ပြည်မြို့က NLD ပါတီထောက်ခံလှည့်လည်မှုမှာ လူဦးရေ ထောင်နဲ့ချီပါဝင်ခဲ့

Unicodeဖြင့်ဖတ်ရန်

 

ဒီထောက်ခံပွဲကို NLD ပါတီက ဦးဆောင်ပြီး လုပ်ဆောင်တာမဟုတ်ဘဲ ပြည်မြို့၊နဝင်းရပ်ကွက်ကနေ လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တက်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပြည်မြို့မှ NLD ပါတီကို ဝန်းရံထောက်ခံကြတဲ့ လူဦးရေ ထောင်ဂဏန်းဝန်းကျင်ခန့်ဟာ NLD အောင်နိုင်ရေး အတွက် ထောက်ခံကြောင်းကို ယာဉ်တန်းတွေနဲ့ လှည့်လည်အင်အားပြခြင်း ပြုလုပ်ခဲ့ကြပါတယ်။

ဒီထောက်ခံပွဲကို NLD ပါတီက ဦးဆောင်ပြီး လုပ်ဆောင်တာမဟုတ်ဘဲ ပြည်မြို့၊နဝင်းရပ်ကွက်ကနေ လုပ်ဆောင်တာဖြစ်တယ်လို့ စီတန်းလှည်မှုနဲ့ပတ်သက်ပြီး ပြည်မြို့တိုင်းလွှတ်တော်အမတ်(NLD) ဦးကျော်ဇေယျကပြောပါတယ်။ NLD ပါတီ ထောက်ခံပွဲမှာတော့ ပါတီဝန်းရံသူပေါင်းထောင်ဂဏန်းလောက်ပါဝင်ခဲ့ကြပြီမော်တော်ဆိုင်ကယ်၊ကား၊ သုံးဘီးဆိုင်ကယ်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“NLDပါတီဝန်းရံထောက်ခံသူတွေလုပ်ကြတာပါ။အားပေးမှုကိုတစ်ဦးတစ်ယောက်ချင်းကျေးဇူးတင်တယ်။ကိုဗစ်ကာလဖြစ်လို့ တစ်ယောက်ချင်းကဆင်ခြင်မှသာကျော်လွှားနိုင်မှာဖြစ်လို့ တစ်ဦးချင်းဟာ ကျန်းမာရေးအသိနဲ့နေထိုင်ကြဖို့ပြောချင်ပါတယ်။အဓိကအပြင်ထွက်ရင် Maskတပ်ဖို့ ၊လူစုလူဝေးရှောင်ဖို့ လက်ကိုခဏခဏဆေးဖို့တိုက်တွန်းလိုပါတယ်။”လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ပြည်မြို့က NLD ပါတီ အနေနဲ့ကတော့ လက်ရှိမှာစီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးရေးဆင်းတာတွေ ကိုရပ်နားထားပြီး ကျေးရွာတွေမှာသာ လူ ၅၀ ထက်မပိုတဲ့ မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွေကို ပြုလုပ်နေတယ်လို့် သိရပါတယ်။”ခုလို ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ခုလိုလူစုလူဝေးနဲ့ မဲဆွယ်မှုတွေမလုပ်သင့်ပါဘူး။ ကိုယ့်ရပ့်ကိုယ့်ရွာအတွက် ဒါဟာ အင်မတန်အရေးကြီးတယ်။ ဒီလူအုပ်ထဲကိုသာ ပိုးကူးစက်ခံထားရသူတစ်ယောက်ပါလိုက်မယ်ဆိုရင် အကျိုးဆက်က ဘယ်လောက်ထိ ဆိုးရွားသွားစေမလဲ။ ကျွန်မတို့ကတော့ ဒါမျိုး အားမပေးဘူး။ “လို့ ပြည်မြို့နေထိုင်သူ ဒေါ်အေးအေးနွယ်ကပြောပါတယ်။

ပါတီအောင်နိုင်ရေး ယာဉ်တန်းနဲ့လှည့်လည်ခဲ့သူတွေထဲမှာ Mask နှာခေါင်းစည်းကိုတပ်ဆင်ထားသူရှိသလို၊ Mask မတပ်ဆင်သူ ၊ Mask ကို မေးစေ့ချိတ်ထားသူတွေလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်။ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် လူစုလူဝေး လုပ်ဆောင်ခြင်းကိုတားမြစ်ထားပြီး လုပ်ငန်းခွင်အတွင်း ဝိုင်းဖွဲ့ ထမင်းစုစားတာကိုပင် ခွင့်မပြုထားကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က အသိပေးချက်ထပ်မံထုတ်ပြန်ထားပါတယ်။

Credit:Duwun

 

Zawgyiျဖင့္ဖတ္ရန္

 

ျပည္ၿမိဳ႕က NLD ပါတီေထာက္ခံလွည့္လည္မႈမွာ လူဦးေရ ေထာင္နဲ႔ခ်ီပါဝင္ခဲ့

 

ဒီေထာက္ခံပြဲကို NLD ပါတီက ဦးေဆာင္ၿပီး လုပ္ေဆာင္တာမဟုတ္ဘဲ ျပည္ၿမိဳ႕၊နဝင္းရပ္ကြက္ကေန လုပ္ေဆာင္တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကေန႔ စက္တက္ဘာလ ၃၀ ရက္ေန႔ မနက္ပိုင္းမွာ ျပည္ၿမိဳ႕မွ NLD ပါတီကို ဝန္းရံေထာက္ခံၾကတဲ့ လူဦးေရ ေထာင္ဂဏန္းဝန္းက်င္ခန႔္ဟာ NLD ေအာင္ႏိုင္ေရး အတြက္ ေထာက္ခံေၾကာင္းကို ယာဥ္တန္းေတြနဲ႔ လွည့္လည္အင္အားျပျခင္း ျပဳလုပ္ခဲ့ၾကပါတယ္။

ဒီေထာက္ခံပြဲကို NLD ပါတီက ဦးေဆာင္ၿပီး လုပ္ေဆာင္တာမဟုတ္ဘဲ ျပည္ၿမိဳ႕၊နဝင္းရပ္ကြက္ကေန လုပ္ေဆာင္တာျဖစ္တယ္လို႔ စီတန္းလွည္မႈနဲ႔ပတ္သက္ၿပီး ျပည္ၿမိဳ႕တိုင္းလႊတ္ေတာ္အမတ္(NLD) ဦးေက်ာ္ေဇယ်ကေျပာပါတယ္။ NLD ပါတီ ေထာက္ခံပြဲမွာေတာ့ ပါတီဝန္းရံသူေပါင္းေထာင္ဂဏန္းေလာက္ပါဝင္ခဲ့ၾကၿပီေမာ္ေတာ္ဆိုင္ကယ္၊ကား၊ သုံးဘီးဆိုင္ကယ္ေတြနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“NLDပါတီဝန္းရံေထာက္ခံသူေတြလုပ္ၾကတာပါ။အားေပးမႈကိုတစ္ဦးတစ္ေယာက္ခ်င္းေက်းဇူးတင္တယ္။ကိုဗစ္ကာလျဖစ္လို႔ တစ္ေယာက္ခ်င္းကဆင္ျခင္မွသာေက်ာ္လႊားႏိုင္မွာျဖစ္လို႔ တစ္ဦးခ်င္းဟာ က်န္းမာေရးအသိနဲ႔ေနထိုင္ၾကဖို႔ေျပာခ်င္ပါတယ္။အဓိကအျပင္ထြက္ရင္ Maskတပ္ဖို႔ ၊လူစုလူေဝးေရွာင္ဖို႔ လက္ကိုခဏခဏေဆးဖို႔တိုက္တြန္းလိုပါတယ္။”လို႔ ဦးေက်ာ္ေဇယ်က ဆိုပါတယ္။

ျပည္ၿမိဳ႕က NLD ပါတီ အေနနဲ႔ကေတာ့ လက္ရွိမွာစီတန္းလွည့္လည္ၿပီး မဲဆြယ္စည္း႐ုံးေရးဆင္းတာေတြ ကိုရပ္နားထားၿပီး ေက်း႐ြာေတြမွာသာ လူ ၅၀ ထက္မပိုတဲ့ မဲဆြယ္စည္း႐ုံးေရးေဟာေျပာပြဲေတြကို ျပဳလုပ္ေနတယ္လို႔္ သိရပါတယ္။”ခုလို ကပ္ေရာဂါျဖစ္ေနတဲ့ကာလမွာ ခုလိုလူစုလူေဝးနဲ႔ မဲဆြယ္မႈေတြမလုပ္သင့္ပါဘူး။ ကိုယ့္ရပ့္ကိုယ့္႐ြာအတြက္ ဒါဟာ အင္မတန္အေရးႀကီးတယ္။ ဒီလူအုပ္ထဲကိုသာ ပိုးကူးစက္ခံထားရသူတစ္ေယာက္ပါလိုက္မယ္ဆိုရင္ အက်ိဳးဆက္က ဘယ္ေလာက္ထိ ဆိုး႐ြားသြားေစမလဲ။ ကြၽန္မတို႔ကေတာ့ ဒါမ်ိဳး အားမေပးဘူး။ “လို႔ ျပည္ၿမိဳ႕ေနထိုင္သူ ေဒၚေအးေအးႏြယ္ကေျပာပါတယ္။

ပါတီေအာင္ႏိုင္ေရး ယာဥ္တန္းနဲ႔လွည့္လည္ခဲ့သူေတြထဲမွာ Mask ႏွာေခါင္းစည္းကိုတပ္ဆင္ထားသူရွိသလို၊ Mask မတပ္ဆင္သူ ၊ Mask ကို ေမးေစ့ခ်ိတ္ထားသူေတြလည္းပါဝင္တာကိုျမင္ေတြ႕ရပါတယ္။ က်န္းမာေရး နဲ႔အားကစားဝန္ႀကီးဌာနအေနနဲ႔ ကိုဗစ္ကပ္ေရာဂါကူးစက္မႈျမင့္တက္ေနတာေၾကာင့္ လူစုလူေဝး လုပ္ေဆာင္ျခင္းကိုတားျမစ္ထားၿပီး လုပ္ငန္းခြင္အတြင္း ဝိုင္းဖြဲ႕ ထမင္းစုစားတာကိုပင္ ခြင့္မျပဳထားေၾကာင္း စက္တင္ဘာလ ၂၈ ရက္ေန႔က အသိေပးခ်က္ထပ္မံထုတ္ျပန္ထားပါတယ္။

Credit:Duwun

Focus Myanmar Team

Leave a Reply

Your email address will not be published. Required fields are marked *

Post comment

This site uses Akismet to reduce spam. Learn how your comment data is processed.