စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအတွက် သိန်းတစ်ထောင်လှူပေးခဲ့တဲ့ ဦးဇော်ဇော်ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဖိုးချစ်

Unicodeဖြင့်ဖတ်ရန်

 

စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဖိုးချစ်ကတော့ ဒီနေ့မှာ သူ့ရဲ့အသင်းအတွက် ဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ကိုဗစ်ကာလအခက်အခဲတွေကြောင့် မြန်မာနေရှင်နယ်လိခ် ဘောလုံးအသင်းတွေထဲက နှစ်သင်းကတော့ ပထမရာသီအပြီးမှာပဲ ဖျက်သိမ်းလိုက်တာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဖိုးချစ်ကတော့ သူကိုယ်တိုင်လည်း ဘောလုံးဝါသနာရှင်တစ်ယောက်ဖြစ်ရုံသာမက မြန်မာ့ဘောလုံးလောကကို တိုးတက်စေချင်တဲ့စိတ်နဲ့ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းကို တည်ထောင်ထားပေမယ့်လည်း လတ်တလောကိုဗစ်ကာလမှာ အသင်းရပ်တည်ဖို့ ခက်ခဲနေတာကြောင့် ဦးဇော်ဇော်က လှူဒါန်းပေးခဲ့တာဖြစ်ကြောင်း မျှဝေလာပါတယ်။

“Covid-19 ကာလတွင် အခက်အခဲရှိသော စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအား Max Energy မှ ကျပ်သိန်းတစ်ထောင် ကူညီပေးပါသောကြောင့် ဥက္ကဌ ဦးဇော်ဇော်နှင့်တကွ Max Energy မိသားစုအား အထူးပင်ကျေးဇူးတင် အပ်ပါသည်ခင်ဗျာ…. ဆထက်ထမ်းပိုး အများအကျိုးရွက်ဆောင်နိုင်ပါစေ…. ကျေးဇူး ဦးဇော်” ဆိုပြီး ဦးဇော်ဇော်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဦးဇော်ဇော်ကတော့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဌတစ်ယောက်ဖြစ်သလို မြန်မာ့ဘောလုံးလောကရဲ့အရေးကိစ္စမှန်သမျှကို လူအား၊ငွေအားစိုက်ထုတ်ပြီး တာဝန်ယူကူညီပေးလေ့ရှိသူတစ်ယောက်ပါ။ ဘောလုံးလောကအတွက်သာမက လတ်တလော ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက်လည်း ဧရာဝတီစင်တာကို တည်ထောင်ကာ အင်တိုက်အားတိုက်ကူညီပေးနေသူ ဦးဇော်ဇော်ကတော့ တကယ်ကို မြန်မာနိုင်ငံအရေးအတွက် ထောင့်စိအောင် စဉ်းစားကူညီပေးနေသူတစ်ယောက်ဆိုတာ အမှန်ပါပဲ ပရိသတ်ကြီးရေ..

Source – Phoe Chit

Credit:cele gabar

 

Zawgyiျဖင့္ဖတ္ရန္

 

စစ္ကိုင္းယူႏိုက္တက္ေဘာလုံးအသင္းအတြက္ သိန္းတစ္ေထာင္လႉေပးခဲ့တဲ့ ဦးေဇာ္ေဇာ္ကို ေက်းဇူးတင္စကားဆိုလိုက္တဲ့ ဖိုးခ်စ္

 

စစ္ကိုင္းယူႏိုက္တက္ေဘာလုံးအသင္းရဲ႕ ဥကၠဌျဖစ္သူ ဖိုးခ်စ္ကေတာ့ ဒီေန႔မွာ သူ႔ရဲ႕အသင္းအတြက္ ဝမ္းသာစရာသတင္းေကာင္းေလးကို မွ်ေဝခဲ့ပါတယ္။ ကိုဗစ္ကာလအခက္အခဲေတြေၾကာင့္ ျမန္မာေနရွင္နယ္လိခ္ ေဘာလုံးအသင္းေတြထဲက ႏွစ္သင္းကေတာ့ ပထမရာသီအၿပီးမွာပဲ ဖ်က္သိမ္းလိုက္တာကိုေတာ့ ပရိသတ္ေတြလည္း သိရွိၿပီးျဖစ္မွာပါ။ ဖိုးခ်စ္ကေတာ့ သူကိုယ္တိုင္လည္း ေဘာလုံးဝါသနာရွင္တစ္ေယာက္ျဖစ္႐ုံသာမက ျမန္မာ့ေဘာလုံးေလာကကို တိုးတက္ေစခ်င္တဲ့စိတ္နဲ႔ စစ္ကိုင္းယူႏိုက္တက္ေဘာလုံးအသင္းကို တည္ေထာင္ထားေပမယ့္လည္း လတ္တေလာကိုဗစ္ကာလမွာ အသင္းရပ္တည္ဖို႔ ခက္ခဲေနတာေၾကာင့္ ဦးေဇာ္ေဇာ္က လႉဒါန္းေပးခဲ့တာျဖစ္ေၾကာင္း မွ်ေဝလာပါတယ္။

“Covid-19 ကာလတြင္ အခက္အခဲရွိေသာ စစ္ကိုင္းယူႏိုက္တက္ေဘာလုံးအသင္းအား Max Energy မွ က်ပ္သိန္းတစ္ေထာင္ ကူညီေပးပါေသာေၾကာင့္ ဥကၠဌ ဦးေဇာ္ေဇာ္ႏွင့္တကြ Max Energy မိသားစုအား အထူးပင္ေက်းဇူးတင္ အပ္ပါသည္ခင္ဗ်ာ…. ဆထက္ထမ္းပိုး အမ်ားအက်ိဳး႐ြက္ေဆာင္ႏိုင္ပါေစ…. ေက်းဇူး ဦးေဇာ္” ဆိုၿပီး ဦးေဇာ္ေဇာ္ကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ဦးေဇာ္ေဇာ္ကေတာ့ ျမန္မာ့ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဥကၠဌတစ္ေယာက္ျဖစ္သလို ျမန္မာ့ေဘာလုံးေလာကရဲ႕အေရးကိစၥမွန္သမွ်ကို လူအား၊ေငြအားစိုက္ထုတ္ၿပီး တာဝန္ယူကူညီေပးေလ့ရွိသူတစ္ေယာက္ပါ။ ေဘာလုံးေလာကအတြက္သာမက လတ္တေလာ ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္လည္း ဧရာဝတီစင္တာကို တည္ေထာင္ကာ အင္တိုက္အားတိုက္ကူညီေပးေနသူ ဦးေဇာ္ေဇာ္ကေတာ့ တကယ္ကို ျမန္မာႏိုင္ငံအေရးအတြက္ ေထာင့္စိေအာင္ စဥ္းစားကူညီေပးေနသူတစ္ေယာက္ဆိုတာ အမွန္ပါပဲ ပရိသတ္ႀကီးေရ..

Source – Phoe Chit

Credit:cele gabar

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.