေမြးဖြားသူတို႔သည္ ဘဝကိုမွန္သည္ထင္သည့္ဘက္ကေနာက္မဆုတ္တမ္း လုပ္တတ္တယ္။

တက္ႂကြႏိုးၾကားစြာ လုပ္တတ္ၿပီးမွ်တစြာေတြးေခၚမႈလည္းရွိမည္။ ႏႈတ္မူေရးရာ ထက္ျမက္မယ္။ေစတနာေကာင္းရွိေသာ္လည္း တဇြတ္ထိုးလုပ္တတ္တယ္။ ကိုယ့္ယုံၾကည္မႈကိုယ့္အက်ိဳးစီးပြားကို ထိခိုက္လာက ဆတ္ဆတ္ထိမခံ တုံ႔ျပန္တတ္မယ္။သီးသန႔္ေနလိုစိတ္ ျပင္းထန္တယ္။ ပတ္ဝန္းက်င္ကို ခင္မင္တတ္မယ္။ခင္ရာေဆြမ်ိဳးဟုသေဘာထားတယ္။ တည္ၾကည္ေျဖာင့္မတ္မယ္။အေမြအႏွစ္ကိစၥတို႔တြင္ျပႆနာႀကဳံရတတ္တယ္။

ရတနာသုံးပါးႏွင့္ မိဘ၊ ဆရာတု႔ိအား ႐ိုေသကိုင္းရႈိင္းေသာ္လည္းမိစာၦအယူကိုပါယူမိတတ္၏။သတိရွိပါဘဝတြင္ မည္သို႔ေသာအခက္အခဲႀကဳံသည္ျဖစ္ေစ ေကာင္းမြန္သန႔္စင္စြာ အသက္ေမြးဝမ္းေက်ာင္းျပဳရတတ္ၿပီးမင္းစိုးရာဇာခ်ီးေျမႇာက္ခံရတတ္တယ္။စိတ္အေျပာင္းအလဲျမန္သျဖင့္ အလုပ္အေျပာင္းအလဲလဲမ်ားတတ္တယ္ ေမြးဖြားရာေဒသမွ ေဝးရာသို႔ ထြက္ခြာႀကိဳးစားေလ ေအာင္ျမင္ေလျဖစ္တတ္၏။

သီတင္းကြၽတ္လေမြးဖြားသူတို႔သည္ ကိုယ္စြမ္းကိုယ္စျဖင့္ ႀကိဳးစားၿပီးဘဝကိအထြဋ္အထိပ္ေရာက္သြားတတ္ၾကမည္။အစပိုင္းတြင္ခက္ခဲၿပီးမွအလြန္ေအာင္ျမင္သြားတတ္တယ္ ဘဝတြင္အစြဲအလန္းႀကီးေသာစိတ္ကိုအားမာန္အျဖစ္ေျပာင္းလဲသုံးစြဲပါတစ္နပ္စားဉာဏ္ျဖင့္ႀကံျခင္းမရွိပါ။အလြန္စ႐ိုက္ေကာင္းတယ္။ဦးစီးဦးေဆာင္ေနရာတြင္ အၿမဲတမ္း ေနရာေပးျခင္းခံရတတ္၏။

မွန္ကန္ျခင္းတိက်ျခင္းတည္ၾကည္ျခင္းႀကိဳတင္ခန႔္မွန္းမႈတြင္ကြၽမ္းက်င္ျခင္း စြမ္းရည္တို႔ႏွင့္ျပည့္စုံသည္။အထူးသျဖင့္ ႏွင္းဆီပန္းပြင့္ လွလွပိုစတာပုံမ်ား အလုပ္ခန္း အိမ္ခန္းတြင္ခ်ိတ္ဆြဲထားျခင္းျဖင့္ လာဘ္အလြန္႐ႊင္တတ္၏။

Creditthartharlay

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.